News

လတ်တလော ဖြစ်ပွားနေသည့် Cyber တိုက်ခိုက်ခံရမှုများတွင် Facebook Twitter တို့နှင့်အတူ Microsoft လည်း ပါဝင်လာ

facebook-t-m

အရေးပါတဲ့ နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Microsoftဟာ နာမည်ကြီး Social Networkတွေဖြစ်တဲ့ Facebookနဲ့ Twitterတို့လိုပဲ ပြီးခဲ့တဲ့ အပတ်အတွင်းမှာ Cyber တိုက်ခိုက်မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။ Microsoft Corporationဟာ အခုလို တိုက်ခိုက်ခံခဲ့ရမှုကို အတည်ပြုပေးခဲ့ပြီး Customerတွေရဲ့ Dataတွေကို ခိုးယူခဲ့ရခြင်းတော့ မရှိဘူးလို့ ပြောခဲ့ပါတယ်။

အအောင်မြင်ဆုံး Social Network တစ်ခုဖြစ်တဲ့ Facebookကလည်း တိုက်ခိုက်ခံခဲ့ရတယ် ဆိုတာကို ပြောကြားခဲ့ပြီး စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ပြောခဲ့ပေမယ့် အခြား ကုမ္ပဏီတွေရဲ့ တိုက်ခိုက် ခံရမှုတွေ အတွက်တော့ မှတ်ချက် မပေးခဲ့ပါဘူး။

Microsoftကလည်း Facebookလိုပဲ တိုက်ခိုက်မှုတွေအတွက် စုံစမ်းမှုတွေ ပြုလုပ်နေတဲ့အကြောင်း ပြောကြားခဲ့ပြီး သူတို့ ကုမ္ပဏီရဲ့ အချို့သော ကွန်ပျူတာတွေထဲမှာ မလိုလားအပ်တဲ့ Softwareတွေ ဘယ်လို ပုံစံမျိုးနဲ့ ထည့်သွင်းခံခဲ့ရတယ် ဆိုတာကို စုံစမ်းသွားမယ်လို့ သိရပါတယ်။ အလားတူပဲ Twitterကလည်း Twitter Userပေါင်း (၂၅၀,၀၀၀)ခန့်ရဲ့ အချက်အလက်တွေ ခိုးယူ ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *