Apps, Automobile, News, Review

ကားမောင်းနှင်ရာတွင် လွယ်ကူအဆင်ပြေစေမည့် app ငါးမျိုး

ကားမောင်းနှင်ရာတွင်လွယ်ကူအဆင်ပြေစေမည့် app ငါးမျိုး

ခေတ်မှီကားမောင်း app များအား အသုံးပြု၍ သင့်ရဲ့ ကားမောင်းနေ့ရက်များကို ဖြတ်သန်းလိုက်ပါ
နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ချိန်အများစုဟာ သင့်ရဲ့မိုဘိုင်းဖုန်းများတွင်သာ ကုန်ဆုံးနေသည်ကို သင်သိပါသလား? အဲ့ဒါအမှန်ပါပဲ။ ကျွန်တော်တို့ရဲ့ မိုဘိုင်းdevice များတွင်ရှိသော google mapsများရဲ့ အသုံးဝင်မှု အပိုင်းကလည်း ပိုမို၍အရေးပါလာပါတယ် ဒါကြောင့် သင့်ကိုယ်ပိုင်ကားများအတွက် သက်တောင့်သက်သာပြီး လွယ်ကူချောမွတ်စေမည့် app များအား motors.com.mm မှ စုစည်းတင်ပြပေးလိုက်ပါတယ်။ ဒီ app ငါးမျိုးက သင်အမှန်တကယ် မောင်းနှင်ရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲ အတားအဆီးများကိုပါ အကောင်းမွန်ဆုံး ကျော်လွှားဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

Motors.com.mm
သင့်ရဲ့စိတ်ကြိုက်ကားအား ရွေးချယ်နိုင်ရန်အတွက် ဒီ app အား Install ပြုလုပ်ထားသင့်ပါတယ်။ သင့်ရဲ့ ပထမဆုံး မော်တော်ယာဉ် ဒါမှမဟုတ် သင့်ရဲ့ကားဟောင်းအား အသစ်လဲရန် ရှာဖွေနေတယ်ဆိုရင်တော့ Motors.com.mm က အသင့်တော်ဆုံးပါပဲ။ ရွေးချယ်စရာများပြားလှသော အစီးရေ တစ်သောင်းကျော်မှ အသေးစိတ်စီစစ်ရွေးချယ် ရှာဖွေနိုင်မည့်အပြင် သင့်ရဲ့နှစ်သက်ရွေးချယ်ထားသည့် ကားများအား သိမ်းဆည်းထားနိုင်သည့် function များလည်း ပါဝင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ရွေးချယ်မှုများအား social network များမှတစ်ဆင့် မျှဝေနိုင်ပြီး သင့်ရဲ့အပေါင်းအသင်း မိတ်ဆွေများဆီက အကြံဉာဏ်ပါ တောင်းခံနိုင်မှာဖြစ်ပါတယ်။

Google Maps (ဂူဂယ်လ်မြေပုံများ)
သင်သွားလိုသည့်နေရာ အတိအကျအား တစ်ခါတစ်ရံရှာဖွေနေရင်းနဲ့ လမ်းပျောက်နေသည့် အဖြစ်အပျက်မျိုး ကြုံဖူးကြမှာပါ။ ဒါပေမဲ့ စိတ်ပူစရာမလိုတော့ပါဘူး Google maps ကတော့ ဒီပြဿနာအတွက် အကောင်းဆုံး အဖြေပါပဲ။ အကယ်၍ သင်လမ်းပျောက်နေခဲ့ပြီး သင့်ရဲ့လိုရာခရီးလမ်းကြောင်းအား ကူညီဖော်ဆောင်ပေးနိုင်မည့် Google maps ကတော့ သင်နှင့်အတူသင့်ရဲ့ မိုဘိုင်းဖုန်းမှာ install ပြုလုပ်ထားသင့်ပါတယ်။ တစ်ကမ္ဘာလုံးရှိ နေရာတော်တော်များများအား လမ်းညွှန်းဖော်ပြပေးမည့် app တစ်ခုဖြစ်မှာ အမှန်ပါပဲ။

Trapster
ယဉ်ကြောပိတ်ဆို့ပေးမှုများက ယဉ်မောင်းသူတိုင်းအတွက် အနှောက်အယှက် အကြီးအမားဖြစ်စေပြီး တစ်ခါ တစ်ရံမှာ အရေးကြီးလှတဲ့ အစည်းအဝေးနှင့် အခြားသော ချိန်းဆိုမှုများကိုပါ လွဲချော်နိုင်ပါတယ်။ ဒီ trapster app ကတော့ နိုင်ငံတကာတွင် အသုံးပြုနေပြီး ပိုမိုကောင်းမွန်သော မြေပုံအနေအထားအား အခြေခံ၍ မောင်းနှင်သူအား စိတ်အနှောက်အယှက် ဖြစ်စေမည့် ယာဉ်ကြောပိတ်ဆို့ပေးမှုများအား အသိပေးနိုင်မည့် စနစ်ဖြစ်ပါတယ်။

AA Parking
ကားပါကင်ထိုးရန်အတွက် နေရာရှာဖွေရသည်မှာ အမြဲပင် စိတ်ညစ်စရာတစ်ခု ဖြစ်နေပါတယ်၊ ဈေးသက်သက်သာသာနှင့် ရပ်နားနိုင်မည့် နေရာရှာရသည်မှာလည်း ခက်ခဲပါတယ်။ ဒီ ‘AA Parking’ ကတော့ မောင်းနှင်သူအား ရောက်ရာနေရာနှင့် ပါကင်ဈေးနှုန်းပေါ်မူတည်၍ အဆင်ပြေချောမွတ်စေမည့် ရွေးချယ်မှုများအား ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ အဆင်ပြေဆုံး ကားပါကင်နေရာအား အချိန်ကြာမြှင့်စွာ ရှာဖွေပြီးလျှင်လည်း သင့်ကားထားရာနေရာသို့ အချိန်အတိုင်းအတာတစ်ခုအထိ လမ်းလျှောက်လာရမည် ဖြစ်ပါတယ်၊ ဒီ app ကို သင့်မိုဘိုင်းဖုန်း၌ သွင်းထားရုံဖြင့် ခြေထောက်နာကျင်မှုများအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။

WhatGas Petrol Prices
ကျွန်တော်တို့ နေစဉ်သွားလာလှုပ်ရှားနေသည့် နေရာပတ်ဝန်းကျင်တိုင်းတွင် ဆီဖြည့်စရာနေရာ တော်တော် များများရှိပြီး ပုံမှန်ဆီဈေးနှုန်း အတိုင်းအတာနှင့် ဝယ်ယူရရှိနိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ပါစေ၊ သင်မထင်မှတ်ထားသည့် နေရာတစ်ခုတွင် ကားဆီဖြည့်ရန်အတွက် လိုအပ်လာသည့်အခြေအနေတစ်ခုတွင် ဆီဆိုင်ရှာရန်နှင့် ဆီဈေးနှုန်းစုံစမ်းဖို့ကလည်း ပြဿနာတစ်ခုပါ။ ဒီကိစ္စတွေကို အဆင်ပြေဆုံး ဖြေရှင်းဖို့ဆိုရင် ‘WhatGas’ app အား မရှိမဖြစ် ဒေါင်းလုပ် ပြုလုပ်ထားသင့်ပါတယ်။ ဒီ app ကတော့ သင်နှင့်အနီးစပ်ဆုံး ဆီဖြည့်ရာနေရာသို့ လမ်းညွှန်ပေးမည့်အပြင် ဈေးနှုန်းသက်သာစွာနှင့်ပါ ဖော်ပြပေးမှာဖြစ်ပါတယ်။

အကယ်၍သင်ဟာ ပြီးပြည့်စုံတဲ့ ကားတစ်စီးအား ရှာဖွေနေပြီး ဖော်ပြပါ app အားလုံးရဲ့ ကောင်းကျိုးများကို ခံစားသုံးကြည့်ချင်တယ်ဆိုရင်တော့ www.motors.com.mm သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ ဒါမှမဟုတ် motors app အား ဒေါင်းလုပ်ရယူ၍ သွားရင်းလာရင်း ကားများအားရှာဖွေလိုက်ပါ။

 

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *