News

ပြည်တွင်းကားဈေးကွက်အတွင်း မိသားစုအသုံးပြုရန်ကိုက်ညီသည့် ကားများ ပိုမိုလူကြိုက်များ

ပြည်တွင်းကားဈေးကွက်အတွင်း မိသားစုအသုံးပြုရန်ကိုက်ညီသည့် ကားများ ပိုမိုလူကြိုက်များ

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင်သာမက ကမ္ဘာနိုင်ငံအနှံအပြားရှိ ကားဈေးကွက်များတွင်လည်း မိသားစုသုံးကားများကို ဝယ်ယူရန်ရှာဖွေမှုများ သိသာစွာတိုးတက်လျက်ရှိသည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးရှိ ကားဝယ်သူများသည် မိသားစုသုံးရန် ကိုက်ညီမှုရှိသည့် ကားအမျိုးအစားများကို ပိုမိုနှစ်သက်သဖြင့် ရှာဖွေလျက်ရှိကြကြောင်း မြန်မာ့နံပါတ်တစ် အွန်လိုင်းကားရောင်းဝယ်ဈေးကွက် Motors.com.mm ရှိ အချက်အလက်များအရ လေ့လာတွေ့ရှိရသည်။ ကားဝယ်ရန်ရှာဖွေရာတွင် သမားရိုးကျ စိတ်ကြိုက်စံနှုန်းများဖြစ်သော မောင်းနှင်ပြီးမိုင်နှုန်း (Mileage)၊ အရောင်၊ ကား၊ အမှတ်တံဆိပ် တို့ဖြင့် ရှာဖွေမှုများထက် အသုံးပြုမည့်ပုံစံအပေါ် မူတည်ပြီးရှာဖွေမှုမှာ ပိုမိုများပြားလာပြီး ကားဝယ်ယူရာတွင် အဓိကကျသည့် အချက်တစ်ခုဖြစ်လာနေသည်။ Motors.com.mm တွင် အဆိုပါအသုံးပြုမည့်ပုံစံအလိုက် ဝယ်ယူလိုသည့် ကားကို ရှာဖွေနိုင်မည့် Lifestyle ကဏ္ဍသီးခြားပါဝင်ပြီး ၄င်းကဏ္ဍကို အသုံးပြုသူလျက် ကားရှာဖွေသူဦးရေ သိသာစွာ တိုးတက် လျက်ရှိသည်။

အွန်လိုင်းတွင် လွယ်ကူလျှင်မြန်စွာ ကားအရောင်းအဝယ်ပြုလုပ်နိုင်သည့် Motors.com.mm ၏ ပြီးခဲ့သည့်လ အတွင်း ကားဝယ်ယူရန် ရှာဖွေမှုပေါင်း ခုနှစ်သန်းကျော်ကို အခြေတည်ပြီးပြုလုပ်ခဲ့သည့် လေ့လာဆန်းစစ်မှုအရ ၃၃ ရာခိုင်နှုန်းသော ကားဝယ်ယူသူများမှာ မိသားစုသုံးကားအမျိုးအစားများကို ရှာဖွေလျက်ရှိသည်။ ၁၉.၆ ရာခိုင်နှုန်းမှာမူ လမ်းကြမ်းသွားလာနိုင်သည့် offroad/SUVs ကားများကိုရှာဖွေကြပြီး ၁၁ ရာခိုင်နှုန်းမှာ ဇိမ်ခံကားအမျိုးအစားများ၊ ၉.၆ ရာခိုင်နှုန်းမှာမူ ပထမဆုံးဝယ်ယူစီးနှင်းရာတွင် သင့်တော်မည့် ကားအမျိုးအစားများကို ရှာဖွေလျက်ရှိကြ သည်ကို လေ့လာတွေ့ရှိရသည်။ မိသားစုသုံးကားများကို ရှာဖွေမှုများပြားသော်လည်း ထူးခြားချက်တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာ့လုံးအတိုင်းအတာဖြင့် ကလေးမွေးဖွားနှုန်းကျဆင်းလျက်ရှိပြီး မိသားစုဝင်အရေအတွက်မှာလည်း သိသာစွာကျဆင်းလျက်ရှိသည်။ ၂၀ဝ၀ ခုနှစ်က မြန်မာနိုင်ငံတွင် ပျှမ်းမျှကလေးမွေးဖွားနှုန်းမှာ အမျိုးသမီးတစ်ဦးလျှင် ၂.၄၃ ဦးရှိခဲ့ရာမှ တစ်ဆယ့်နှစ်နှစ်ကျော်အကြာ ၂၀၁၂ ခုနှစ်တွင် ၁.၉၆ ဦးအထိ လျော့ကျသွားသည်။ “ လူတွေဟာ ချမ်းသာကြွယ်ဝလာတာနဲ့ အမျှ မိသားစုတွေဟာ ပိုမိုသေးငယ်သွားတယ်။ အပြန်အလှန်ဆိုသလိုပဲ မိသားစုတွေ ပိုမိုသေးငယ်သွားတာနဲ့အမျှ လူတွေဟာလည်း ချမ်းသာလာကြတယ် ” ဟု စီးပွားရေးပညာရှင်တွေက ရှင်းပြသည်။ ထို့ကြောင့် လူတွေချမ်းသာလာသကဲ့သို့ အချက်အလက်များကပြသည့် အတိုင်း မိသားစုအတွက် အသုံးတည့်မည့် ကားများကို ရှာဖွေဝယ်ယူလျက်ရှိကြသည်။

အာဖရိကတိုက်ရှိ နိုင်ငံတိုင်းတွင် ပျှမ်းမျှကလေးမွေးဖွားနှုန်း မြင့်မားလျက်ရှိပြီး ယေဘုယျအားဖြင့် တစ်နှစ်လျှင် အမျိုးသမီးတစ်ဦးမှာ ကလေး ၄.၅၇ ဦးမွေးဖွားလျက်ရှိသည်။ ထို့ကြောင့် အာဖရိကတိုက်ရှိ ကားဝယ်ယူသူ ၃၉ ရာခိုင်နှုန်းမှာ မိသားစုသုံးကားများကို ရှာဖွေလျက်ရှိကြသည်။ သို့ဖြစ်၍ လူဦးရေ ခြောက်ယောက်အထိ သယ်ဆောင်နိုင်သည့် Toyota Hilux ကဲ့သို့ SUV ကားများမှာ အာဖရိကတိုက်တွင် ရောင်းအားအကောင်းဆုံး ဖြစ်လျက်ရှိသည်။ပျှမ်းမျှအားဖြင့် အာရှဒေသရှိ မိသားစုတစ်ခုတွင် ကလေး ၂.၃၈ ယောက်ရှိပြီး ကားဝယ်သူ ၃၃ ရာခိုင်နှုန်းသည် မိသားစု သုံးကားများကို ရှာဖွေကြသည်။ အာရှဒေသတွင် ရောင်းအားအကောင်းဆုံးကားမှာ မိသားစုသုံးအတွက် သင့်တော်သလို ဆီစားသုံးမှုနည်းပါးသည့် Toyota Corolla ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသရှိ Carmudi ၏ ဈေးကွက်များတွင်မူ မိသားစုတစ်ခုတွင် ပျှမ်းမျှအားဖြင့် ကလေး ၂.၂၅ ယောက်ရှိပြီး ၃၀.၇၉ ရာခိုင်နှုန်းသော ကားဝယ်သူများမှာ မိသားစုသုံးကားများကို ဝယ်ယူရန် ရှာဖွေကြသည်။ မိသားစုဝင်လေးဦး သက်တောင့်သက်သာစီးနင်းနိုင်ပြီး အတွင်းခန်းကျယ်ဝန်းသည့် Toyota Land Cruiser ကားအမျိုးအစားမှာ အရှေ့အလယ်ပိုင်းဒေသတွင် ရောင်းအားအကောင်းဆုံးဖြစ်သည်။

Carmudi အကြောင်း

Carmudi ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကာတာ၊ ဆော်ဒီ အာရေဗျ၊ ယူအေအီး၊ မက္ကဆီကို၊ ဘင်္ဂလားဒစ်ရှ်၊ ကင်မရွန်း၊ ကွန်ဂို၊ ဂါနာ၊ အိုင်ဗရီကိုစ့်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆီနီဂေါ်၊ သီရိလင်္ကာ၊ တန်ဇေးနီးယား၊ ရဝမ်ဒါ၊ ဇမ်ဘီယာ နိုင်ငံများတွင် လုပ်ငန်းလည်ပတ်လျှက်ရှိသည်။ ကားဝယ်လိုသူများ၊ ကားရောင်းချသူများနှင့် ကားအရောင်းအဝယ် ပြုလုပ်သူများအနေဖြင့် ကားများ၊ ဆိုင်ကယ်များနှင့် စီးပွားရေးလုပ်ငန်းသုံး ယာဉ်များကိုအွန်လိုင်းတွင် လွယ်ကူစွာရှာဖွေနိုင်ရန် ဝန်ဆောင်မှုပေးထား သည့် အွန်လိုင်းမော်တော်ယာဉ် ဈေးကွက်တစ်ခု ဖြစ်သည်။

Motors.com.mm အကြောင်း

Motors.com.mm သည် ပြည်တွင်းရှိ မော်တော်ယာဉ်အရောင်းပြခန်းပေါင်း (၂၂၀)၊ ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ရောင်းဝယ်ရေး စခန်းလေးခုရှိ မော်တော်ယာဉ်အကျိုးဆောင်များ၊ တစ်သီးပုဂ္ဂလမော်တော်ယာဉ် ရောင်းဝယ်သူများ စသည့် ပြည်တွင်းမော်တော်ယာဉ်ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သူများ၏ (၉၅) ရာခိုင် နှုန်းကျော်နှင့် ချိတ်ဆက်ထားပြီး လုပ်ငန်းလည်ပတ်လျက်ရှိသော ဆောင်ရွက်လျက်ရှိသော အွန်လိုင်းအခြေပြု မော်တော်ယာဉ်ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဒ်တစ်ခု ဖြစ်ပါသည်။ Motors.com.mm သည် ဂျာမနီအခြေစိုက် အွန်လိုင်းအခြေပြုစီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်သည့် Rocket Internet ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် ကမ္ဘာလုံး ဆိုင်ရာ အွန်လိုင်းအခြေပြု ကားအရောင်းအဝယ်လုပ်ငန်း Carmudi.com ၏ မြန်မာနိုင်ငံကိုယ်စားပြု ဝက်ဘ်ဆိုက်ဒ် တစ်ခုဖြစ်သည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *