News

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ယုံကြည်

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၄ခုနှစ်တွင် ၆ဒသမ ၈ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ပြီး တိုးတက်နိုင်မှု အလားအလာကို ယုံကြည်ကြောင်း အာရှဖွံံ့ဖြိုးရေးဘဏ် (ADB)က ပြောကြားသည်ဟု သိရသည်။ လက်ရှိတွင် မြန်မာ၏ စီးပွားရေး တိုးတက်နှုန်းသည် ၅ဒသမ ၅ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် သဘာ၀ဓာတ်ငွေ့နှင့် ရေအားလျှပ်စစ် တင်ပို့ ရောင်းချမှုများနှင့် ခရီးသွားလုပ်ငန်းမှ ရရှိလာမည်ဟု ADBက တွက်ချက်ထားသည်။

၂၀၁၄ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်နှုန်းမှာ ခုနှစ်ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ ရှိလာမည်ဟု ADB ဒုဥက္ကဌ Zhao xiaoyuက ပြောကြားသည်။ နေပြည်တော်တွင် ပြုလုပ်သော အခမ်းအနားတွင် စီးပွားရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာရေးအတွက် အိမ်နီးချင်း နိုင်ငံများနှင့် ချိတ်ဆက်လုပ်ဆောင်ရန် မြန်မာကို အေဒီဘီက တိုက်တွန်းခဲ့သည်ဟု သိရသည်။

ယင်းကဲ့သို့ ပူးပေါင်းလုပ်ဆောင်မှု တိုးမြှင့်ခြင်းဖြင့် အရှေ့တောင်အာရှ နိုင်ငံများအတွင်းက ကုန်သွယ်ရေး လွတ်လပ်မှုနှင့် ငွေကြေး ပူးပေါင်း ဆောင်ရွက်မှုတို့မှ မြန်မာက အကျိုးအမြတ်များ ရရှိလာနိုင်မည်ဟု ဆိုသည်။ ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေစဉ်အတွင်း စနစ်တကျ စီမံကိန်းချ လုပ်ဆောင်သွားလျှင် အလယ်အလတ်တန်းစား ၀င်ငွေရှိသော နိုင်ငံတစ်ခုအဖြစ် မကြာခင်ရောက်ရှိလာနိုင်သည်ဟု အေဒီဘီက ယူဆ ထားသည်။

“ဒေသတွင်း စီးပွားရေး ပူးပေါင်းလုပ်ဆောင်တာက မြန်မာအတွက် တကယ့်အခွင့်အလမ်းပါ။ အဲဒီအခွင့်အလမ်းကို ဆုပ်ကိုင်ဖို့ အစိုးရကလည်း ပွင့်လင်းမြင်သာမှုရှိတဲ့ အနေအထားကို ဖန်တီးပေးရပါမယ်။ တစ်ဖက်ကလည်း ကောင်းမွန်တဲ့ အစိုးရ အုပ်ချူပ်မှုနဲ့ စီးပွားရေး လုပ်ဆောင်မှုအပေါ်မှာ မကန့်သတ်တဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်။ ဒီအချက်တွေက စွန့်ဦးတီထွင်မှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ အလုပ်ဖြစ်တဲ့ ပုဂ္ဂလိကကဏ္႑ ကို ဖန်တီးပေးတယ်”ဟု အေဒီဘီ ဒုဥက္ကဌ မစ္စတာ Zhaoက ပြောကြားသည်ဟု ဆိုသည်။

မြန်မာအစိုးရအနေဖြင့်လည်း နိုင်ငံခြားငွေ ပိုမိုရရှိရန် စီးပွားရေးကို ပိုမိုလမ်းဖွင့်ပေးရန် လိုအပ်နေသည်ကို အသိအမှတ်ပြု ပြောကြားခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ယုံကြည်

  1. ဒီလူမျက်စိမပါဘူးနဲ့တူတယ် စည်းပွားရေး ကတစ်ထက်တစ်နှစ်ကြပ်လာတာဘဲရှိတာအစိုးရက ဖမ်းဖို့ဘဲသိ ပြည်သူတွေကိုစီးပွားရေး ဘယ်လိုကောင်းအောင်လုပ်ဖို့ တစ်ခါမှ မလုပ်ဆောင်ခဲ့လို့လဲ ပိုက်ဆံက မယားငယ်ရှာတာထက်ခက်နေပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *