News

Facebook, Twitter အသုံးများသည့် အိမ်ထောင်ရှင်များ သတိထား

fascebook-twitter

အိမ်ထောင်သားမွေးမှုဆိုင်ရာ လေ့လာသူ ဗြိတိသျှ သုတေသီတစ်ဦး၏ အဆိုအရ Facebook, Twilter အစရှိသည့် လူမှုရေးကွန်ရက် စာမျက်နှာများတွင် မိတ်ဆွေ သူငယ်ချင်းပေါင်းများစွာနှင့် အလွန်အကျွံ ပြောဆိုဆက်သွယ်မှု ပြုလုပ်ကြသူ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ရေး ထိခိုက်နိုင်ကြောင်း လေ့လာ တွေ့ရှိရပြီး ၎င်းလေ့လာ တွေ့ရှိချက် အသစ်တွင် တရားဝင် ဇနီးမောင်နှံ စုံတွဲပေါင်း ၂၄,၀၀၀ကျော် ပါဝင်ပြီး ဆက်သွယ်ရေး သတင်းမီဒီယာ ၁၀ခု အသုံးပြုကာ လေ့လာခဲ့ခြင်း ဖြစ်ကြောင်း အော့စ်ဖို့ဒ်တက္ကသိုလ် အင်တာနက် အင်စတီကျူ့မှ ဘာနီဟိုဂန်က ပြောကြားခဲ့ပါသည်။

ယင်းသို့ လေ့လာရာတွင် လူမှုကွန်ရက် သတင်းစာမျက်နှာများကို အလွန်အကျွံ အသုံးပြုသူများသည် အိမ်ထောင်ရေး သာယာမှု မရှိတော့ကြောင်း၊ အချို့မှာ အိမ်ထောင်ရေး သာယာမှု လျော့နည်းသွားသည်ကို တွေ့ရကြောင်း၊ ဟိုဂန်က ဆက်လက် ပြောကြားပါသည်။ ဟိုဂန်သည် အိမ်ထောင်ရေး သံယောဇဉ် ခိုင်မာသည့် ဇနီးမောင်နှံများအကြား အမျိုးမျိုးသော ဆက်သွယ်ရေး၊ သတင်းမီဒီယာများ ချိတ်ဆက်အသုံးပြုသည့် နည်းလမ်းကို စမ်းသပ် လေ့လာခဲ့ရာ ခိုင်မာ အားကောင်းသည့် အိမ်ထောင်ရေး သံယောဇဉ်၏ သငေ်္ကတ အမှတ်အသားဖြစ်သော ချစ်ခြင်းမေတ္တာကို လူအနည်းစုတွင်သာ ရှာဖွေ တွေ့ရှိခဲ့ရပြီး အများစုမှာ အိမ်ထောင်ရေး ထိခိုက်နိုင်သည့် အကျိုးဆက်များသာ ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု ဆိုသည်။ အထက်ပါ သုတေသနပြု လေ့လာ တွေ့ရှိချက်ကို ဗြိတိသျှ စိတ်ဓာတ်ရေးရာ လူမှုအဖွဲ့အစည်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် ဘာနီဟိုဂန်က ထုတ်ဖော် တင်ပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *