Automobile, News, Review

စီးပွါးရေးစွန့်ဦးတီထွင်သူတိုင်း ဆောင်ထားသင့်သည့် app ငါးမျိုး

စီးပွါးရေးစွန့်ဦးတီထွင်သူတိုင်း ဆောင်ထားသင့်သည့် app ငါးမျိုး

သင့်ရဲ့စမတ်ဖုန်းက သင့်ရဲ့တစ်နေတာလုပ်ငန်းစဉ်၊ သင့်ရဲ့မိနစ်အချိန်ဇယား၊ သင်အလုပ်နှင့်ပတ်သက်ပြီး သွားရသည့်ခရီးစဉ်နှင့် သင့်ရဲ့မအားလပ်သည့် နေ့ရက်များကိုပါ အကောင်းမွန်ဆုံး စီမံခန့်ခွဲနိုင်တယ်ဆိုရင်တော့ ဘာလို့ သင့်အတွက် တစ်ကိုယ်ရည်အတွင်းရေးမှူး (secretary) လိုအပ်နေတော့မှာလဲ? စီးပွါးရေးစွန့်ဦးတီထွင် သူတိုင်းအတွက် မှန်ကန်ပြီးအသုံးတည့်သည့် app များနှင့် ပေါင်းစပ်ထားသော စမတ်ဖုန်းတစ်လုံးအား ပိုင်ဆိုင် ထားသင့်ပါတယ် ဒါကဘာနှင့်တူလဲဆိုရင်တော့ သင့်အတွက်အကျိုးအမြတ်ရှိသည့် ရင်းနှီးမြုပ်နှံမှုတစ်ခုနှင့် တူပါတယ်။ Carmudi ရဲ့ Global Managing Director and Co-founder ဖြစ်သည့် Stefan Haubold ကတော့ အချိန်ဇယားအား စီမံခန့်ခွဲတဲ့နေရာမှာ တိကျသေချာတဲ့ စွန့်ဦးတီထွင်သူတစ်ယောက်အနေဖြစ်လည်း သိကြပါတယ်၊ Carmudi လုပ်ငန်းလည်ပတ်နေသည့် နိုင်ငံပေါင်း ၁၈နိုင်ငံကျော်အား စီမံအုပ်ချုပ်နေသည့် Stefan Haubold ကတော့ အရေးကြီးသည့် တွေ့ဆုံမှုများကိုပါ တစ်ကြိမ်မျှလွဲခဲ့ခြင်း မရှိသည့်အပြင် သူ့မိသားစုအတွက် အချိန်ပေးမှုများကိုပါ မပျက်ကွက်ခဲ့ပါဘူး။ ယခုလိုအောင်မြင်မှုများ ရယူနိုင်အောင် တစ်ဖက်တစ်လမ်း ကနေ ထောက်ပံ့ပေးနေသည့် app များအား Motors.com.mm မှဖော်ပြပေးလိုက်ပါတယ်။

၁. Evernote
လွယ်လွယ်ကူကူအသုံးပြုလို့ရတယ့် app ဖြစ်ပြီး သင်ပြုလုပ်မည့်ကိစ္စတိုင်းအတွက် မည်သည့်device အား အသုံးပြု၍ဖြစ်စေ လွယ်ကူအမှတ်ရနိုင်အောင် ကူညီထောက်ပံ့ပေးပါလိမ့်မည်။ ဒီ app က မည်သည့်အရာများကို စွမ်းဆောင်ပေးနိုင်လဲဆိုရင်တော့ သင်မှတ်စုများ မှတ်ထားနိုင်ရန်အတွက်လည်းကောင်း၊ ဓာတ်ပုံများ ဖမ်းယူ ရိုက်ကူးနိုင်ရန်၊ သင်တစ်နေ့တာလုပ်ဆောင်မည့် အစီစဉ်များအား ဖန်တီးနိုင်ရန်၊ လုပ်ငန်းသုံးကတ်များအား scan ဖတ်နိုင်ရန်၊ အသံဖြစ် နှိုးဆော်သတိပေးမှုများ ဒါ့အပြင် အမျိုးမျိုးသော အသုံးဝင်မှုများအား ရှာဖွေနိုင်ရန် အတွက်တို့ဖြစ်ပါတယ်။ စွန့်ဦးတီထွင်သူတစ်ယောက်အနေနဲ့ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ စသည်တို့ကို တက်ရောက်ရမှာအသေချာပါပဲ အဲဒီလိုအစီအစဉ်များအတွက် သက်တောင့်သက်သာနှင့် အလွယ်တကူ စီမံခန့်ခွဲချင်တယ်ဆိုရင်တော့ ယခု app က သင့်ရဲ့စွမ်းဆောင်မှုများအား တိုးတက်လာစေမှာဖြစ်ပါတယ်။
၂. TripIt
စွန့်ဦးတီထွင်သူများ ခရီးသွားရာတွင် ဆိုလိုတာကတော့ အလုပ်အတွက်ခရီးထွက်ခြင်း၊ အချိန်ဇယားများ၊ နောက်ဆုံးမိနစ်အချိန်ထိ ကြန့်ကြာမှုများ၊ အတည်ပြုချက်များ စသည်တို့ဖြစ်ပါတယ်။ TripIt ကတော့ အထက်ပါအချက်များကို တစ်နေရာထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ သင်သွားလိုသည့် ခရီးစဉ်အား အတည်ပြုသည့် အီးမေးလ်များကို [email protected] သို့ရိုးရှင်းစွာ forward ပြုလုပ်၍ ခရီးစဉ်တိုင်းရဲ့ နေ့စဉ်ခရီးသွားလမ်းညွန်း အသေးစိတ်ကိုပါ သင်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီ app ကတော့ ပိုပြီးအသုံးဝင် စေရန်အတွက် ပိုပြီးသေချာစွာ အထောက်အပံ့ပေးနိုင်အောင် သင်မည်သည့်နေရာကို သွားနေတာထက် သင်သွားလိုသည့်နေရာသို့ ဘယ်လိုသွားလာနိုင်သည်ကို ညွန်းပြပေးနိုင်မှာဖြစ်ပါတယ်။
၃. UberConference
ကျဉ်းမြောင်းတယ့် ငွေအတိုင်းအတာနှင့် စွန့်ဦးတီထွင်သူတိုင်းအတွက်ဆိုရင်တော့ နေ့စဉ်နိုင်ငံရပ်ခြား ဖုန်းခေါ် ဆိုမှုများက အတော်အသင့် ကုန်ကျမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ UberConference ကတော့ သင့်ဖုန်းထဲမှာရှိ သင့်တယ့် app ဖြစ်ပါတယ်။ ဒီ app ကတော့ conference call များအတွက် အဆင်ပြေအချောမွတ်ဆုံး ဖြစ်စေ ပြီး ကူညီဖြေရှင်းပေးမယ့် အရာပဲဖြစ်ပါတယ်။ အခမဲ့ အသင်းဝင်သူတိုင်း ကနဦးအသုံးပြုမှုအတွက် အများဆုံး ငါးရောက်ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပြီး အကယ်၍ social media account များနှင့် ချိတ်ဆက်အသုံးပြုပါက ၁၇ ရောက်အထိတိုး၍ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်၊ တကယ်အသုံးဝင်မှာအမှန်ပါပဲ။
၄. Scanner Pro
သင်အစည်းအဝေးခန်းမများတွင် စဉ်းစားဖြစ်သည့် အကြံဉာဏ်များအား စာရွက်များပေါ်တွင်ချရေးခြင်း၊ ဒါမှ မဟုတ် လုပ်ငန်းစဉ်တော်တော်များများကို ဝှိုက်ဘုတ်ပေါ်တွင် ရိုးရှင်းစွာချရေးပါသလား? ဒီအရာတွေက သင့်ရဲ့ဦးနှောက်ထဲမှ/ သင့်ရဲ့ပိုက်ဆံအိတ်ထဲမှ အလွယ်တကူနဲ့ ပျောက်ဆုံးသွားနိုင်ပါတယ် ဒါကြောင် ့သင့်အနေနဲ့ အိတ်ဆောင် scanner တစ်ခုအား သိမ်းဆည်းနိုင်ရန် တမ်းတနေပါလိမ့်မည်။ Scanner Pro ကတော့သင့်ရဲ့ iPhone နှင့် iPad များကိုအိတ်ဆောင် စကန်နာအဖြစ် ပြောင်းလဲပေးမှာဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်ခါ ဦးနှောက်စားနေတယ်ဆိုရင်တော့၊ ဘယ် app အားအသုံးပြုသင့်သည်ကို သင်သိသွားပြီးဖြစ်ပါလိမ့်မည်။
၅. Dropbox
ဒီ app ကတော့ တော်တော်များများသိကြတယ့် app ဖြစ်ပြီး ဓာတ်ပုံများ၊ စာရွက်စာတမ်းများနှင့် ဗီဒီယိုများကိုပါ နေရာမရွေး လွယ်ကူစွာ မျှဝေနိုင်မှာဖြစ်ပါတယ်။ လူတိုင်းရှိကွန်ပျူ့တာတိုင်းမှာ Dropbox က ရှိကောင်းရှိနိုင် ပါလိမ့်မယ် ဒါပေမဲ့ အသုံးပြုသူတွေပိုမို အဆင်ပြေစေနိုင်ရန်အတွက် Dropbox ရဲ့ မိုဘိုင်း app က စွန့်ဦးတီထွင် သူများအတွက် ပိုမိုရွေးချယ်သင့်ပါတယ်။ သင့်ရဲ့အရေးကြီးလှတယ့် ဖိုင်များကို နေရာမရွေး ဝင်ရောက်ကြည့်ရှုနိုင် သည်ကိုက ကောင်းမွန်လှပါပြီး သင့်ရဲ့စာရွက်စာတမ်းများကို သင့်ရဲ့ စမတ်ဖုန်း၊ laptop နှင့် tablet များမှတစ် ဆင့်ကြည့်ရှုနိုင်ပါတယ်။ ဒါကတော့ သင့်ရဲ့အချိန်နှင့်ငွေများကို သက်သာစေမှာဖြစ်ပါတယ်။
ကုမ္ပဏီ app
ဒီapp ရဲ့ဆိုလိုရင်းကတော့ သင့်ကိုယ်ပိုင်လုပ်ငန်းရဲ့ ကုမ္ပဏီ app ကို သင့်စမတ်ဖုန်းတွင် install ပြုလုပ်ထား သင့်ပါတယ်။ Carmudi app ကတော့ သွားရင်းလာရင်း ကား၊ ဆိုက်ကယ် နှင့် လုပ်ငန်းသုံးယာဉ်များအား ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒီ app ကတော့ ကားဝါသနာရှင်များအတွက် shopping ထွက်သည့်အတွေ့အကြုံ သစ်အား ပြောင်းလဲပေးခဲ့သာဖြစ်ပါတယ်။ ဒါဆိုရင်အချိန်မရွေး ကားဝယ်ယူရန်စိတ်ဝင်စားသည့် သူငယ်ချင်း မိတ်ဆွေများနှင့် တွေ့ဆုံလျှင်လည်း ဖုန်းမှတစ်ဆင့် ကားအသေးစိတ်အချက်လက်များအား မျှဝေနိုင်မှာဖြစ်ပါတယ်။ ဒီapp ကတော့ အရမ်းမြန်ပြီး သုံးရတာလည်း လွယ်ကူစေမှာ အသေအချာပါပဲ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *