News

Consumer Electronics Show မှ Samsung ရဲ့ ထူးခြားဆန်းပြားတဲ့ နည်းပညာပစ္စည်းများ

ဇန်နဝါရီလ အစောပိုင်းမှာ အမေရိကန်နိုင်ငံ Las Vegas မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Consumer Electronics Show မှာ ကမ္ဘာတစ်၀န်းက နည်းပညာ Company များက နည်းပညာပစ္စည်းတွေကို အပြိုင်အဆိုင် ထုတ်ဖော်ပြသခဲ့ပါတယ်။ Samsung က Tablets, Notebooks, Desktop, Ultra HD 4K TV , Smart Remote Control , Camera တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ကိုရီးယားအခြေစိုက် နည်းပညာ Company နှစ်ခုဖြစ်တဲ့ Samsung နဲ့ LG တို့က အပြိုင်အဆိုင် ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ Samsung ရဲ့ နည်းပညာ ပစ္စည်းတွေကို ရေးသားပေးလိုက်ပါတယ်။ LG က CES ပွဲမှာ ပြသခဲ့တဲ့ နည်းပညာ ပစ္စည်းတွေကိုရေးသားပေးခဲ့ပြီး အောက်က လင့် မှာ ဖတ်ရှုနိုင်ပါတယ်။

http://goo.gl/ksS2Aj

Galaxy NotePro , Galaxy TabPro Tablets

Samsung က ၁၂.၂ လက်မ Galaxy Note Pro ကို ပြသခဲ့ပြီး ထုတ်လုပ်ခဲ့ဖူးသမျှ တက်ဘလက် တွေထဲမှာ အရွယ်အကြီးဆုံး ဖြစ်ပါတယ်။ 2560×1600 Pixel Resolution Display, S Pen, LTE, 8 Megapixel Rear Camera, 2 Megapixel Front Camera, 3GB RAM, 32GB/64GB Storage, 9500mAh Battery, Android 4.4 KitKat တို့တပ်ဆင်ထားပါတယ်။ Processor ကို နှစ်မျိုးထုတ်လုပ်ပေးထားပြီး 3G or 4G နှစ်မျိုးဖြစ်ပါတယ်။ WiFi နဲ့ 3G အမျိုးအစားမှာ Exynos 5 Octa Chip တပ်ဆင်ထားပြီး 4G အမျိုးအစားမှာ Quad-Core Qualcomm Snapdragon 800 Chipset တပ်ဆင်ထားပါတယ်။

နောက်တက်ဘလက် တစ်မျိုးက Galaxy Tab Pro ဖြစ်ပါတယ်။ Specification တွေက Note Pro နဲ့ တူညီပေမယ့် S Pen မပါရှိပါဘူး။ Tab Pro ကို အရွယ်မျိုးစုံ ရွေးချယ်နိုင်ပါတယ်။ အကြီးဆုံးအရွယ် က ၁၂.၂ လက်မ ဖြစ်ပြီး ၁၀.၁ လက်မ ၊ ၈.၄ လက်မ များကိုလည်း ပြသခဲ့ပါတယ်။ နောက်ဆုံးမော်ဒယ် က LG G Pad 8.3 , iPad Mini တို့ကို ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

2

ATIV Book9 , ATIV One7

Samsung က နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ၁၅.၆ လက်မ ATIV Book9 နဲ့ ATIV One 7 All-In-One Desktop နှစ်ခုကို ပြသခဲ့ပါတယ်။

ATIV Book9 မှာ 1920×1080 Screen Resolution Display တပ်ဆင်ထားပြီး သူ့အရင် မျိုးဆက်ဖြစ်တဲ့ Book9 ထက် ၂၀ ရာခိုင်နှုန်း ပိုမိုတောက်ပပြီး ၁၂၅ ရာခိုင်နှုန်း ရုပ်ထွက်ပိုမိုကောင်းမွန်တဲ့ Display တပ်ဆင်ထားပါတယ်။ Intel Core i7 ULV Processor, Intel HD 4400 Graphics, 8GB RAM, 1024GB SSD Storage , Windows 8 တို့ တပ်ဆင်ထားပါတယ်။

Ativ One7 မှာ 1920×1080 Resolution Full HD Touchscreen Display , Core i3 or Core i5 Processor , 8GB RAM, 1TB HDD or 128GB SSD + 1TB HDD, 720p Camera, Windows 8.1 တို့ တင်ဆင်ထားပါတယ်။ HDMI Out Port နဲ့ USB 3.0 Port နှစ်ခုပါရှိပါတယ်။ Ativ One7 ကို တောင်ကိုရီးယားမှာ ဖေဖော်ဝါရီလအတွင်း ရောင်းချမယ်လို့ သိရပါတယ်။

3

Ultra HD 4K TV

Samsung က ၁၀၅ လက်မ ကွေးကောက် 4K UHD TV များနဲ့ ၈၅ လက်မ ကွေးကောက်နိုင်တဲ့ 4K UHD TV များကိုလည်း ပြသခဲ့ပါတယ်။ အဆိုပါ တီဗီများကို ၂၀၁၄ ခုနှစ် နှစ်၀က်မှာ ရောင်းမယ်လို့ သိရပါတယ်။ 4000×2000 Resolution ရှိရင် Ultra HD TV လို့ သတ်မှတ်လို့ရပါတယ်။ သာမာန် HD TV တွေထက် လေးဆ ရုပ်ထွက်ပိုမိုကောင်းမွန်ပါတယ်။ ၁၀၅ လက်မ ကွေးကောက် 4K UHD TV မှာ Pixel (၁၁) သန်း ပါရှိပြီး 5120×2160 Screen Resolution Display တပ်ဆင်ထားပါတယ်။

၈၅ လက်မ ကွေးကောက်နိုင်တဲ့ 4K UHD TV ရဲ့ ထူးခြားချက်က Remote Control က ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ Flat TV ကနေ ကွေးကောက်တီဗီ ဖြစ်အောင် အသွင်ပြောင်းနိုင်တာဖြစ်ပါတယ်။ ကြည့်ရှုသူရဲ့ နေရာပေါ်လိုက်ပြီး ပြောင်းလဲကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

၁၁၀ လက်မ S9 အမျိုးအစားကိုလည်း ပြသခဲ့ပြီး Samsung ထုတ်လုပ်ခဲ့သမျှ တီဗီတွေထဲမှာ အကြီးမားဆုံးလို့ ပြောရမှာဖြစ် ပါတယ်။ ဒါ့အပြင် U9000 အမျိုးအစားများကို ပြသခဲ့ပြီး ကွေးကောက် UHD TV များဖြစ်ပါတယ်။ အရွယ်အစား က ၅၅ ၊ ၆၅၊ ၇၈ လက်မ တို့ဖြစ်ပါတယ်။ ထောင့်ပေါင်းစုံကနေကြည့်လို့ အဆင်ပြေစေပါတယ်။

နောက်ဆုံးမှာ U8550 အမျိုးအစားများကို ပြသခဲ့ပြီး ၅၀၊၅၅၊၆၀၊၆၅၊၇၅ လက်မအရွယ်များထုတ်လုပ်ထားပါတယ်။

8

Smart Control Remote

Samsung က Smart Control Remote လို့ခေါ်တဲ့ Remote Control ကိုလည်း ပြသခဲ့ပါတယ်။ အဆိုပါ Remote ဟာ ပြီးခဲ့တဲ့နှစ်က ပြသခဲ့တဲ့ Remote ရဲ့ မျိုးဆက်ဖြစ်ပါတယ်။ စွမ်းဆောင်ချက် အသစ်နှစ်ခု ပါရှိလာပြီး ပုံသဏ္ဍာန်နဲ့ အသုံးပြုနိုင်တဲ့ နည်းတွေဖြစ်ပါတယ်။ သာမာန် Remote တွေလို လေးထောင့်ပုံစံမဟုတ်ဘဲ ဘဲဥပုံသဏ္ဍာန် ပြုလုပ်ထားပါတယ်။ Remote ကို လှုပ်ရှားပြီး ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ပါရှိလာသလို ထိတွေ့အသုံးပြုနိုင်တဲ့ Touchpad၊ အသံဖြင့်ခိုင်းစေနိုင်တဲ့ Mic ပါရှိလာ ပါတယ်။

5

WB Smart Cameras

Samsung က ကင်မရာအသစ်တွေကိုလည်း ပြသခဲ့ပါတယ်။ အဲဒီကင်မရာတွေမှာ Smart Connectivity ပါရှိပါတယ်။

Samsung WB2200F က အဆ ၆၀ အထိ Zoom ဆွဲနိုင်ပါတယ်။ 16.3 Megapixel BSI CMOS Sensor တပ်ဆင်ထားပါတယ်။ Optical Image Stabilisation နည်းပညာပါရှိပြီး ISO အဆင့်သတ်မှတ်ချက်က ၈၀ ကနေ ၆၄၀၀ ရှိပါတယ်။ Full HD Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။

WB350F မှာ 16.2 Megapixel CMOS Sensor တပ်ဆင်ထားပြီး ၂၁ ဆ အထိ Zoom ဆွဲယူနိုင်ပါတယ်။ Optical Image Stabilisation နည်းပညာပါရှိပြီး ISO အဆင့်သတ်မှတ်ချက်က ၈၀ ကနေ ၃၂၀၀ အတွင်းရှိပါတယ်။ Full HD Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။

နောက်ထပ် ကင်မရာနှစ်ခုက WB50F, WB35F တို့ဖြစ်ပါတယ်။ ကင်မရာ နှစ်ခုစလုံးမှာ 16.2 Megapixel CMOS Sensor တွေတပ်ဆင်ထားပါတယ်။ ၁၂ ဆ Zoom ဆွဲကြည့်နိုင်ပါတယ်။ Optical Image Stabilisation နည်းပညာပါရှိပါတယ်။ 720p Video Recording ပြုလုပ်နိုင်ပါတယ်။

6

NX30 နဲ့ Premium S Lens များ

NX30 က စွမ်းဆောင်ရည်မြင့် မှန်ချပ်မဲ့ ကင်မရာဖြစ်ပါတယ်။ 20.3 Megapixel APS-C CMOS Sensor တပ်ဆင်ထားပါတယ်။ သုံးလက်မအရွယ် ထိတွေ့မျက်နှာပြင် AMOLED Display တပ်ဆင်ထားပါတယ်။ WiFi, NFC ဆက်သွယ်မှု ပါရှိပါတယ်။ Cloud ၀န်ဆောင်မှုများနဲ့ ချိတ်ဆက်နိုင်ပြီး DRIMeIV Image Processor ပါရှိပါတယ်။

ကင်မရာ ရဲ့ ISO အဆင့်သတ်မှတ်ချက်က ၁၀၀ ကနေ ၂၅၆၀၀ ဖြစ်ပါတယ်။ 20 Megapixels (5472×3648) အရည်အသွေး ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။ Full HD Video တွေရိုက်ကူးပေးနိုင်ပါတယ်။ 3D ရုပ်သေဓာတ်ပုံတွေလည်း ရိုက်ကူး ပေးနိုင်ပါတယ်။

NX Camera အတွက် Zoom Lenses နှစ်ခုကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ 16-50 mm အကွာအဝေးရိုက်ကူးနိုင်တဲ့ Lens နဲ့ 16-50 mm F3.5-5.6 Power Zoom ED OIS တို့ဖြစ်ပါတယ်။

7

အခြားထုတ်ကုန်များ

Samsung က Sound Bar, GIGA System, Blu-ray Player စတဲ့ အိမ်တွင်းဖျော်ဖြေရေး ထုတ်ကုန်များကိုလည်း ပြသခဲ့ပါတယ်။ BMW ကားကို Galaxy Gear စမတ်နာရီ နဲ့ ချိတ်ဆက်နိုင်တဲ့ နည်းပညာကိုလည်း ပြသခဲ့ပါတယ်။

CES-2014-trendy-gadgets1

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *