Opinion

စိတ်ကူးထဲက iPhoneအသစ်

မြန်မာအိုင်စီတီ ပရိသတ်တွေ အနေနဲ့ မကြာမီထွက်ရှိတော့မယ့် Appleရဲ့ iPhoneအသစ်နဲ့ ပတ်သက်လို့ ဘာတွေပြောင်းလဲ သွားတာကို မြင်ချင်ပါသလဲ? ပိုမိုတာရှည်ခံမယ့် Batteryသက်တမ်းနဲ့ ပိုကြီးလာမယ့် မျက်နှာပြင်လို့ တွေးတောပြောဆို နေကြပေမယ့် တကယ်တမ်းကျတော့ Appleအနေနဲ့ ဒါတွေကို တကယ်လုပ်ချင်မှ လုပ်မှာပါ။ ဘာပဲဖြစ်ဖြစ် iPhoneအသစ်နဲ့ ပတ်သက်လို့ ဖြစ်နိုင်ချေရှိတဲ့ စိတ်ကူးလေးတွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင်ဗျာ။

၁။ အခုထွက်မယ့် အိုင်ဖုန်းအသစ်ကို မျက်နှာပြင်အကျယ် ၄.၇လက်မ ရှိထားစေချင် ပါတယ်။ ဒါ့အပြင် တစ်နေကုန် အသုံးခံမယ့် Batteryနဲ့ NFC(Near Field Communication)စနစ်ကိုလည်း Built-inပါ၀င် လာဖို့ ဆန္ဒရှိပြီး iOS 7ရဲ့ ပြားချပ်ချပ် ဒီဇိုင်းကိုပါ အသုံးပြုခံစား လိုပါတယ်။ Home Buttonနဲ့ တစ်ခုလုံး ကိုယ်ထည်ကိုလည်း Metalနဲ့ တည်ဆောက် ထားတာ မြင်ချင်ပြီး အရင်ထွက်ရှိခဲ့သမျှ iPhoneတွေထက် ပိုမိုခန့်ညားနေမှာပဲ ဖြစ်ပါတယ်။

၂။ iPhone 5ရဲ့ မျက်နှာပြင် ထောင့်ဖြတ် အတိုင်းဟာ ၄လက်မသာ ရှိခဲ့ပေမယ့် ကျွန်တော်တို့ မှန်းထားတဲ့ iPhoneအသစ်ကိုတော့ ထောင့်ဖြတ် ၄.၇လက်မ ရှိစေချင် ပါတယ်။

၃။ မျိုးဆက်သစ် iPhoneကို ဘယ်လို သတ္ထုမျိုးနဲ့ သုံးချင်ပါသလဲလို့ လူတွေကို စစ်တမ်းကောက်ကြည့် တဲ့အခါမှာ ၃၉ရာခိုင်နှုန်းသော ပုဂ္ဂိုလ်တွေက အားလုံးMetalနဲ့ တည်ဆောက်ထားတဲ့ ကျောဘက်ပုံစံကို နှစ်သက်ကြတာ တွေ့ရပါတယ်။ iPhone 4နဲ့ 4Sမှာ Glassနဲ့ လုပ်ထားတဲ့ ကာဗာကို သုံးခဲ့ရလို့ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် သိကြပြီးသား ဖြစ်တဲ့အတိုင်း iPhone 5Cဆိုတဲ့ တန်ဖိုးနည်း အိုင်ဖုန်းတွေ တကယ်ပဲ ထွက်ရှိလာရင်တော့ အရောင်အသွေးစုံလင်တဲ့ ပလတ်စတစ်ကာဗာနဲ့ iPhoneတွေကို ကျွန်တော်တို့ မြင်တွေ့ရဦးမှာပါ။

၄။ နောက်တစ်ချက်ကတော့ iPhoneသုံးစွဲသူတွေ အများစု ကွန်ပလိန်း တက်ကြတဲ့ Batteryကြာကြာ မခံတဲ့ ကိစ္စပါ။ ဒါကြောင့် အခုထွက်မယ့် iPhoneအသစ်မှာ Batteryကို ကြာရှည်ခံအောင် စီစဉ်ရမှာဟာ အလိုအပ်ဆုံး အချက်တစ်ခုပါ။ စစ်တမ်းကောက်ခံရတဲ့ လူတွေရဲ့ ၅၇%ဟာလည်း ဒီအချက်ကို ထောက်ခံကြပါတယ်။

၅။ နောက်ပြီးတော့ ပြားချပ်ချပ် ပုံစံနဲ့ Control Centerပါ၀င်တဲ့ iOS 7ကို အသုံးပြု လိုပါတယ်။ Wi-Fi, Bluetooth, Screen Brightnessနဲ့ Accessစတာတွေကို ထိန်းချုပ်နိုင်မယ့် Swipe-Up Menuဟာလည်း စွဲမက်ဖွယ်ရာပါ။ ထွက်ရှိပြီးသမျှ အခြားOS တွေနဲ့ ကွဲပြားနေမယ့် Appleရဲ့ ဒီဇိုင်းအသစ်နဲ့ အရောင်အသွေးလှလှ iOS 7ဟာ ပရိသတ်တွေကို အကြီးအကျယ် ဆွဲဆောင်နိုင်ဦး မှာပါ။

၆။ နောက်ပိုင်းထွက်တဲ့ စမတ်ဖုန်းတွေ အားလုံးနီးပါးမှာ ပါ၀င်လာတဲ့ NFCစနစ်ဟာလည်း Appleရဲ့ iPhoneအသစ်မှာ ပါ၀င်သင့်ပါတယ်။ Appleအနေနဲ့ NFCပါ၀င်တဲ့ iPhoneမျိုး မဖြန့်ချိဖူးသလို အဲဒီ စနစ်ကို လုပ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ဆိုခဲ့ဖူး ပါတယ်။ NFCစနစ်ဟာ သင့်ဖုန်းနဲ့ အခြားဖုန်း အပြန်အလှန် Dataတွေ ကူးပြောင်းစီးဆင်း နိုင်သလို ပစ္စည်းတွေ ၀ယ်ယူတဲ့အခါ ငွေရှင်းတဲ့နေရာမှာလည်း အသုံးပြုနိုင် မယ်လို့ဆိုပါတယ်။ အန်းဒရွိုက်မှာတော့ ဒီစနစ်ဟာ Common Featureတစ်ခု ဖြစ်နေခဲ့ ပါပြီ။

၇။ နောက်ဆုံးအချက်ကတော့ iPhoneမှာ ဖုန်းတွင်းမှတ်ဉာဏ်ကို 32GB ပြည့်ပြည့်၀၀ သုံးစွဲလိုပါတယ်။ လက်ရှိမှာ 32GBအပြည့် မရဘဲ 28GBလောက်ပဲ Capacityရှိတာ ကိုတွေ့ရတာကြောင့် Storageများများ ရမယ်ဆိုရင် သီချင်းတွေ၊ Appsတွေ၊ ဓာတ်ပုံတွေနဲ့ အခြားအရာတွေ များစွာ ထည့်သွင်းထား နိုင်တာပေါ့။

မြန်မာအိုင်စီတီ ပရိသတ်တွေရော iPhoneအသစ်နဲ့ ပတ်သက်ပြီး ဘာများ မှတ်ချက်ပြုလိုပါသလဲ ခင်ဗျာ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *