News

Designer ရဲ့ စိတ်ကူးထဲက iPhone 6

Apple က ဒီနှစ်ကုန်ပိုင်းလောက်မှာ အရွယ်ကြီးမားတဲ့ iPhone ကို ထုတ်လုပ်မယ်လို့ သတင်းတွေထွက် နေပါတယ်။ ဒါပေမယ့် Designer Federico Ciccarse က အဆိုပါ iPhone ကို စိတ်ကူးပုံဖော်ပြီးတော့ ဒီဇိုင်းပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ လကလည်း Designer Federico Ciccarse က iPhone နှင့် ပတ်သတ်တဲ့ ဓာတ်ပုံတွေ ထုတ်လုပ်ခဲ့ပါသေးတယ်။ Wall Street Journal တွင် Apple က၂၀၁၄ ခုနှစ် ဒုတိယလ၀က်မှာ iPhone ၂ ခု ထုတ်လုပ်မှာဖြစ်ပြီး တစ်ခုက ၄.၅ လက်မ အရွယ် ရှိမှာဖြစ်ပြီး တစ်ခုမှာ ၅ လက်မအရွယ် ရှိမှာ ဖြစ်တယ်လို့ ရေးသားခဲ့ဖူးပါတယ်။ အခုလက်ရှိ iPhone 5S နှင့် iPhone 5C တို့ရဲ့ အရွယ်အစားက ဒေါင့်ဖြတ် တိုင်းတာလျှင် ၄ လက်မသာ ရှိတာဖြစ်ပါတယ်။

အောက်တွင် ဖော်ပြထားတဲ့ Designer ရဲ့ ဓာတ်ပုံများထဲမှ ညာဘက်ဒေါင့်စွန်းတွင်ဖော်ပြထားသော ဓာတ်ပုံမှာ ၅.၅ လက်မ အရွယ် (1,568 x 878 Pixels) Display တပ်ဆင်ထားသော iPhone ဖြစ်ပြီး အလယ်ဓာတ်ပုံမှာ ၄.၇ အရွယ် (1,338 x 750) Display တပ်ဆင်ထားတဲ့ iPhone နှင့် ဘယ်ဘက်ဒေါင့်စွန်းတွင် ဖော်ပြထားတာကတော့ iPhone 5S ဖြစ်ပြီး. ၄ လက်မအရွယ် (1,138 x 649) Display တပ်ဆင်ထားပါတယ်။

Ashampoo_Snap_06

၄ လက်မ အရွယ် iPhone ကနေ အခုလို ကြီးမားတဲ့ iPhone ထုတ်လုပ်ခြင်းက Phablet စျေးကွက်ကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ သုတေသနစစ်တမ်းတွေအရ Phablet အသုံးပြုသူ အရေအတွက်တွေက ကမ္ဘာတစ်၀န်းလုံးမှာ နေ့စဉ် နှင့်အမျှ တိုးတက်နေပါတယ်။ Apple ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Samsung ကလည်း မျက်နှာပြင်ကြီးမားတဲ့ ဖုန်းတွေကို ထုတ်လုပ် ရောင်းချနေပြီး အောင်မြင်မှု ရရှိနေပါတယ်။ Designer Federico Ciccarse က စိတ်ကူးပုံဖော်ထားတဲ့ iPhone ရဲ့ အနောက်ဘက်မျက်နှာပြင်မှာ ကွေးကောက်ပြီး.အလွန်ဆွဲဆောင်မှု ရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

5 thoughts on “Designer ရဲ့ စိတ်ကူးထဲက iPhone 6

  1. လှလည်းလှဝူး apple ကအဲလိုပုံစံထုတ်မှာမဟုတ်ဘူး.

  2. Where can I get one of these

    1. Thu Ya says:

      မရောင်းသေးပါဘူး။ ဒီဇိုင်နာ တစ်ယောက်ရဲ့ စိတ်ကူးပါ။

  3. James Aung says:

    ဆုတောင်းပေါ့ကွယ်

Leave a Reply

Your email address will not be published. Required fields are marked *