သမာရိုးကျ စနစ်ဖြစ်တဲ့ သတင်းစာနဲ့ အေးဂျင့်များမှ တဆင့် အိမ်၊ခြံ၊မြေ၊ တိုက်ခန်းများ ရှာတဲ့ ခေတ်ဟာ တဖြည်းဖြည်း နဲ့ ဒီဂျစ်တယ် ရှာဖွေရေး စနစ်သို့ ကူးပြောင်းလာပါပြီ။
ယနေ့ မြန်မာပြည် မြို့ပြကြီးများ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်မြို့တွေမှာ ပြည်သူများအနေနဲ့ အင်တာနက်မှမိမိ ကြိုက်နှစ်သက်ရာ အိမ်၊ခြံ၊မြေ၊ တိုက်ခန်း၊ ကွန်ဒိုများကို လွယ်ကူ သက်သာစွာရှာဖွေ နေတယ်ဆိုတာကို တွေ့ နိုင်ပါတယ်။ ယခုလို ရှာဖွေတဲ့ စနစ်ဟာ ကွန်ပြူတာသုံး အင်တာနက်မှသာမက မိုဘိုင်း အခြေခံ အင်တာနက်မှလည်း အသုံးပြုရှာဖွေနိုင်ပါပြီ။ မိုဘိုင်းမှ တဆင့်ရှာဖွေတဲ့ စနစ်ဟာ နောက်ဆုံးသုံး စနစ်နဲ့ လွယ်ကူစွာ ရှာဖွေတဲ့ စနစ်ဖြစ်တဲ့ အတွက်ကြောင့် အသုံးပြုသူများ အတွက် အကောင်းဆုံးသော user experience ကိုပေးပါတယ်။ ဒီတော့ ယနေ့မြန်မာပြည်အတွင်း အကောင်းဆုံးဖြစ်တဲ့ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ကွန်ဒို များရှာတဲ့အခါမှာ အသုံးပြုတင့်တဲ့ Android Apps နဲ့ iOS Apps ကို တင်ပြသွားလိုပါတယ်။
ငွေထိန်းချုပ်နည်းနဲ့ ရှာဖွေသည့် အကောင်းဆုံး Apps များ
အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းများ ဌားရန်သို့မဟုတ် ရောင်းတဲ့အခါမှာ ပထမဦးစွာသိထားဖို့လိုတာကတော့ မိမိရဲ့ ငွေ ဘယ်ကို ရောက်သွားနိုင်တယ်ဆိုတာကို ကြိုတင်သိထားခြင်းဖြစ်ပါတယ်။ ဒီအတွက် Android သုံးသူများအနေနဲ့ Moneywise Apps ဖြစ်တဲ့ မိမိရဲ့ အသုံးငွေကို စီမံခန့်ခွဲပေးတဲ့ Apps ကို သုံးရင် ပိုပြီး အဆင်ပြေပါတယ်။ ဒီ Apps ဟာ ဘဏ္ဍာငွေကို အကောင်းဆုံး နည်းစနစ်နဲ့ ထိန်းပေးတဲ့ Android Apps ဖြစ်ပါတယ်လို့ Lifehacker က 2012 မှာ အသိအမှတ်ပြုသွားပါတယ်။ iOS အတွက်ကတော့ Mint ဆိုတဲ့ အသုံးစရိတ်ကို ထိန်းချုပ်ပေးတဲ့ Apps ဖြစ်ပါတယ်။
အိမ်ခြံ မြေ တိုက်ခန်း များအတွက် သိသင့်သည့် ဝေါဟာရများဖော်ပြပေးသည့် အကောင်းဆုံး Apps များ
မိတ်ဆွေအနေနဲ့ အိမ်ခြံမြေအတွက် professional usage အသုံးအနှုန်းများကို အင်္ဂလိပ်ဘာသာအားဖြင့် သိဖို့လိုပါတယ်။ ဒါကြောင့် အကောင်းဆုံး အိမ်ခြံမြေသုံး Apps ဖြစ်တဲ့ Glossary of Real Estate Terms နှင့် Kaplan Real Estate Terms app များကို အသုံးပြုနိုင်ပါတယ်။ အေးဂျင့်များနှင့် အိမ်ခြံမြေအကြောင်း ကျွမ်းကျင်လေ့လာသူများ အနေနဲ့ သာမန်သူများ နားမလည်နိုင်သည့် အသုံးအနှုန်းများကို မကြာခဏ သုံးလေ့ရှိပါတယ်။ ဤ Apps များကို အသုံးပြုခြင်းအားဖြင့် သတင်းအချက်အလက်နဲ့ သိသင့်တဲ့ အိမ်ခြံမြေအရောင်းဝယ်သုံး ဝေါဟာရများကို သိမှာဖြစ်ပါတယ်။
အိမ်ခြံမြေ ရှာရန်အတွက် အကောင်းဆုံး Apps များ
မြန်မာနိုင်ငံအတွင်း လွန်ခဲ့ တဲ့ ဇူလိုင်မှာ House မှ Android Apps ကို အိမ်ခြံမြေ ရှာသည့် ပထမဦးဆုံး Apps အနေနဲ့ ဈေးကွက်မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဤ Apps ဟာအိမ်၊ ကွန်ဒိုနှင့်တိုက်ခန်းများ ရောင်း၊ ဝယ် လိုသူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးတဲ့ Apps ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ house apps မှ မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေတိုက်ခန်းပေါင်း 20000 ကျော်ကို လွယ်ကူစွာရှာနိုင်ရန် လုပ်ဆောင်ပေးနေပါတယ်။
မိတ်ဆွေရဲ့ ချေးငွေ အပေါင်ပစ္စည်းကို အကောင်းဆုံး စီမံခန့်ခွဲပေးသည့် Apps
ဈေးကွက်မှာ ချေးငွေ အပေါင် ပစ္စည်း ကို စီမံခန့်ခွဲပေးသည့် Apps တော်တော်များများရှိနေပါပြီ။ အသင့်တော်ဆုံး Apps များကတော့ Karl’s Mortgage Calculator နဲ့ Mortgage Calculator များဖြစ်ပါတယ်။ ဒီ Apps နှစ်ခုကတော့ အတိုးငွေ၊ အမြတ်နဲ့ ကြိုတင်ပေးရမယ့် စနစ်များကို သင်ပြပေးတဲ့ Apps ဖြစ်ပါတယ်။
အိမ်မပြောင်းခင် သုံးသင့်သည့် အကောင်းဆုံး Apps များ
မိတ်ဆွေအနေနဲ့ အိမ်၊ တိုက်ခန်းကို ပြုပြင်ပြောင်းလဲ သို့မဟုတ် ရွှေွှ့ပြောင်းခြင်း ပြုလုပ်လိုပါက တိုင်းထွာသည့် Apps ဖြစ်တဲ့ My Measures & Dimensions ဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဤ Apps ဟာ ဓာတ်ပုံနှင့်တကွ တိုင်းထွာသည့် စနစ်ကိုပေးသည့်အတွက် သုံးသူများအတွက် ပို၍ အဆင်ပြေနိုင်ပါတယ်။