Featured, News, Review

တယ်လီနောဆင်းမ်ကတ်များ ၁၅၀၀ကျပ်ဖြင့် စက်တင်ဘာလတွင် စတင်ရောင်းမည်။

တယ်လီနောဆင်းမ်ကတ်များ ၁၅၀၀ကျပ်ဖြင့် စက်တင်ဘာလတွင် စတင်ရောင်းမည်

တယ်လီနောမြန်မာကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အသက်အရွယ်ကန့်သတ်ချက်မရှိဘဲ မှတ်ပုံတင်ရှိသူတိုင်း မိုဘိုင်းဆင်းမ်ကတ်များ လိုသလောက် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆင်းမ်ကတ်များ ၀ယ်ယူရန်အတွက် ကြိုတင်စာရင်းပေးသွင်းခြင်းမျိုးမရှိဘဲ ဆင်းမ်ကတ်များကို ၁,၅၀၀ကျပ်အတိဖြင့် ရောင်းချသွားမည်ဖြစ်ရာ စိတ်၀င်စားဖွယ် အရောင်းမြှင့်တင်မှု အစီအစဉ်များ ပါ၀င်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီက ထုတ်ပြန်သည်။

တယ်လီနော မိုဘိုင်းဆင်းမ်ကတ် ၀ယ်ယူပြီးသည်နှင့်တစ်ပြိုင်နက် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက်ပါ တစ်ပါတည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဇွန်လ ၂ရက်က ပြုလုပ်ခဲ့သည့် Net Monday ပွဲတွင်တယ်လီနော မြန်မာအမှုဆောင်အရာရှိချုပ် Mr.Petter Furbergက ပြောသည်။

မိုဘိုင်းဆင်းမ်ကတ်များကို 2G နှင့် 3Gနှစ်မျိုးရောင်းချပေးမည်ဖြစ်ပြီး မြို့ကြီးများတွင် 3Gမိုဘိုင်း ဆင်းမ်ကတ်များကို စတင်ရောင်းချပေးမည်ဖြစ်သည် စျေးကွက်တွင် TLE(Long-Term Evolution)ပါ၀င်သော မိုဘိုင်းဖုန်းအသုံးပြုမှု လုံလောက်သည့်အခါမှသာ တယ်လီနောက 4GLTE၀န်ဆောင်မှုကို ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် တယ်လီနောက ဆက်သွယ်ရေးစခန်းတစ်ထောင် တည်ဆောက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး တစ်လလျှင် စခန်းပေါင်း သုံးရာမှ လေးရာအထိ တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကြက်မှုကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးစခန်းပေါင်း ရှစ်ထောင်ကျော် တည်ဆောက်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သိရသည်။

တယ်လီနောမြန်မာကုမ္ပဏီက ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် Data Center များတည်ဆောက်ပြီး ဗီဒီယိုနှင့် အသံခေါ်ဆိုမှုများကို စမ်းသပ်ပြီးဖြစ်ရာ စက်တင်ဘာလတွင် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အဓိကထား၍ 3G မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *