မော်တော်ယာဉ်လုပ်ငန်းများအတွက် အမျိုးသားများသာမက အမျိုးသမီးတီထွင်ကြံဆသူများပါရှိသည်ကို ဖော်ပြ ပေးလိုက်ပါတယ်။
မော်တော်ယာဉ်လုပ်ငန်းများအတွက် အမျိုးသမီးများမှာအထောက်အကူတစ်စုံတစ်ရာမပြုနိုင်ဟု ယူဆမှုများ စွာရှိပါတယ်၊ ၎င်းလုပ်ငန်းများနှင့် ပတ်သက်၍ အစစအရာရာ တီထွင်ကြံဆသူများမှာ အမျိုးသားများသာ ဖြစ်သည်ဟု ထင်မြင်ယူဆကြပါတယ်။ အမျိုးသမီးများဟာ မော်တော်ယာဉ်လုပ်ငန်းများနှင့် ပတ်သက်ပြီး စွမ်းဆောင်နိုင်သည့် ဗဟုသုတနှင့် နည်းပညာအတွေးအခေါ် တစ်စုံတစ်ရာမရှိပါဘူး။ ကားနောက်ကြည့်မှန်ကိုသာ အသုံးပြု၍ မိတ်ကပ်လိမ်းဖို့သာ သိကြပါတယ်ဟု အချို့သော ဝေဖန်သူများက ယူဆကြပါတယ်။ အကယ်၍ ဒီသီယိုရီများကို သာယုံကြည်လက်ခံထားတယ်ဆိုရင်တော့ ယခုဖော်ပြမည့်အကြောင်းအရင်းများက သင့်အားအံ့ဩသွားပါစေလိမ့်မည်။ အမျိုးသမီးများရဲ့ တီထွင်ကြံဆမှုများက ကျွန်တော်တို့နေ့စဉ် မောင်းနှင်နေသော မော်တော်ယာဉ်များရဲ့ အရေးပါသော တိုးတက်ပြောင်းလဲမှုများအတွက် မည်မျှပါဝင်ပတ်သက်မှုရှိသည်ကို သင်တွေ့ရပါလိမ့်မည်။ မြန်မာနိုင်ငံ၏ အွန်လိုင်းမော်တော်ယာဉ်ဈေးကွက်အား ဦးဆောင်နေသည့် Motors.com.mm မှ အမျိုးသမီးများ တီထွင်ထားသည့် အရေးပါသော မော်တော်ကားအစိတ်အပိုင်းများနှင့် ဒီဇိုင်းများကို ဖော်ပြပေးလိုက်ပါတယ်။
- Windshield Wipers
၁၉၀၃ခုနှစ်တွင် ကားကြည့်မှန် windshield wiper ၏ပုံစံငယ်အား စတင်တီထွင်ခဲ့သူကတော့ Mary Anderson ဖြစ်ပါတယ်။ ပထမဦးဆုံး windshield wiper ကိုတော့ လွယ်ကူစွာရွေလျားနိုင်သည့် ရော်ဘာဘလိတ်များနှင့် ပေါင်းစပ်ထားပြီး ကားတွင်းရှိလီဗာနှင့်အတူ manual လုပ်ဆောင်ရပါတယ်၊ ကျွန်တော်တို့ယနေ့အသုံးပြု နေသည့်အရာများနှင့် တော်တော်လေးဆင်ပါတယ်။ သူမဟာ ၁၉၀၅ခုနှစ်တွင် ရောင်းချရန်ကြိုးပမ်းခဲ့ပြီး ကနေဒါ ကုမ္ပဏီတစ်ခု၏ ပယ်ချခံခဲ့ရပါတယ်။ ၎င်းကုမ္ပဏီက လုပ်ငန်းကြီးများအတွက် အသုံးဝင်မှာမဟုတ်ဘဲ ရောင်းချ ရာတွင်လည်း အာမခံပေးနိုင်မှာမဟုတ်ဟု ငြင်းဆိုကြပါတယ်။ ဒါပေမဲ့ ယနေ့အသုံးပြုနေကြသည့် windshield wipers များရဲ့လုပ်ဆောင်မှုများ က Anderson ရဲ့ ဒီဇိုင်းအားအခြေခံ၍ ထုတ်လုပ်ဖန်တီးခြင်းပဲဖြစ်ပါတယ်။
- အချက်ပြမီး နှင့်ဘရိတ်မီးများ
အချက်ပြမီး နှင့်ဘရိတ်မီးများဟာ မော်တော်ကားသမိုင်းမှာ မရှိမဖြစ်အရေးပါသည့် တီထွင်ကြံဆမှုများပဲဖြစ် ပါတယ်။ အသံတိတ်ရုပ်ရှင်များရဲ ့နာမည်ကျော်ကြယ်ပွင့်ဖြစ်သည့် Florence Lawrence က ၁၉၁၃ ခုနှစ် မှာတီထွင်ခဲ့ပါတယ်။ သူမရဲ့ အော်တိုအချက်ပြစနစ်ကတော့ မောင်းနှင်သူမှာ button အားဖိလိုက်သည်နှင့် အချက်ပြမီးအားလိုရာသို့ ညွန်ပြပေးနိုင်မှာဖြစ်ပါတယ်။ အလားတူ ဘရိတ်မီးများသည်လည်း ရပ်မည်ဆိုသည့် အမှတ်အသားအား ဖော်ပြပေးမှာဖြစ်ပါတယ်။ ကံမကောင်းစွာဖြင့် သူမ၏စိတ်ကူးအကြံဉာဏ် များအားဖော်ပြ ခြင်းမခံရဘဲ အခြားသောမော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများကလည်း သူမ၏အကြံဉာဏ် အားအသုံးပြု၍ အသိမှတ်မပြုခဲ့ကြပါဘူး။
- Sleeve-Valve မော်တော်ကားအင်ဂျင်
၁၉ရာစုမှာတစ်မူထူးခြားသည့် အမျိုးသမီးတီထွင်သူကတော့ Margaret E. Knight ဖြစ်ပြီး စက္ကူအိတ်များကို ထုတ်လုပ်နိုင်သည့် စက်အားတီထွင်ခဲ့သူဖြစ်ပါတယ်။ သူမရဲ့ယင်းတီထွင်မှုအား ခိုးယူသုံးစွဲခဲ့သည့် ကုမ္ပဏီ အားတရားစွဲဆိုခဲ့ပြီးနောက် အမှုအနိုင်ရရှိခဲ့ပါတယ်။ Knight ဟာ ကားလည်ပတ်သည့်အင်ဂျင်၊ အဓိကကျသည့် ကားအစိတ်အပိုင်းများအပါအဝင် တိုးတက်ပြောင်းလဲလာသည့် sleeve-valve မော်တော်ကားအင်ဂျင် များပေါ် ပေါက်မှုရဲ့ အဓိကစွမ်းဆောင်တီထွင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
- Kevlar Tires
အမေရိကန်တီထွင်သူ Stephanie Kwolek ကတော့ တာယာများအတွက် အသုံးပြုရာတွင်သင့်လျော်သည့် အပေါ့စား ဖိုက်ဘာကိုတွေ့ရှိသူများရဲ့ အရေးပါသည့်အဖွဲဝင်တစ်ဦးဖြစ်ပါတယ်။ Kwolek သတိထားမိသည့် အချက်ကတော့ ပိုလီမာများအား တာယာများအတွက်စမ်းသပ်ခဲ့ပြီး နောက်ပိုင်းတွင် Kevlar ဟုနာမည်ပေးခဲ့ပါတယ်။
- Volvo Concept Car
အမျိုးသမီးများ ဒီဇိုင်းထုတ်လုပ်ပေးထားသည့် Volvo ရဲ့ concept ကားဖြစ်ပါတယ်။ ၂၀ဝ၁ခုနှစ်ရဲ့ ဆောင်းရာသီ အတွင်းမှာ Volvo ရဲ့ ယခု concept ကားအား မိတ်ဆက်ပေးခဲ့ပြီး အမေရိကန်ရဲ့ နာမည်ကျော်တစ်ဦးဖြစ်သူ Marti Barletta က ဒီ concept car ကားကတော့ အမျိုးသမီး တီထွင်မှုများရဲ့ထင်ရှားမှုတစ်ခုပဲဖြစ်ပါတယ် ဟုပြောကြားသွားခဲ့ပါတယ်။
ဒါကြောင့်သင်မိုးရေထဲမှာ ကားမောင်းနှင်တယ်ဆိုရင်တော့ Mary Anderson ရဲ့တီထွင်မှုဖြစ်တဲ့ windshield wiper အားကျေးဇူးတင်လိုက်ပါ။ အကယ်၍ သင့်အိပ်မက်ကားအား ရှာဖွေနေဆဲဆိုရင်တော့ www.motors.com.mm သို့ဝင်ရောက်ကြည့်ရှူလိုက်ပါ ဒါမှမဟုတ် motors app အားဒေါင်းလုပ်ပြုလုပ်၍ သွားရင်းလာရင်း ဝင်ရောက်ရှာဖွေလိုက်ပါ။