သြစတေးလျ လေ့လာသူများဟာ ပျားတွေကို စိတ်ဝင်စားလို့ လေ့လာရာကနေ ပျားကိုအခြေခံပြီး လုံးဝအမှီခို မရှိတဲ့ နည်းပညာအသစ်နဲ့ အပေါ့စား လေယာဉ်ငယ် တစ်ခုကို တီထွင်ခဲ့ကြတယ်။ ပျားတစ်ကောင် ပျံသန်းသွားလျှင် ပျားရဲ့မျက်စိထဲကနေ မြင်ရတဲ့ မြင်ကွင်းမျိုးကို အဲဒီယာဉ်ငယ်ကနေ မြင်ရမှာ ဖြစ်ပါတယ်။ တမင်တကာ ပျားလို မြင်ရအောင် ကင်မရာတွေ တပ်ထားတာဖြစ်ပါတယ်။ ပျားတွေရဲ့ ပျံသန်းမှုကို ကွင်းစလန်း တက္ကသိုလ်က သြစတေးလျ လေ့လာသူတွေဟာ လေ့လာအပြီးမှာ ဒီလိုမျိုး အမှီခိုကင်းမဲ့တဲ့ ယာဉ်ငယ်တစ်စင်းကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ ထူးဆန်းတာက ယာဉ်ငယ်က ဘာနည်းပညာမှ မလိုပဲ ကင်မရာကနေပဲ ထိန်းချုပ်နိုင်ပြီး တွေ့သမျှမှတ်တမ်းတင်ပေးလို့ ကင်မရာကနေတစ်ဆင့် အချက်အလက်တွေကို သိနိုင်ပါတယ်။
ဒီပရောဂျက်ရဲ့ ခေါင်းဆောင် ဆောလ်သာရိုဂွတ်ဒ်ကတော့ ဒီစနစ်ရဲ့ထူးခြားချက်ကတော့ အခြား အလိုအလျောက် မှတ်တမ်းတင်တဲ့ စစ်စတမ်တွေမှာ အခြားနည်းပညာတွေဖြစ်တဲ့ လေဆာ အာရုံခံကိရိယာတွေ၊ ရေဒီယိုအချက်ပြ စနစ်တွေနဲ့ ဂျီပီအက်စ် အချက်ပြစနစ်တွေ မပါပဲနဲ့ အလိုအလျောက် မှတ်တမ်းတင်နိုင်တာ ဖြစ်ပါတယ်။ မစ္စတာ သာရိုဂွတ်ဒ်က ဆက်ပြီး ဒါဟာ အချိန်မရွေး ဟက်နိုင်၊ ခိုးနိုင်တဲ့ ဂျီပီအက်စ် နည်းပညာကို လုံးဝ အပြည့်အဝ မမှီခိုပဲနဲ့ကို မြေပြင်ရဲ့ အခြေအနေအားလုံးကို ယာဉ်ငယ်ပေါ်ကနေ နားလည်နေတာ ဖြစ်ပါတယ်။ စျေးကွက်ထဲက လေယာဉ်တွေ အားလုံးမှာ အရန်စနစ်တွေထားရှိပါတယ်။ ဒါကြောင့် ဒီလေ့လာမှုမှာလည်း တစ်ခုခုကသာ အခြေအနေ မကောင်းတော့ဘူး၊ ဒါမှမဟုတ် ပျက်စီးသွားပြီဆိုရင် ပိုက်လော့ အနေနဲ့ နောက်ပြန်ဆုတ်ဖို့ အာရုံခံတွေ တက်ထားပါတယ်။
မစ္စတာ သာရိုဂွတ်ဒ်ပြောပုံအရတော့ ဒီလိုမျိုး ကင်မရာကပဲ ပဲ့ကိုင်လို့ရတဲ့ နည်းပညာဟာ ဘာမှမပါလို့ သဘာဝ အတိုင်းလေးပဲ လို့ထင်ရပါတယ်။ သူတို့အဖွဲ့ကနေ အဲဒီ သဘာဝအတိုင်း ဖြစ်အောင်လည်း ပျားပျံနေတဲ့ ပုံစံနည်းတူ ယာဉ်ငယ်ပျံသန်းနေချိန်မှာလည်း ပတ်ဝန်းကျင်ကို လမ်းကြောင်းကောက်နိုင်အောင် ၂ မီတာ ရှည်တဲ့ တောင်ပံဒလက်ကို တပ်ထားပါတယ်။ အဲဒိတောင်ပံတွေမှာ ကင်မရာတွေလည်း ပါပါတယ်။ ပျားများဟာ သူတို့သက်ဆင်းတော့မယ်ဆိုရင် သူတို့ရဲ့ မှန်ဘီလူးပုံစံ သူတို့ရဲ့ အမြင်အာရုံကို အသုံးပြုကြပါတယ်။ ကျွန်တော်တို့လည်း ဒီအလိုအလျောက် မောင်းတဲ့စနစ်မှာ ဒီနည်းပညာတွေကို အခြေခံပြီး တီထွင်ထားတာ ဖြစ်ပါတယ်။ လေယာဉ်ငယ်က သူ့ဟာသူ ထိန်းကျောင်းတဲ့ စနစ်ပေါ့၊ သူ့ရဲ့အာရုံခံနိုင်စွမ်းက သူ့ရဲ့အရည်အချင်းပေါ့၊ ယာဉ်ငယ်ဟာပြန်ပြီး ဆင်းသက်သွားရင်တော့ သူ့ဟာသူပိတ်သွားမှာပါ။ ကွင်းစလန်း တက္ကသိုလ်က လေ့လာသူတွေ ဒီလိုမျိုး နည်ပညာအသစ်နဲ့ သဘာဝဆန်ဆန် ပျံသန်းမှုတွေ တီထွင်တာဟာ ပထမအကြိမ် မဟုတ်တော့ပါဘူး။