News

မြန်မာ့ဧည့်မထဆန်များ ဂျပန်ဈေးကွက် စတင်ရရှိ

Myanmar-ae-ma-hta-Rice

ပြည်ပနိုင်ငံများမှ ဝယ်ယူလျက်ရှိသော မြန်မာ့ဆန်များကို တောင်ကိုရီးယား နှင့် ရုရှားတို့အပြင် ဂျပန်နိုင်ငံမှလည်း ဆန်များ စတင် ဝယ်ယူနေပြီ ဖြစ်သဖြင့် လာမည့် မေလဆန်းတွင် သငေ်္ဘာဖြင့် တင်ပို့တော့မည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့မည့် ဆန်အမျိုးအစားမှာ ဧည့်မထ အမျိုးအစားဖြစ်ပြီး ဆန်တန်ချိန် ၅၀၀၀တင်ပို့မည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံက ဆန်ဝယ်ယူမည့် တင်ဒါခေါ်ရာတွင် မြန်မာနိုင်ငံ ကိုလည်း ဖိတ်ခေါ်ခဲ့သည့်အတွက်တင်ဒါအောင်ပြီးဂျပန် ဈေးကွက်ကိုစတင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။ ဂျပန်သို့ ဆန်ပထမဆုံး တင်ပို့မည့် ကုမ္ပဏီမှာ မြန်မာ့လယ်ယာ စီးပွားရေး အများပိုင် ကုမ္ပဏီဖြစ်ပြီး ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၉၀နှုန်း ရရှိမည် ဖြစ်သည်။

တင်ပို့မည့် ဆန်များတွင် အရည်အသွေး ပြည့်ဝမှု ရှိ၊ မရှိ ဆန်များအတွင်း ဓာတု အကြွင်းအကျန်များ ပါဝင်ခြင်း ရှိ၊မရှိစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ တင်ပို့ကုန် စည်းကမ်းသတ်မှတ်ထားသည်။မြန်မာ့ဧည့်မထ ဆန်များကို ဂျပန်နိုင်ငံ Mitsui ကော်ပိုရေးရှင်းက ဝယ်ယူခြင်း ဖြစ်ပြီး နောက်ပိုင်းတွင်လည်း ဂျပန်မှ ဆန်တင်ဒါများကို မြန်မာ့လယ်ယာ စီးပွားရေး အများပိုင် ကုမ္ပဏီက ဆက်လက် တင်ဒါသွင်း ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္႑ာရေးနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ဒသမ ၅သန်း တင်ပို့နိုင်ရန် မျှော်မှန်းထားရာ ယခု အချိန်အထိ ဆန်တန်ချိန် ၁ဒသမ ၆သန်းကျော် တင်ပို့ထားပြီး ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *