Featured, News, Review

Googleက ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးကွင်းများကို Google Street Viewမှ ကြည့်နိုင်အောင် ပြုလုပ်ပေး

Googleက ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးကွင်းများကို Google Street Viewမှ ကြည့်နိုင်အောင် ပြုလုပ်ပေး

Globalizationကြောင့် ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးကို ကမ္ဘာ့ဘယ်နေရာကနေမဆို သိရှိနိုင်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက သည်းသည်းလှုပ် အားပေးကြမယ့် ၂၀၁၄ ကမ္ဘာ့ဖလား ကျင်းပမယ့် ဘရာဇီးနိုင်ငံကို မသွားရောက်နိုင်တဲ့ သူများအတွက် Googleက ဘောလုံးကွင်းများကို Google Map၏ Street Viewမှ လေ့လာနိုင်အောင် ပြုလုပ်ပေးလိုက်ပါတယ်။ စုစုပေါင်းအနေနဲ့ ဘောလုံးကွင်း ၁၂ ကွင်းရဲ့ အတွင်းပိုင်းနဲ့ ဘေးပတ်လည်ရှိ အရာများကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဘရာဇီးရဲ့ သမိုင်း၀င် Maracana ဘောလုံးကွင်းကိုလည်း ကြည့်နိုင်မှာ ဖြစ်ပါတယ်။

ဘရာဇီးကို သွားရောက်ကြည့်ရှုသူများအတွက် Googleက တည်နေရာညွှန်ပြမှုနဲ့ Turn-by-Turn Navigationတွေကိုပါ ပြသပေးထားပါတယ်။ ဘောလုံးကွင်းများကို အလျှင်မြန်ဆုံး သွားရောက်နိုင်မယ့် လမ်းညွှန်မှုတွေကို Google Mapကနေ ကြည့်နိုင်ပါတယ်။ လေဆိပ်၊ ကုန်တိုက်၊ ဘောလုံးကွင်းများ အပါအ၀င် အဆောက်အဦး တစ်ရာကျော်ရဲ့ အတွင်းပိုင်း မြေပုံများကို ပြသပေးနိုင်ပါတယ်။

အရင်က Rio De Janeiroမြို့ရှိ Rua Professor Eurico Rabelo ဘောလုံးကွင်းကို Google Mapကနေ ကြည့်နိုင်ပေမယ့် အတွင်းပိုင်းတွေကိုတော့ ကြည့်လို့မရခဲ့ပါဘူး။ ဘောလုံးကွင်း ၁၂ ကွင်းမှာ ခြောက်ကွင်းမှာသာ WiFi အသုံးပြုနိုင်မယ်လို့ The Washington Postက ဖော်ပြထားပါတယ်။

Googleက ပြီးခဲ့တဲ့ တောင်အာဖရိက ကမ္ဘာ့ဖလားမှာလည်း အားကစားကွင်း ဆယ်ကွင်းနဲ့ ဘောလုံးပွဲ လက်ခံကျင်းပရာ မြို့များကို Google Street Viewမှ ကြည့်နိုင်အောင် လုပ်ပေးခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပထမဆုံးပွဲကို ဒီလ ၁၂ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အိမ်ရှင် ဘရာဇီးအသင်းနဲ့ ခရိုအေးရှား အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ Google Street Viewနည်းပညာအပြင် ကမ္ဘာ့ဖလားကို ပိုမိုကောင်းမွန်စေတဲ့ နည်းပညာများကို ဒီဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *