News, Review

တရုတ်တွင် စမတ်ဖုန်း အသုံးပြုသူများအတွက် လျှောက်လမ်းများ ပြုလုပ်ပေး

တရုတ်တွင် စမတ်ဖုန်း အသုံးပြုသူများအတွက် လျှောက်လမ်းများ ပြုလုပ်ပေး

မကြာခဏဆိုသလိုပဲ အာရှရဲ့ တီထွင်ဆန်းသစ်မှုတွေဟာ နည်းပညာနယ်ပယ်မှာ ရှေ့တန်းရောက်ရှိလာတတ်ပါတယ်။ အခုလည်း မိုဘိုင်းဖုန်ုး အသုံးပြုသူများအတွက် လျှောက်လမ်းတွေကို တီထွင်လိုက်ပြန်ပါပြီ။

ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ Chongqingမြို့မှာ ပေါ်ပေါက်လာတာပါ။ ဒါဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် လျှောက်လမ်းဖြစ်တယ်လို့ People’s Daily Newspaperက ပြောပါတယ်။

မိုဘိုင်းဖုန်း အသုံးပြုသူများနောက်မှ လမ်းလျှောက်ရတာကို စိတ်ပျက်နေသူများအတွက်တော့ ဒီနည်းလမ်းက အသုံး၀င်မှာပါ။ လမ်းလျှောက်ရင်း၊ ကားမောင်းရင်းနဲ့ မိုဘိုင်းဖုန်ုး အသုံးမပြုရင်တော့ အကောင်းဆုံးပါ။ ကားမောင်းရင်း၊ လမ်းလျှောက်ရင်း မိုဘိုင်းဖုန်း အသုံးပြုတဲ့အတွက် ကားတိုက်တာ၊ အမြင့်မှ ပြုတ်ကျတာစတဲ့ သတင်းတွေကိုလည်း အင်တာနက် စာမျက်နှာများမှာ အမြဲတစေ ဖတ်ရှုနေရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *