Apps, Review

Microsoftက Android Tabletများအတွက် Officeကို ပြုလုပ်ပေးမည်

Microsoftက Android Tabletများအတွက် Officeကို ပြုလုပ်ပေးမည်

Microsoftက Android Tabletများအတွက် Officeကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

အခုလောလောဆယ်မှာ Beta Versionကို ပြင်ဆင်နေပြီး လူအနည်းငယ်ကို စမ်းသပ်အသုံးပြုစေမှာပါလို့ The Vergeက ရေးသားထားပါတယ်။ နောက်ဆုံး ဗားရှင်းကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချီမှာပါ။ Microsoftက ၂၀၁၅ မှာ ဖြန့်ချီမယ်လို့ ကြေညာထားတဲ့ ထိတွေ့မျက်နှာပြင်ပါတဲ့ ၀င်းဒိုးကွန်ပြူတာများအတွက် မဖြန့်ချီမီ Android Tabletများအတွက် အရင် ဖြန့်ချီမယ်လို့ မျှော်လင့်ရပါတယ်။

လူဘယ်လောက်နဲ့ စမ်းသပ်မလဲဆိုတာကို မသိရသေးပါဘူး။ ဖြစ်နိုင်တာက Microsoftဟာ Beta Versionကို စမ်းသပ်အသုံးပြုချင်သူများကို အစီအစဉ်တစ်ခုပြုလုပ်ပေးပြီး မှတ်ပုံတင်ခိုင်းမှာပါ။

Microsoftဟာ Word, Excel, Powerpointများပါတဲ့ Office Suiteကို iPadအတွက် ဒီနှစ်အစောပိုင်းမှာ ဖြန့်ချီပေးခဲ့ပါတယ်။ Appsများကို အခမဲ့ ဖြန့်ချီပေးလိုက်တာဖြစ်ပြီး Apple App Storeမှာတော့ ဒေါင်းလုပ်ရယူမှုအများဆုံး စာရင်း၀င်သွားပါတယ်။

Microsoftက Android Tabletတွေအတွက်လည်း iPadလိုမျိုးပဲ အခမဲ့ ဖြန့်ချီပေးမယ့်ပုံပါပဲ။ အခမဲ့အသုံးပြုနိုင်တယ်ဆိုပေမယ့် Officeဖိုင်များကို ဖွင့်ကြည့်လို့သာရမှာဖြစ်ပြီး Editပြုလုပ်ချင်ရင် တစ်လကို ၉၉ ဒေါ်လာနဲ့ ၀ယ်ယူရမှာပါ။ Android စမတ်ဖုန်းတွေအတွက် Officeကို ပြီးခဲ့တဲ့ နွေရာသီက ဖြန့်ချီပေးခဲ့ပြီး စွမ်းဆောင်ချက်အားလုံးကို အသုံးပြုချင်ရင် ၀ယ်ယူရမှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *