Automobile, News, Review

သမရိုးကျမောင်းနှင်းမှုများနှင့်မတူ ကွဲထွက်နေသည့် အနာဂတ်နည်းပညာငါးမျိုး

သမရိုးကျမောင်းနှင်းမှုများနှင့်မတူ ကွဲထွက်နေသည့် အနာဂတ်နည်းပညာငါးမျိုး

ကားမောင်းလိုင်စင်မလိုသည့်အပြင် နာရီပေါင်းများစွာ ရေဓာတ်ဖြည့်တင်းပေးနိုင်သည့် မော်တော်ယာဉ်များ
သင်မောင်းနှင်စရာမလိုဘဲ ကားပေါ်တွင်အိပ်နေရုံဖြင့် အော်တိုမက်တစ်မောင်းနှင်နိုင်သည့် အနာဂတ်စူပါကား များကို လာမည့်နှစ်များအတွင်းမှာ လမ်းမများပေါ်၌ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် အလျင်မြန် ဆုံးနှင့် အအောင်မြင်ဆုံး တိုးတက်နေသည့် အွန်လိုင်းကားဈေးကွက်ဖြစ်သည့် Motors.com.mm မှ လာမည့်နှစ် များအတွင်း၌ ဈေးကွက်အားလွှမ်းမိုးလာနိုင်မည့် အနာဂတ်နည်းပညာငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ယခု နည်းပညာများကတော့ တစ်ကမ္ဘာလုံးတွင် သမရိုးကျမောင်းနှင်းမှုများနှင့်မတူ ကွဲထွက်နေသည့် ကားမောင်း နည်းပညာသစ်များပဲ ဖြစ်ပါတယ်။

အလိုလျောက်မောင်းနှင် နိုင်သည့်ကားများ

Via Motor.com.mm

Via Motor.com.mm

ပစ်မှတ်အုပ်စု – သက်သာစွာမောင်းနှင်ချင်သူများအတွက်
အဓိကရောင်းချမည့်အချက် – စွမ်းအင်ချွေတာနိုင်ပြီး ခရီးသွားနေစဉ် သက်တောင့်သက်သာရှိစေမည်
ကင်မရာများ၊ အာရုံခံကိရိယာများ၊ အချက်ပြစနစ်နှင့် လေဆာများ တပ်ဆင်ထားပြီး၊ မတူညီကွဲပြားသော ကိုယ်ပိုင်မောင်းနှင်မှု စနစ်များနှင့် မောင်းနှင်သူများအား လမ်းမများပေါ်၌ အတွေ့ကြုံသစ်များ ခံစားရရှိစေမှာဖြစ်ပါတယ်။ ဂူဂယ်မှထုတ်လုပ်ထားသည့် အလိုအလျောက်မောင်းနှင်သည့် ယဉ်များကလည်း စမ်းသပ်မောင်းနှင်သည့် အဆင့်သို့ရောက်ရှိနေပြီး ဂူဂယ်အနေဖြစ် ကိုယ်တိုင်မော်တော်ယာဉ် ထုတ်လုပ်ရောင်းချရန် ဒါမှမဟုတ် နည်းပညာအား အခြားနာမည်ကြီးကားကုမ္ပဏီတစ်ခုသို့ ရောင်းချရန်အတွက် ဆုံးဖြတ်ချက်ချရန် အခြေအနေသို့ ရောက်ရှိနေပြီးဖြစ်သည်။

ပျံသန်းနိုင်သော ကားများ

သမရိုးကျမောင်းနှင်းမှုများနှင့်မတူ ကွဲထွက်နေသည့် အနာဂတ်နည်းပညာငါးမျိုး

Via Motor.com.mm

ပစ်မှတ်အုပ်စု – ထင်ပေါ်စွာမောင်းနှင်ချင်သူများအတွက်
အဓိကရောင်းချမည့်အချက် – လမ်းပိတ်ဆို့မှုများအား ပျံသန်း၍ကျော်လွှားနိုင်ခြင်း
အိုင်ဒီယာကတော့ အသစ်ကြီးတော့မဟုတ်ပါဘူး ၁၉၁၇ကတည်းက မြင်တွေ့ပြီးသားယာဉ် ဖြစ်ပါတယ်။ အဲဒါကတော့ Curtiss အလိုအလျောက် လေယာဉ်ဖြစ်ပြီး၊ ယာဉ်ကတော့ ပျံသန်းသွားလာနိုင်ပါတယ်။ ဒီလိုယာဉ်အမျိုးအစားများကတော့ ကနေဦးအနေဖြစ် အရေးပေါ်အခြေအနေများ၊ အင်အားဖြည့်တင်းရန်၊ အလွန့်အလွန် ချမ်းသာသူများအတွက်သာ ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပျံသန်းနိုင်သည့် ကားများ နှင့်ပတ်သက်ပြီး ထုတ်လုပ်မှု အများအပြားရှိနေပေမဲ့ အချို့သောကုမ္ပဏီများကတော့ ယခုလိုယဉ်များကိုသာ အဓိကထားပြီး စမ်းသပ်လုပ်ဆောင်နေကြပါတယ် အထူးသဖြင့် Terrafugia ကတော့ ယခုလိုယာဉ်ရှာဖွေ စမ်းသပ်မှုများ၏ ဦးဆောင်သူဖြစ်ပါတယ်။

Network ချိတ်ဆက်နိုင်သည့် ကားများ

သမရိုးကျမောင်းနှင်းမှုများနှင့်မတူ ကွဲထွက်နေသည့် အနာဂတ်နည်းပညာငါးမျိုး

Via Motor.com.mm

ပစ်မှတ်အုပ်စု – လူနေထူထပ်သည့််မြို့တွင်းနေထိုင်သူများ
အဓိကရောင်းချမည့်အချက် – ကားမောင်းလိုင်စင် ဆောင်စရာမလိုတော့ပါ
လူနေထူထပ်သည့် မြို့ပြဧရိယာများအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်၊ မြို့တွင်းသွားလာစရာ နေရာများအတွက် ၎င်းနှင့်ဆက်စပ်သည့် ပြသနာများကိုပါ အကောင်းမွန်ဆုံး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒါက တော့ စနစ်တစ်ခုဖြင့် တည်ဆောက်ထားပြီး အသုံးပြုချင်သူများအနေဖြစ် စမတ်ဖုန်း app မှတစ်ဆင့် network ချိတ်ဆက်၍ မော်တော်ယာဉ်အား လိုရာနေရာဆီသို့ ခေါ်ဆောင်နိုင်ပြီး အများဆုံး လူဦးရေနှစ်ယောက်အား သယ်ဆောင်သွားလာနိုင်မှာဖြစ်ပါတယ်။ ယခုယာဉ်အား အကောင်မွန်ဆုံးလမ်းကြောင်းများနှင့် တွက်ချက် တည်ဆောက်ထားပြီး လက်တွေ့ရင်ဆိုင်ရသည့် ယာဉ်ကြောပိတ်ဆို့မှု သတင်းအချက်အလက် များပေါ်တွင် အခြေခံထားချင်ဖြစ်ပါတယ်။ အိုင်ဒီယာကတော့ ဝေးလံသောအနာဂတ်မှာမှ ပေါ်ထွက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ General Motors အနေဖြစ် ယခုစနစ်အား ၂၀၂၀ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ကြီးမားသောမြို့ကြီးများတွင် စမ်းသပ်မောင်းနှင်သွားမှာဖြစ်ပါတယ်။

ဈေးနှုန်းသက်သာပြီး အဆင့်အတန်းမြင့်မားတဲ့ လျှပ်စစ်ကားများ

သမရိုးကျမောင်းနှင်းမှုများနှင့်မတူ ကွဲထွက်နေသည့် အနာဂတ်နည်းပညာငါးမျိုး

Via Motor.com.mm

ပစ်မှတ်အုပ်စု – ကမ္ဘာမြေထိန်းသိမ်းကြသူများ
အဓိကရောင်းချမည့်အချက် – အစိမ်းရောင်ကမ္ဘာမြေအား ရှာဖွေခြင်း
လောင်စာဆီမျိုးစုံ အသုံးပြုသည့် မော်တော်ယာဉ်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် အမြောက်အမြား ထုတ်လွှတ်သည့် ပြသနာအားဖြေရှင်းနိုင်ရန်အတွက် လျှပ်စစ်ကားများအား ထုတ်လုပ်ထားပြီး ယခုအချိန်ထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုသေးပါဘူး။ ဘာကြောင့်လဲ? ရိုးရှင်းပါတယ် လျှပ်စစ်ကားများဟာ ဈေးကြီးလို့ပါ။ ဈေးမြင့်နေရတယ့် အကြီးမားဆုံး နောက်ကွယ်က အကြောင်းအရင်းကတော့ ၎င်းယာဉ်များအား ပါဝါပေးရန်အတွက် Li-ion ဘက်ထရီ အမြောက်အမြား ထုတ်လုပ်ခြင်းပါပဲ။ ဩစတေးလျရှိ Wollongong တက္ကသိုလ်မှ ပရော်ဖက်စာ များက ကြီးမားသော ရှာဖွေတွေ့ရှိမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာမြေပေါ်၌ ပေါများလှစွာရှိသော ဒြပ်စင်တစ်မျိုး ဖြစ်သည့် germanium ကနေ Li-ion ဘက်ထရီများရှိ စွမ်းအင်သိုလှောင်ရာအတွင်းသို့ ငါးဆ ပိုမိုစွမ်းအင် ဖြည့်သွင်းနိုင်သော စွမ်းအင်တစ်မျိုးကို တွေ့ရှိခဲ့သည်။ ဘာအတွက်ပိုမိုကောင်းမွန်သွားလဲဆိုရင်တော့ သိုလှောင်သောပမာဏ တိုးပွါးလာလျှင် ဘက်ထရီရဲ့တန်ဖိုးအား ပိုမိုလျော့နည်းစေနိုင်ပါတယ်။

လောင်စာဆီ အစားထိုးကားများ

သမရိုးကျမောင်းနှင်းမှုများနှင့်မတူ ကွဲထွက်နေသည့် အနာဂတ်နည်းပညာငါးမျိုး

Via Motor.com.mm

ပစ်မှတ်အုပ်စု – မောင်းနှင်ရင်းနဲ့ ရေဓာတ်ထုတ်လွှတ်မှု ရရှိနိုင်ခြင်း
အဓိကရောင်းချမည့်အချက် – ရေဓာတ်ထုတ်လွှတ်နိုင်ခြင်း
ယခုလိုယဉ်များရဲ့ အဓိကအားသာချက်များကတော့ သဘာဝပတ်ဝန်းကျင်အား ပျက်စီးစေနိုင်သည့် လောင်စာ ဆီအင်ဂျင် အသုံးပြုမော်တော်ယာဉ်များနှင့် ဈေးနှုန်းမြင့်မားသော လျှပ်စစ်ကားများအစား အစားထိုးဖြေရှင်း ပေးနိုင်မည့် ယာဉ်အမျိုးအစားဖြစ်ပါတယ်။ ယခုယာဉ်များကတော့ ရေအား အဓိကပစ္စည်းအနေဖြစ် ထုတ်လုပ် ထားပြီး ခရီးရှည်အား ကြာရှည်စွာမောင်းနှင်နိုင်သည်ဟု Samuelsen က ပြောကြားထားပါတယ်။ ဘယ်လိုဘဲဖြစ် ပါစေ၊ လက်တွေ့အသုံးပြုရန်အတွက် လုံလောက်စွာအားဖြည့်သွင်း နိုင်သည့်နေရာနည်းပါးခြင်း၊ ကြီးမားသော ဘက်ထရီများက ယာဉ်၏နေရာယူခြင်း စသည်တို့က ယခုယာဉ်၏စိန်ခေါ်မှုအသစ်တွေပါပဲ။ ၎င်းအခက်အခဲ များအား လျင်မြန်စွာ ဖြေရှင်းနိုင်ရန်အတွက်လည်း နည်းလမ်းများရှာဖွေနေပြီးဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ၊ သင့်အနေနဲ့ ပြီးပြည်စုံတဲ့မော်တော်ယာဉ် စာရင်းအားရှာဖွေနေတယ်ဆိုရင်တော့ motors.com.mm သို့ ဝင်ရောက်ကြည့်ရှူလိုက်ပါ ဒါမှမဟုတ် motors app အားရိုးရှင်းစွာ ဒေါင်းလုပ်ပြုလုပ်၍ သွားရင်းလာရင်း သင့်ကားအားရှာဖွေလိုက်ပါ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *