Automobile

မြန်မာပြည်ရောက် ချက်ဗလတ် ကားများ

မြန်မာပြည်ရောက် ချက်ဗလတ် ကားများ

ချက်ဗလတ်ကားလို့ဆိုလိုက်ရင် ကမ္ဘာကျော် Transformer ရုပ်ရှင်ဇတ်ကားတွေထဲမှာပါဝင်တဲ့ နာမည် ကျော်ကားအမျိုးအစားဆိုတာ နိုင်ငံတကာသာမက မြန်မာနိုင်ငံရှိ ရုပ်ရှင်ကြည့် ပရိသတ်များပါ သိကြမှာပါ၊ ယခုဆိုရင်လည်း ဂျနရယ်မော်တာ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီလက်အောက်ကဖြစ်သည့် ချက်ဗလတ်အနေဖြစ် မကြာသေးမီကပင် တစ်ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ချဲ့ထွင်မှုအနေဖြင့် အင်္ဂလန်နိုင်ငံ၊ ပရီးမီယာလိဂ်ရှိ အအောင်မြင်ဆုံး ကလပ်အသင်းတစ်ခုဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းသို့ အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော်တန်ဖိုးရှိ အကျီ င်္စပွန်ဆာစာချုက်သစ်တစ်ရပ်အား ချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်သည်။ ချက်ဗလတ်ဟာ မြန်မာပြည်ကို ၂၀၁၃ ခုနှစ်နှစ်ကုန်ပိုင်းလောက်မှပဲ ရောက်ရှိလာတာဖြစ်ပါတယ်။ ရောက်ရှိပြီးတော့ ကား အရောင်းစင်တာ ဖွင့်လှစ်ပွဲကိုတော့ ၂၀၁၄ ဖေဖော်ဝါရီလ ဝန်းကျင်လောက်မှပဲ ကျင်းပဖြစ်ခဲ့တာဖြစ်ပါတယ်။

ကား အရောင်းစင်တာက ကမာရွတ်မြို့နယ်၊ လှည်းတန်းမီးပွိုင့်လမ်းဆုံမှာပဲ တည်ရှိတာဖြစ်ပါတယ်။ အရင်ကပြည်မြန်မာကုန်တိုက်နေရာမှာ ကားအရောင်းစင်တာအဖြစ် ပြောင်းလဲဖြစ်တည်လာခြင်းဖြစ်ပြီး လူအစည်အကားဆုံး နေရာမှာ တည်ရှိနေခြင်းဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ အက်စ်ယူဗီကား၊ ပစ်ကပ်နဲ့ မာဆယ်ကား၂ မျိုးပဲရှိပါတယ်။ ပစ်ကပ်မှာ ဝင်ရောက်လာတာကတော့ ချက်ဗလတ် ကော်လိုရာဒိုဖြစ်ပြီး မာဆယ်ကား (အကြမ်းစီး ပြိုင်ကား) မှာတော့ ချဗလတ် ကမ်မရိုး ဖြစ်ပါတယ်။ အမေရိကန်ထုတ်ကားတွေဟာ မြန်မာ့ကား လောကမှာဖို့ဒ်နဲ့ ဟမ်းမားကိုပဲ လူတွေတော်တော်များသိပါတယ်။ ချဗလတ်ဝင်လာတော့ အမေရိကန်နိုင်ငံ ထုတ်ကားကို ကြိုက်တဲ့သူများအတွက် ရွေးချယ်စရာအပိုတစ်ခု ဖြစ်လာပါပြီ။ ဒါကြောင့် Motors.com.mm ရှိ ကားအရောင်းအဝယ်စာရင်းတွင် ဖော်ပြထားသည့် မြန်မာပြည်ရောက် ချက်ဗလတ် ကားများအားဖော်ပြပေး လိုက်ပါတယ်။

ချက်ဗလတ်ကော်လိုရာဒို – Chevrolet Colorado ဟာ အငယ်ဆုံးအင်ဂျင်အရွယ်က ၂.၅ လီတာရှိပြီး အကြီးဆုံး က ၅.၃ လီတာရှိပါတယ်။ ဆီ အတော်လေးစားတဲ့ ကားဖြစ်ပြီး ဂီယာ ၅ ချက်ထိုး ရိုးရိုးနဲ့ ဂီယာ ၄ ချက်ထိုး အော်တို ဆိုပြီးတော့၂ မျိုးခွဲခြားထုတ်လုပ်ထားပါတယ်။ ဒီနောက်ပိုင်း ထုတ်တွေကတော့ အင်ဂျင်သေးတဲ့ဘက်ကိုသာ ဦးတည်ပြီးတော့ ၂.၈ လီတာက အင်ဂျင်အကြီးဆုံးထိ ဖြစ်လာပါတယ်။ အကြောင်းကတော့ တစ်ကမ္ဘာလုံးဟာ ဆီစားသက်သာတဲ့ မော်တော်ယာဉ်လောကသို့ ဦးတည်နေလို့ဖြစ်ပါတယ်။ လုပ်ဆောင်ချက်ကတော့ ကျမသွားပါဘူး။ လေးဘီးမောင်း အကြမ်းသုံးကားဖြစ်ပြီး နောက်ဘက်မှာ ကုန်ပစ္စည်းတင်ဖို့အပြင် သံအမိုးတပ်လိုက်ရင် အက်စ်ယူဗီ တစ်စီးနီးနီး ပုံစံထွက်ရှိမှာဖြစ်ပါတယ်။

ချဗလတ် ကမ်မရိုး – ကမ္ဘာကျော် Transformer ရုပ်ရှင်ဇာတ်ကားတွေထဲမှာ အမြဲပါဝင်တဲ့ ပင်မဇာတ်ကောင်း ကားဝါ (bumblebee)ကို လူတိုင်းသိပါတယ်။ အဲ့ဒါကို Chevrolet Camaro လို့လည်း အားလုံးသိထားတာကြောင့် မြန်မာပြည်ကို ကမ်မရိုး ရောက်လာတဲ့အချိန် စိမ်းမနေတော့ပါ့ဘူး။ အင်ဂျင် အရွယ်အားဖြင့် ၅၀ဝ၀ စီစီ အထက်ရှိပြီး အမြန်ပြေးပြိုင်ကားတစ်မျိုးပဲ ဖြစ်ပါတယ်။ သူက ပြိုင်ကားအမျိုးအစား မဟုတ်ပါဘူး။ Muscle Car ဖြစ်ပါတယ်၊ ကြွက်သားကားလို့ ဘာသာပြန်လို့မရပါဘူး။ သူကတော့ အကြမ်းခံပြီး မြို့တွင်း ခရီးဝေး၊ ခရီးနီး သွားနိုင်တဲ့ ကားဖြစ်ပါတယ်။ Motors.com.mm မှာဆိုရင်လည်း ချက်ဗလတ်ကမ်မရိုး ကားများအား အသေးစိတ်အချက်လက်များဖြစ် ပြသထားပါတယ်။

ချက်ဗလတ် MW – Chevrolet MW ကတော့ ဂျပန်နိုင်ငံရှိ နာမည်ကြီး ကားကုမ္ပဏီတစ်ခုဖြစ်သည့် စူဇူကီ၏ Suzuki Wagon R နှင့်အပြိုင် ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ အငယ်ဆုံး အင်ဂျင်အရွယ်က ၁.ဝ လီတာရှိပြီး အကြီးဆုံးက ၁.၃ လီတာရှိပါတယ်၊ မြင်းကောင်ရေ ပါဝါအဖြစ်လည်း 65hp မှ 86hp အထိစွမ်းဆောင်နိုင်ပါတယ်။

အခြားသော ချက်ဗလတ်ကားများ – ချဗလတ်မှာ အထက်ကဖော်ပြတဲ့ ပစ်ကပ်, ဝက်ဂွန်နဲ့ မာဆယ်ကား အပြင်အခြားသော ကားများလည်း ရောက်ရှိပါတယ်။ ဝယ်ယူမှုကတော့ အသစ်တွေဝယ်ကြသလို၊ အဟောင်းတွေလည်း ဝယ်ပါတယ်။ အဟောင်းတွေဝယ်တာကတော့ ဈေးသက်သာလို့ ဖြစ်ပါတယ်။ မော်ဒယ်နိမ့်ထဲမှာ ဆိုရင်အဟောင်းကိုပဲ ပြန်ဝယ်ကြပြီး ဝက်ဂွန်ကား၊ ဆလွန်းကားအပြင် အခြားသော အမျိုးအစားများစွာ ဝယ်ယူပါတယ်။ Motors.com.mm ကနေ အမျိုးစားစုံလင်လှသော ချက်ဗလတ် ကားဟောင်း၊ ကားသစ် များကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူလေ့လာနိုင်ပါတယ်။

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *