Automobile, News

ကမ္ဘာ့ထိပ်တန်း ချမ်းသာစာရင်းဝင် ဘီလီယံနာငါးဦးရဲ့ ကြီးကျယ်ခမ်းနားသောကားများ ဝယ်ယူစုဆောင်းမှု

မြန်မာနိုင်ငံ၏ မော်တော်ယာဉ်အရောင်းအဝယ် ဈေးကွက်အား ဦးဆောင်နေသည့် Motors.com.mm ကနေပြီးတော့ ကမ္ဘာတစ်လွှား ထိပ်တန်းချမ်းသာစာရင်းဝင် ဘီလီယံနာများရဲ့ တော်ဝင်ဆန်ပြီး ကြီးကျယ်ခမ်းနားသော ကားများအား စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကြီးကျယ်ခမ်းနားသည့် ကားအစီးရေ မြောက်မြားစွာကို စုစည်းထားသည့် ကားပိုင်ရှင်တစ်ဦးကာ ၁၉နှစ် စာ မတူညီသောကားများကို တစ်နေ့တစ်စီး စီးနိုင်သည်ကို သင်ကြားဖူးပါသလား? ဒါမှမဟုတ် ကားတစ်စီးရဲ့ ဈေးနှုန်းကြီးမားမှုဟာ ဘီလီယံနာတစ်ဦးရဲ့ ငွေစာရင်းအား သိသိသာသာ လျော့သွားစေနိုင်သည်ကို သင်ယုံကြည်ပါ သလား? ကောင်းပါပြီ အကယ်၍ သင့်အနေဖြင့် ဗဟုသုတ တိုးပွါးချင်တယ် ဆိုရင်တော့ Motors.com.mm ကနေပြီး ဘီလီယံနာများ ဝယ်ယူစုဆောင်းထားသည့် ကမ္ဘာ့ကြီးကျယ်ခမ်းနားသည့် ကားစာရင်းများအား တစေ့တစောင်း ကြည့်ရှုလေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါ့အပြင် ယခုလိုစိတ်ဝင်စားဖွယ်ကောင်းသည့် ကားစုဆောင်းမှုများအား စိတ်ပါဝင်စားတယ်ဆိုရင်တော့ မြောက်မြားစွာသော ကားစာရင်းများ ပြုလုပ်ထားသည့် Motors.com.mm အား ဝင်ရောက်ကြည့်ရှူလိုက်ပါ။

1. Sultan Hassanal Bolkiah
ကမ္ဘာရှိ အကြီးမားဆုံးသော တော်ဝင်နန်းတော်နှင့် တောင့်တင်းခိုင်မာတယ့် ငွေကြေးဥစ္စာ ဘီလီယံ ၂၀ ကျော် ပိုင်ဆိုင်ထားသူပီပီ ကားအစီးရေ ခုနှစ်ထောင်ကျော် ပိုင်ဆိုင်ထားသည်မှာ မထူးဆန်းလှပါဘူး။ ၎င်းပိုင်ဆိုင်ထားသည့် ကားများကတော့ လူတိုင်းမက်လောက်စရာ နာမည်ကြီး အမှတ်တံဆိပ်တော်တော်များများ ဖြစ်ပါတယ်။ BMWs ၂၀၉စီး၊ မာစီဒီ ၅၇၄စီး၊ ဖယ်ရာရီ ၄၅၂စီး၊ ဂျာဂွါ ၁၇၉စီး၊ ဘန့်လေ ၃၈၂စီး၊ Koenigseggs ၁၃၄စီး၊ စုံလင်လှတဲ့ Lamborghinis များ၊ Aston Martins နှင့် အခြား နာမည်ကြီးကားများ ဖြစ်ပါတယ်။ ၎င်းပိုင်ဆိုင်သည့် ကားများထဲမှ ရှယ်လ်ဘီစူပါကားများကတော့ ပြီးပြည်စုံတဲ့ အမေရိကန်ထုတ် အင်ဂျင်များနဲ့ တည်ဆောက်ထားပြီး၊ အလျင်အမြန်ဆုံး မော်တော်ယဉ်အဖြစ် ထုတ်လုပ်ထားသည်ဟု ဆိုရလောက်အောင် 257 mph အထိ စွမ်းဆောင်နိုင်ပါတယ်။ တန်ဖိုးအားဖြစ်လည်း အံ့ဩစရာကောင်းလောက်အောင် ကန်ဒေါ်လာ ၆၅၀,ဝ၀ဝ ကျော်ရှိပြီး ဝယ်ယူရန်အတွက်လည်း အလွန်တရာမှ ခက်ခဲလှပါတယ်။ ဒီလိုများပြားလှတယ့် ပိုင်ဆိုင်မှုများကတော့ သူ့အတွက် ၁၉နှစ်စာ မတူညီသော ကားများကို တစ်နေ့တစ်စီး စီးနိုင်သည်မှာ အသေအချာပါပဲ။

ကမ္ဘာ့ထိပ်တန်းချမ်းသာစာရင်းဝင် ဘီလီယံနာငါးဦးရဲ့ ကြီးကျယ်ခမ်းနားသော ကားများဝယ်ယူစုဆောင်းမှု

Via Motor.com.mm

2. Sheikh Hamad Bin Hamdan Al Nahyan
အဘူဒါဘီ၏ တော်ဝင်မျိုးနွယ် မိသားစုဝင် ဘီလီယံနာတစ်ဦးဖြစ်ပါတယ်။  အရောင်အသွေးစုံလင်လှသော မာစီဒီး S-Classes များအား ဝယ်ယူစုစည်းသူ တစ်ယောက်အနေဖြစ်လည်း လူသိများပြီး ထင်ပေါ်ကျော်ကြားသူ ဖြစ်ပါတယ်။ ကောလဟာလများအရ ကားအစီးရေ နှစ်ရာမှလေးရာကြားအထိ ပိုင်ဆိုင်ထားပြီး ၎င်းဝယ်ယူမှုများထဲတွင် ကြီးမားလှသည့် ထရက်ကားများလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ၎င်း၏ ကြီးမားသည့် ယာဉ်စုဆောင်းမှုများထဲမှ စူပါဆိုဒ် ကားများအဖြစ်လည်း စိတ်ကြိုက်ပြင်ဆင်ထားပါတယ်။ တန်ဖိုး ကန်ဒေါ်လာ ၈၅၀,ဝ၀ဝ ကျော်ရှိသည့် 1963 Rolls Royce Phantom အား ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၎င်း Phantom ကတော့ ဗြိတိန်ဘုရင်မကြီး အယ်လိဇဘတ်၏ ၁၉၇၉ခုနှစ်တွင် ဒူဘိုင်းသို့ အလည်အပတ်ခရီး ရောက်ခဲ့စဉ်က တစ်ကိုယ်ရည်အသုံးပြုခဲ့သည့် ကားအမျိုးအစားဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းချမ်းသာစာရင်းဝင် ဘီလီယံနာငါးဦးရဲ့ ကြီးကျယ်ခမ်းနားသော ကားများဝယ်ယူစုဆောင်းမှု

Via Motor.com.mm

3. Jay Leno
Jay Leno ကတော့ အံ့ဩသင့်စရာ ကောင်းလောက်အောင် ဆယ်စုနှစ်ကားများအပြင် ရာစုနှစ်ကြာ ကားများပါ ဝယ်ယူစုစည်းထားသည့် သူဖြစ်ပါတယ်။ နောက်ထပ် အံ့ဩစရာတစ်ခုကတော့ ၎င်းဆယ်စုနှစ်ကြာ ကားများဟာ ယခုထက်ထိ ပြီးပြည်စုံစွာ လုပ်ဆောင်နိုင်နေခြင်းပါပဲ။ သူ့ရဲ့ ကားဝယ်ယူစုစည်းမှုကတော့ ခန့်မှန်းခြေအနေဖြင့် ယာဉ်ပေါင်းနှစ်ရာကျော် စုစည်းထားပါတယ်။ ၎င်းရဲ့ပိုင်ဆိုင်မှုများထဲမှ Mclaren F1 နှင့် P1 တို့ကတော့ ကာလ တန်ဖိုး ကန်ဒေါ်လာ ၁.၁ သန်း စီရှိပါတယ်။

ကမ္ဘာ့ထိပ်တန်းချမ်းသာစာရင်းဝင် ဘီလီယံနာငါးဦးရဲ့ ကြီးကျယ်ခမ်းနားသော ကားများဝယ်ယူစုဆောင်းမှု

Via Motor.com.mm

4. Ken Lingenfelter
Ken Lingenfelter ကတော့ အမေရိကန် မာဆယ်ကား တစ်ရာ့ငါးဆယ်ကျော်ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဝယ်ယူစုစည်းထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ ကားပိုင်ဆိုင်မှုများထဲမှ နာမည်ရ ပိုမိုအထင်ကြီးစေသည့် အရာကတော့ ကန်ဒေါ်လာ နှစ်သန်းကျော် တန်ဖိုးဆီရှိသည့် Lamborghini Reventon’s အစီးနှစ်ဆယ် ပိုင်ဆိုင်ထားခြင်း ဖြစ်ပါတယ်။ သူ့အနေနဲ့ အခြားသော အမေရိကန် နာမည်ကြီး sports ကားများကိုလည်း ကြိုက်နှစ်သက်သူဖြစ်ပြီး ဝယ်ယူထားသည့် တာဗို နှစ်လုံးတွဲပါ S7 Saleen ကတော့ တန်ဖိုး ကန်ဒေါ်လာ ၅၈၅,ဝ၀ဝ ရှိပါတယ်။

ကမ္ဘာ့ထိပ်တန်းချမ်းသာစာရင်းဝင် ဘီလီယံနာငါးဦးရဲ့ ကြီးကျယ်ခမ်းနားသော ကားများဝယ်ယူစုဆောင်းမှု

Via Motor.com.mm

5. Mukesh Dhirubhai Ambani
အိန္ဒိယတွင် အချမ်းသာဆုံး သူတစ်ဦးအဖြစ် သိကြပြီး စီးပွါးရေးနယ်ပယ်တွင်လည်း ဩဇာကြီးမားသည့် Mukesh ကတော့ ၎င်းရှာဖွေထားသည့် ငွေကြေးအင်အားကို ကားအတွက်သုံးစွဲရာတွင်လည်း ဝန်မလေးသူတစ်ဦး ဖြစ်ပါတယ်။ ကားအစီးရေ ၁၆၈ စီးကျော် ပိုင်ဆိုင်ထားပြီး အထူးသဖြင့် ဥရောပကားများအား နှစ်ခြိုက်ခုံမင်သည့် ပရိသတ် တစ်ဦးဖြစ်ပါတယ်။ ၎င်းပိုင်ဆိုင်မှုများထဲမှ ထင်ရှားသည့် အမှတ်တံဆိပ် တစ်ခုကတော့ ကန်ဒေါ်လာ ၂၀ဝ,ဝ၀ဝ ကျော်တန်ဖိုးရှိသည့် Bentley Flying Spur ပဲဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းချမ်းသာစာရင်းဝင် ဘီလီယံနာငါးဦးရဲ့ ကြီးကျယ်ခမ်းနားသော ကားများဝယ်ယူစုဆောင်းမှု

Via Motor.com.mm

သင့်အနေနဲ့ အထက်မှာဖော်ပြထားသည့် သူဌေးကြီးများကဲသို့ ပြိုင်စံရှားကားတစ်စင်းအား ရှာဖွေဝယ်ယူ စုဆောင်းချင်တယ်ဆိုရင်တော့ Motors.com.mm က အဆင်ပြေဆုံးဖြစ်ပါလိမ့်မည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *