ဇူလိုင် ၁၁ရက် ၂၀၁၄ခုနှစ် ညနေ ၆ နာရီခွဲတွင် စတင်ပြုလုပ်ခဲ့သော မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်ပွဲတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများနှင့် ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုများကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲခွင့်ရရှိသကဲ့သို့ ခံစားခဲ့ရပါသည်။ ပြပွဲအစ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ့ယဉ်ကျေးမှုကို ဖော်ဆောင်သော ကျောက်ဆည်ဆင်အကဖျော်ဖြေခဲ့သဖြင့် ကိုရီးယားများကို ရင်သက်ရှုမောဖြစ်စေခဲ့ပါသည်။ ထို့နောက် ကိုရီးယားကျောင်းသားများ ဖျော်ဖြေသော အကဖြင့်လည်းကောင်း၊ ထပ်မံပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထုံမွှမ်းစေသော ရခိုင်ရိုးရာ ယဉ်ကျေးမှု ဆီမီးအကဖြင့် ဖျော်ဖြေခဲ့ပါသည်။ ဆက်လက်၍ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးသော K-pop အကများကို ရှုမြင်ရပြီး ကိုရီးယား Danncer အကများဖြင့်နောက်ဆုံးဖိုင်နယ် ပြိုင်ပွဲများ ဆက်လက်ကျင်းပပြီး ဆုရရှိသည့်အဖွဲ့ကို ဆုတော်ငွေ ၁၀ သိန်း ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။