News

မြန်မာနိုင်ငံတွင် ကားဝယ်ရန် ရှာဖွေမှုအများဆုံးမှာ ဆီဒင်/ဆလွန်းကားအမျိုးအစားဖြစ်သည်။

မြန်မာနိုင်ငံတွင် ကားဝယ်ရန် ရှာဖွေမှုအများဆုံးမှာ ဆီဒင်/ဆလွန်းကားအမျိုးအစားဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၄ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် ကားသစ်ဈေးကွက်အတွင်း လမ်းကြမ်းသွား SUV နှင့် Crossover Vehicles (CUVs) များက ဆီဒင်/ဆလွန်းကားများထက် ၃၆.၅ ရာခိုင်နှုန်း ပိုမို သာလွန်စွာ ရောင်းချနိုင်ခဲ့သည်။ ရိုးရိုးပုံမှန်တံခါးလေးပေါက်ဆီဒင်ကားများက ကမ္ဘာ့ကားဈေးကွက်အသီးသီးတွင် ဆယ်စုနှစ်တစ်ခုနီးပါး လွှမ်းမိုးထားသော်လည်း အနောက်တိုင်းတွင်မူ အဆိုပါကွာဟချက်မှာ ကျဉ်းမြောင်းလာလျက်ရှိသည်။နိုင်ငံတကာနှင့်အပြိုင် မြန်မာနိုင်ငံတွင်လည်း ယင်းကွာဟချက် အပြောင်းအလဲရှိမရှိကို သိရှိနားလည်နိုင်ရန် အွန်လိုင်းမော်တော်ယာဉ်အရောင်းအဝယ်ဈေးကွက်ဖြစ်သည့် Motors.com.mm သည် ပြီးခဲ့သည့် နောက်ဆုံးသုံးလ အတွင်းရှိ ထောင်ပေါင်းများစွာသော ကားစာရင်းများအပေါ် အခြေတည်ပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပါသည်။ လမ်းကြမ်းသွား SUV ရောင်းအားမှာ မြောက်အမေရိကတိုက်ပြင်ပ အထူးသဖြင့် အာရှဒေသတွင် လာမည့် လေးနှစ် အတွင်း ၄၀ ရာခိုင်နှုန်း ကျော်တိုးတက်လာမည် ဖြစ်ကြောင်း လက်ရှိစာရင်းအချက်အလက် များကပြသနေသည်။

Motors.com.mm ၏ အချက်အလက်များအရ အာရှဒေသရှိ ကားဝယ်သူများမှာ ဆီဒင်/ဆလွန်းကားများကို အများဆုံးရှာဖွေလေ့ရှိရသည်။ အထူးသဖြင့် မြန်မာနိုင်ငံရှိ ကားဝယ်ယူသူ ၅၉ ရာခိုင်နှုန်းသည် ဆီဒင်/ဆလွန်းကား များကို အများဆုံး ရှာဖွေလေ့ရှိကြသည်။ အခြားနိုင်ငံများဖြစ်သည့် သိရီလင်္ကာ (၅၇ ရာခိုင်နှုန်း)၊ ဘင်္ဂလားဒစ်ရှ် (၅၁ ရာခိုင်နှုန်း)၊ ပါကစ္စတန်(၅၀ ရာခိုင်နှုန်း) နှင့် အင်ဒိုနီးရှား(၃၈ ရာခိုင်နှုန်း) စသဖြင့် ဆီဒင်/ဆလွန်းကားများကို အသီးသီးရှာဖွေလျက်ရှိကြသည်။ ထို့ကြောင့် အာရှသားများ၏ ဆီဒင်ကားများအပေါ် ကြိုက်နှစ်သက်ကြသည့် အလေ့အထမှာ လုံးဝပြောင်းလဲမည်မဟုတ်ချေ။ သို့သော် ဖိလစ်ပိုင်ရှိ ကားဝယ်ယူရန် ရှာဖွေသူ ၂၅ ရာခိုင်နှုန်းသည် လမ်းကြမ်းသွား SUV ကားများကို ရှာဖွေကြပြီး ဆီဒင်/ဆလွန်းကားအမျိုးအစားကိုမူ ၁၉ ရာခိုင်နှုန်းသာ ရှာဖွေကြ သည်။ ထို့ကြောင့် ဆီဒင်/ဆလွန်းများအစား လမ်းကြမ်းသွား SUV ကားများအား ကြိုက်နှစ်သက်မှုမှာ ဖြည်းဖြည်း မှန်မှန် ပြောင်းလဲလာမည့် အလားအလာရှိ နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆီဒင်/ဆလွန်းကားအမျိုးအစားများကို ပိုမိုကြိုက်နှစ်သက်ကြခြင်းနှင့် ပက်သက်၍ Motors.com.mm ၏ Managing Director Ms.Rianne Roggema က “ မြန်မာနိုင်ငံမှာ ဆီဒင်/ဆလွန်းကားတွေကို ကြိုက်နှစ်သက်ကြတာ မဆန်းပါဘူး။ ကားတင်သွင်းဖို့ ခက်ခဲတဲ့အပြင် ဈေးကြီးလွန်းပြီး ရွေးချယ်စရာမရှိခဲ့တဲ့ အခြေအနေမျိုးကို မြန်မာနိုင်ငံက ကားဝယ်သူတွေဟာ ဖြတ်သန်းခဲ့ကြပါတယ်။ ဒါ့အပြင် အရင်အချိန်တုန်းက SUV ကားတွေဖြစ်တဲ့ Landcruiser, Prado, Pajero, Surf တွေဆိုတာ သိန်းထောင်ချီ တန်ဖိုးရှိခဲ့လို့ ဆလွန်းကားတွေကို ပိုဝယ်ကြပါတယ်။ ဒီအလေ့အထက မူဝါဒတွေ ပြောင်းလဲပြီးလို့ ကားဈေးတွေ လျော့တဲ့အချိန်ထိ အနည်းငယ်ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ ကားအမျိုးအစား စုံစုံလင်လင်တွေ့နေရပါပြီ။ Toyota Kluger, Toyota RAV 4, Toyota Harrier, Honda CR-V, Nissan Juke, Mitsubishi RVR စတဲ့ လမ်းကြမ်းမောင်း SUV တွေအသစ်ဝင်လာတာ မျက်မြင်ပါပဲ။

နောင်မှာလည်း လမ်းကြမ်းမောင်း SUV တွေအပေါ် စိတ်ဝင်စားမှုတိုးမြင့်လာပြီး ဝယ်လိုအားပိုများလာမယ်လို့ ထင်ပါတယ် ” ဟု မှတ်ချက်ပြုသည်။ အာဖရိကတိုက်တွင်လည်း ဆီဒင်/ဆလွန်းကားများမှာ အလွန်လူကြိုက်များသည်။ နိုင်ဂျီးရီးယားတွင် ဆီဒင်/ဆလွန်းကားများကို ကားဝယ်ရန်ရှာဖွေမှု ၅၅ ရာခိုင်နှုန်း ရှိခဲ့ပြီး အာဖရိကဒေသအတွင်း အမြင့်ဆုံး ဖြစ်သည်။ ဂါနာနိုင်ငံတွင် အနည်းငယ်ခြားနာမှုရှိပြီး ၄၁ ရာခိုင်နှုန်းမှာ လမ်းကြမ်းသွား SUV ကားများကို လည်းကောင်း၊ ၃၅ ရာခိုင်နှုန်းမှာ ဆီဒင်/ဆလွန်းကားများကို လည်းကောင်း ရှာဖွေဝယ်ယူကြသည်။ အရှေ့အလယ်ပိုင်းဒေသတွင်မူ ဆီဒင်/ဆလွန်းနှင့် လမ်းကြမ်းသွား SUV ကားများ၏ ဈေးကွက်ဝေစုရရှိမှု အခြေအနေမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက အမေရိကန်နိုင်ငံ ကားဈေးကွက်အတိုင်း အားပြိုင်လျက်ရှိပြီး မတိမ်းမယိမ်းအခြေအနေတွင်ရှိသည်။

ယူအေအီးတွင် ကားဝယ်ယူရန် ရှာဖွေမှု ၃၉ ရာခိုင်နှုန်းမှာ ဆီဒင်/ဆလွန်းကား များဖြစ်ပြီး ၃၃ ရာခိုင်နှုန်းမှာမူ ကိုယ်ထည်ကြီးမားသည့် ကားများ( Estate, Crossover, SUV, Van နှင့် Minivan) များ ကို ရှာဖွေကြသည်။ ကာတာနိုင်ငံတွင်လည်း ကားဝယ်ရန် ရှာဖွေမှု ၄၀ ရာခိုင်နှုန်းနီးပါးမှာ ဆီဒင်/ဆလွန်းကားများ ဖြစ် ပြီး ၃၇ ရာခိုင်နှုန်းမှာမူ အရွယ်အစားကြီးမော်တော်ယာဉ်များဖြစ်သည်။ ထူးခြားချက်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံတွင်မူ ကားဈေးကွက်အတွင်း ဝယ်လိုအားမှာ လမ်းကြမ်းသွား SUV ကားများက ဦးဆောင်နေသည်။ SUV များကို ရှာဖွေမှု ၃၇ ရာခိုင်နှုန်းရှိပြီး ဆီဒင်/ဆလွန်းကားများကိုမူ ၃၀ ရာခိုင်နှုန်းကသာ ဝယ်ယူရန်စိတ်ဝင်တစားဖြင့် ရှာဖွေကြသည်။

Carmudi အကြောင်း

Carmudi.com ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကာတာ၊ ဆော်ဒီ အာရေဗျ၊ ယူအေအီး၊ မက္ကဆီကို၊ ဘင်္ဂလားဒစ်ရှ်၊ ကင်မရွန်း၊ ကွန်ဂို၊ ဂါနာ၊ အိုင်ဗရီကိုစ့်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆီနီဂေါ်၊ သီရိလင်္ကာနှင့် တန်ဇေးနီးယားနိုင်ငံများတွင် လုပ်ငန်းလည်ပတ်လျှက်ရှိသည်။ ကားဝယ်လိုသူများ၊ ကားရောင်းချသူများနှင့် ကားအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် ကားများ၊ ဆိုင်ကယ်များနှင့် စီးပွားရေးလုပ်ငန်းသုံး ယာဉ်များကို အွန်လိုင်းတွင် လွယ်ကူစွာရှာဖွေနိုင်ရန် ဝန်ဆောင်မှုပေးထားသည့် အွန်လိုင်းမော်တော်ယာဉ် ဈေးကွက်တစ်ခုဖြစ်သည်။

Motors.com.mm အကြောင်း

Motors.com.mm သည် ပြည်တွင်းရှိ မော်တော်ယာဉ်အရောင်းပြခန်းပေါင်း (၂၂၀)၊ ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်း လေးခုရှိ မော်တော်ယာဉ်အကျိုးဆောင်များ၊ တစ်သီးပုဂ္ဂလ မော်တော်ယာဉ် ရောင်းဝယ်သူများ စသည့် ပြည်တွင်းမော်တော်ယာဉ်ဈေးကွက်အတွင်းအရောင်းအဝယ်ပြုလုပ်သူများ၏ (၉၅) ရာခိုင် နှုန်းကျော်နှင့် ချိတ်ဆက်ထားပြီး လုပ်ငန်းလည်ပတ်လျက်ရှိသော ဆောင်ရွက်လျက်ရှိသော အွန်လိုင်းအခြေပြု မော်တော်ယာဉ်ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဒ်တစ်ခု ဖြစ်ပါသည်။ Motors.com.mm သည် ဂျာမနီအခြေစိုက် အွန်လိုင်းအခြေပြုစီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်သည့် Rocket Internet ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် ကမ္ဘာလုံး ဆိုင်ရာ အွန်လိုင်းအခြေပြု ကားအရောင်းအဝယ်လုပ်ငန်း Carmudi.com ၏ မြန်မာနိုင်ငံကိုယ်စားပြု ဝက်ဘ်ဆိုက်ဒ် တစ်ခုဖြစ်သည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *