Mouse ကနေ ပြုလုပ်တဲ့ Commands အတော်များများ ကို ကီးဘုတ် ကနေ ခိုင်းစေနိုင်ပါတယ်။ Mouse Click များစွာ နှိပ်ပြီးမှ ခိုင်းစေရတဲ့ Commands တွေကို ကီးဘုတ် ကနေ ခိုင်းစေမယ်ဆိုရင် လွယ်ကူလျှင်မြန်စေပါတယ်။
WinKey Shortcuts
အသုံး၀င်တဲ့ Windows Key Shortcut or WinKey Shortcut များ ကို ဖော်ပြပေးလိုက်ပါတယ်။ WinKey ဆိုတာက ကီးဘုတ် ရဲ့ Ctrl နဲ့ Alt ကီးကြားမှာ တည်ရှိတဲ့ Windows Logo နဲ့ ကီးဖြစ်ပါတယ်။ WinKey Shortcut တွေကို Microsoft Keyboard Shortcuts လို့လည်းခေါ်ကြပါတယ်။ WinKey နဲ့ တွဲနှိပ်ရတဲ့ကီးတွေကို အကြီးရိုက်စရာမလိုပါဘူး။
အသုံး၀င်တဲ့ WinKey Shortcuts တွေကို အောက်မှာဖော်ပြထားပါတယ်။
WinKey: Open and close the Start Screen or Start Menu
WinKey + C : Open Charms bar
WinKey + D : Minimize all windows to the desktop. Press again to reverse action
WinKey + E : Open Computer in Windows File Explorer
WinKey + L : Lock the computer
WinKey + F : Open the Search window to find files and folders
WinKey + M : Minimize all windows
WinKey + Shift + M : Maxmize all windows after minimizing them
WinKey + R : Open the Run dialog box
WinKey + X : Open Windows Mobility Center
WinKey + U : Open Ease Of Access Center
WinKey + Pause : Opens the Systems Properties dialog box
WinKey + F1 : Opens Windows Help & Support
WinKey + B : Sets focus on the Task bar, Allows navigation using arrow keys; opens applications on pressing Enter key.
Windows 8 အတွက် WinKey Shortcuts များစွာ ကို Microsoft Website မှာ လေ့လာနိုင်ပါတယ်။
WinKey Shortcut ကိုယ်တိုင်ပြုလုပ်နည်း
၀င်းဒိုးမှာ WinKey Shortcuts တွေကို အဆင်သင့် သုံးစွဲနိုင်ပေမယ့် ကိုယ်တိုင် လည်း ပြုလုပ်နိုင်ပါသေးတယ်။ ဒီလိုပြုလုပ်ဖို့ WinHotKey ကို အသုံးပြုနိုင်ပါတယ်။ Application, Document, Folder တွေဖွင့်ဖို့အတွက် WinKey Shortcut တွေ ပြုလုပ်နိုင်ပါတယ်။ WinKey အပြင် Ctrl, Shift, Alt စတဲ့ ကီးတွေကိုလည်းအသုံးပြုနိုင်ပါတယ်။