Business, Featured, Lifestyle

Coca-Cola Myanmar မှ FIFA ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအား ဂုဏ်ပြုသည့် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ကျင်းပပြီးစီး

Coca-Cola-Myanmar-Celebrates-the-2014-FIFA-World-Cup

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ (၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့) – ကမ္ဘာ့လူသိအများဆုံး ဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို ပို၍စိတ်လှုပ်ရှားစေရန် အတွက် ရန်ကုန်မြို့တွင် Coca-Cola Myanmar မှ ပျော်ပွဲရွှင်ပွဲတစ်ခုကို တနင်္ဂနွေနေ့နေ့လည် (၁) နာရီမှ ညနေ (၅) နာရီအထိ ဒဂုံစင်တာ (၂) ရှေ့တွင် ကျင်းပခဲ့ပါသည်။

ထိုပျော်ပွဲရွှင်ပွဲတွင် ပါဝင်ဆင်နွှဲသူများသည် အစီအစဉ်ပေါင်းများစွာဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ တေးသံရှင် အိမ့်ချစ် နှင့် မိစန္ဒီ တို့၏ ဖျော်ဖြေတင်ဆက်မှုများ၊ ဘောလုံးနှင့် ပတ်သက်သော ကစားနည်းများ နှင့် အခြားပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲအစီအစဉ်များစွာ ပါဝင်ခဲ့ပါသည်။ ထို့အပြင် Coca-Cola ၏ “Brrr” တီဗွီကြောငြာတွင် ပါသကဲ့သို့ “Brrr” အကောင်းဆုံးသရုပ်ဆောင်လုပ်နိုင်သူများအနေဖြင့် Coca-Cola ၏ FIFA ကမ္ဘာ့ဖလား အထိမ်းအမှတ် ဆုလက်ဆောင်များ ရရှိနိုင်မည့် အစီအစဉ်လည်း ပါဝင်ခဲ့ပါသည်။

ပွဲတက်ရောက်သူများအနေဖြင့် အရသာရှိပြီး လန်းဆန်းစေသည့် Coca-Cola အေးအေးလေးကို အခမဲ့ သောက်သုံးနိုင်ခဲ့သည့် အခွင့်အရေး အပြင် ၂၀၁၄ FIFA ကမ္ဘာ့ဖလား ၏ အိမ်ရှင်နိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံ၏ ယဉ်ကျေးမှု တစ်စိတ်တစ်ဒေသကိုပါ ကြည့်ရှုခံစား နိုင်သော Capoeira အကအဖွဲ့ နှင့် ဘရာဇီး နိုင်ငံ၏ ရိုးရာ ဂီတဖြစ်သည့် samba တေးဂီတတို့ကိုပါ ထည့်သွင်းဖျော်ဖြေခဲ့ပါသည်။

The Coca-Cola မှတင်ဆက်တဲ့ ၂၀၁၄ FIFA ကမ္ဘာ့ဖလားသီချင်းကို မြန်မာဘာသာဖြင့် သီဆိုထားသော “The World Is Ours” သီချင်း၏ ဂီတဗွီဒီယို တွင် ပါဝင်သည့် Hyrax အကအဖွဲ့မှလည်း ထိုပျော်ပွဲရွှင်ပွဲတွင် ကပြဖျော်ဖြေခဲ့ပါသည်။ ထိုသီချင်းကို ယခုနှစ် အစောပိုင်းက စတင်မိတ်ဆက်ခဲ့ပြီး Coca-Cola ၏ ကမ္ဘာ့လုံးဆိုင်ရာ အမှတ်တံဆိပ်သံတမန်ဖြစ်ပြီး နိုင်ငံတကာ ဂီတအနုပညာရှင်ဖြစ်သော David Correy နှင့်အတူ Coca-Cola ၏ မြန်မာနိုင်ငံဆိုင်ရာ အမှတ်တံဆိပ် သံတမန်များဖြစ်ကြသော စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer တို့မှ ပါဝင်သီဆိုခဲ့ကြပါသည်။

၁၉၇၈ ခုနစ်မှစတင်၍ယခုတိုင် Coca-Cola သည် FIFA ကမ္ဘာ့ဖလားဘောလုံးပွဲများအတွက် ကူညီထောက်ပံ့ပေးနေသည့် တရားဝင်စပွန်ဆာ ကုမ္ပဏီတစ်ခုအဖြစ်သာမက ဘောလုံးအားကစားနှင့် ပတ်သက်ပြီး ကဏ္ဍမျိုးစုံ၊ အလွှာအမျိုးမျိုးတွင် တစိုက်မတ်မတ် ထောက်ခံ အားပေး ပံ့ပိုးပေးလျက်ရှိသော ကုမ္ပဏီတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ Coca-Cola Myanmar ၏ သတင်းအချက်အလက်များကို ပို၍သိရှိလိုပါက ww.facebook.com/CocaColaMyanmar သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *