Automobile, Featured, News, Review

၄၄ နာရီအတွင်းမှာ မော်တော်ကားကို 3D Printing နည်းပညာဖြင့် ထုတ်လုပ်

ချီကာဂိုမှာ ပြုလုပ်တဲ့ International Manufacturing Technology Showမှာ Local Motorsက ပရိသတ်ထောင်ပေါင်းများစွာရှေ့မှာ Stratiလို့ ခေါ်တဲ့ ပလတ်စတစ်ကားကို 3D Printingနည်းပညာနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

Local Motorsက မော်တော်ကားရဲ့ အောက်ပိုင်းကိုယ်ထည်၊ ထိုင်ခုံများနဲ့ အခြား အစိတ်အပိုင်း ထောင်ပေါင်းများစွာကို ပေါင်းစပ်ပြီး 3D Printingနည်းပညာနဲ့ မော်တော်ကားတစ်စီး အဖြစ် တည်ဆောက်ပြခဲ့ပါတယ်။ အင်္ဂါနေ့က ပြသခဲ့တဲ့ သရုပ်ပြမှုဟာ ၄၄ နာရီသာ ကြာမြင့်ခဲ့ပါတယ်။ သဘောကတော့ ၄၄ နာရီအတွင်းမှာ ကားတစ်စီး ထုတ်လုပ်နိုင်ခဲ့တာပါ။ နောက်ပြီး အဲဒီကားဟာ တကယ်မောင်းလို့ ရပါတယ်။

3D Printerများဟာ ကားများသာမက ပရိဘောဂများ၊ အစားအစာများ၊ လူသုံးကုန်ပစ္စည်းများ စတာတွေကို တစ်ထိုင်တည်း ထုတ်လုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ နေအိမ်တစ်လုံးကို တစ်ရက်တည်းနဲ့ အပြီးတည်ဆောက်ပေးနိုင်တဲ့ 3D Printerတွေကိုလည်း သရုပ်ပြခဲ့ပြီးပါပြီ။ လူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုတောင် 3D Printerအကူအညီနဲ့ ပြုလုပ်နေကြပါပြီ။

3D Printingနည်းပညာဟာ စားသုံးသူအတွက် Customizeပြုလုပ်နိုင်တဲ့ နည်းပညာကို ပံ့ပိုးပေးပါတယ်။ ဥပမာ အားဖြင့် ဖိနပ်အရောင်းဆိုင်တစ်ခုမှာ ပြသထားတဲ့ ဖိနပ်တွေကို မကြိုက်နှစ်သက်ရင် အရောင်းဆိုင်ရဲ့ 3D Printerကနေ နှစ်သက်တဲ့ ဒီဇိုင်းနဲ့ ဖိနပ်ကို တစ်ထိုင်တည်း ထုတ်လုပ် ၀ယ်ယူနိုင်တာ ဖြစ်ပါတယ်။

သူတို့ရဲ့ 3D Printingနည်းပညာနဲ့ ထုတ်လုပ်တဲ့ကားမှာ အစိတ်အပိုင်းများဟာ ဒါဇင်ပေါင်းများစွာ ပါရှိပါတယ်လို့ Local Motorsရဲ့ အင်ဂျင်နီယာဖြစ်သူ James Earleက Business Insiderကို ပြောပါတယ်။ မကြာတော့တဲ့ အနာဂတ်မှာ 3D Printingနည်းပညာကြောင့် မော်တော်ကားတစ်စီးရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ ခုနစ်ထောင်လောက်သာ ရှိတော့မှာ ဖြစ်ပြီး Customizeပြုလုပ်နိုင်တဲ့ ကားတွေဟာလည်း အောင်မြင်လာနိုင်ပါတယ်။

သင်ကိုယ်တိုင် ကားကို ဒီဇိုင်း ပြုလုပ်ပြီး 3D Printerကို ထုတ်လုပ်ခိုင်းနိုင်မှာပါ။ သင့်ရဲ့ ခန္ဓာကိုယ် ပုံသဏ္ဍာန်အပေါ်မူတည်ပြီး သက်တောင့်သက်သာ ဖြစ်စေမယ့် ကားထိုင်ခုံတွေကို ပြုလုပ်နိုင်မှာပါ။ ဒါဟာ ဥပမာ တစ်ခုသာ ဖြစ်ပြီး ဒီလို ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်နိုင်မှာပါ။ အခုခေတ်ကားတွေကိုတော့ ဒီလို မပြုလုပ်နိုင်ပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *