Automobile, News

အရှိန်ပြင်းမောင်းနှင်မှုအတွက် ဒဏ်ကြေးငွေ ဒေါ်လာတစ်သန်းနှင့် အတွေးဖြင့် ထိန်းချုပ်နိုင်သည့် မော်တော်ကား

အရှိန်ပြင်းမောင်းနှင်မှုအတွက် ဒဏ်ကြေးငွေဒေါ်လာတစ်သန်း နှင့်အတွေးဖြစ်ထိန်းချုပ်နိုင်သည့်မော်တော်ကား

ကားမောင်းနှင်သူများနှင့် ကားလမ်းမများပေါ်ရှိ ထူးခြားအံ့ဩဖွယ်ကောင်းသော အကြောင်းအရင်းဆယ်ချက် အား Motors.com.mm မှ ဖော်ပြပေးလိုက်ပါတယ်။

မော်တော်ကားပိုင်ဆိုင်သူအများစုကာ ၎င်းတို့ရဲ့ယာဉ်များနှင့်ပတ်သက်၍ ကိုယ်ပိုင်အကြောင်းအရာ အသီးသီး ရှိကြပါတယ်။ အကယ်၍ သင်ဟာ ကားနှင့်ပတ်သက်သည့် ထူးခြားဆန်းကြယ်သော အကြောင်းအရာများအား ရှာဖွေနေတယ်ဆိုရင်တော့ မြန်မာ့အွန်လိုင်းမော်တော်ယာဉ်ဈေးကွက်တွင် အလျင်မြန်ဆုံးနှင့် အတိုးတက်ဆုံး ဝက်ဘ်ဆိုဒ် ဖြစ်သည့် Motors.com.mm မှ ကားဝါသနာရှင်များအတွက် စိတ်ဝင်စားမှုအများဆုံးပေးနိုင်မည့် ကားနှင့်ပတ်သက်သည် အဖြစ်အပျက်များကို စုစည်းတင်ပြပေးလိုက်ပါတယ်။ ကားအရှိန်နှုန်းအတွက် ဒေါ်လာ တစ်သန်းဒဏ်ကြေး ပေးဆောင်ရသည့်အဖြစ်အပျက်မှစ၍ ကားတစ်ခုလုံးအား အတွေးနှင့်ပင် ထိန်းချုပ်နိုင်သည်အထိ တင်ပြပေးလိုက်ပါတယ်၊ မော်တော်ယာဉ်လောကတွင်လည်း အံ့ဩစရာများနှင့် တစ်ခါတစ်ရံထူးဆန်းသော မထင်မှတ်စရာများနှင့်ပါ ပြည့်နှက်နေသည်ကို တွေ့ရပါလိမ့်မယ်။

မော်တော်ယာဉ်လမ်းမများပေါ်ရှိ ထူးခြားအံ့ဩဖွယ်အကောင်းဆုံး အကြောင်းအရင်းဆယ်ချက်ကတော့…
၁. အကြီးမားဆုံးသော အရှိန်မြှင့်မောင်းနှင်မှုအတွက် ဒဏ်ကြေးငွေပေးဆောင်ရသည့် ပမာဏကတော့ ဒေါ်လာတစ်သန်းဖြစ်ပါတယ်။
၂. ကမ္ဘာ့အရှည်လျားဆုံး ယာဉ်ကြောပိတ်ဆို့မှု ကားတန်းကတော့ ၁၇၇ ကီလိုမီတာရှည်ပြီး နေရာကတော့ ပြင်သစ်ရှိပဲရစ်နှင့် လိုင်ယွန်ကြားတွင်ဖြစ်ခဲ့ပါတယ်။
၃. ကားတိုက်မှုများ ဖြစ်ပွါးသည့်ကလေးငယ်များကို ကားတိုက်မှုများဖြစ်ပြီးနောက်တွင် ဗြိတိန်ရဲအရာရှိ တော်တော်များများဟာ တယ်ဒီဝက်ဝံရုပ်များစွာကို ကလေးငယ်များထံ ယူဆောင်၍ နှစ်သိမ့်ဖြေဖျောက် ပေးလေ့ရှိပါတယ်။
၄. Bugatti Veyron ကားတာယာများအား လဲရန်အတွက် ဒေါ်လာကိုးသောင်းကျော် ကုန်ကျမှာဖြစ်ပါတယ်။
၅. Albania ရှိ မှတ်ပုံတင်ထားသည့် ၈၀ရာခိုင်နှုန်း မော်တော်ယာဉ်များဟာ Mercedes-Benz တံဆိပ်များ ဖြစ်ပါတယ်။
၆. Rolls Royce အများဆုံးရှိသည့် မြို့တော်ကတော့ မြို့တော် ဟောင်ကောင်ပဲဖြစ်ပါတယ်။
၇. ညစ်ပတ်နေသည့်ကားဖြင့် ရုရှားနိုင်ငံအတွင်းမှာ မောင်းနှင်ပါက ရာဇဝတ်မှုမြောက်မည်ဖြစ်ပါတယ်။
၈. ကားမောင်းသူ၏ အတွေးအမြင်ဖြင့် ကားတစ်စီးလုံးအား ထိန်းချုပ်နိုင်မည့် မော်တော်ယာဉ်အား ဂျာမနီတွင် တီထွင်ထုတ်လုပ်နေပြီး ဖြစ်ပါတယ်။
၉. တရုတ်နိုင်ငံ၊ ရှန်ဟိုင်မြို့တွင် အနီရောင်ကားစီးခြင်းအား တားမြစ်ထားပါတယ်။
၁၀. ကားအားထိန်းချုပ်သည့် ရီမုတ်ကားသော့အား သင့်ဦးခေါင်းနားတွင် ကပ်ရုံဖြင့် သင့်ကား၏အကွာအဝေးအား နှစ်ဆပိုမိုထိရောက်စေပါတယ် ဘာကြောင့်လဲဆိုတော့ သင့်ဦးခေါင်းခွံဟာ စွမ်းအင်မြှင့်စက် တစ်ခုအနေနှင့် လုပ်ဆောင်နေခြင်းကြောင့်ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အံ့ဩဖွယ်ရာအကြောင်းအရင်းများကို သင့်သူငယ်ချင်းများအား ဗဟုသုတရစေရန် Facebook, Twitter မှတစ်ဆင့်ဝေမျှလိုက်ပါ၊ အကယ်၍ သင့်အိပ်မက်ကားအား ရှာဖွေဆဲဆိုရင်တော့ www.motors.com.mm သို့လာရောက်ကြည့်ရှူလိုက်ပါ ဒါမှမဟုတ် Motors app အားဒေါင်းလုပ်ပြုလုပ်၍ သွားရင်းလာရင်း ဝင်ရောက်ရှာဖွေလိုက်ပါ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *