News

မြန်မာသတင်းအချက်အလက် နှင့် နည်းပညာတက္ကသိုလ်တစ်ခု မန္တလေးတွင် ဖွင့်လှစ်မည်

Myanmar-news-mandalay-photo

မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ် တစ်ခုကို မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်ရှိ လေယာဉ်ကွင်းဟောင်း နေရာတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ဧက ၂၀ခန့် ကျယ််ဝန်းသည့် လေယာဉ်ကွင်း ဟောင်းတွင် သဘာဝနှင့် အနီးစပ်ဆုံး အစိမ်းရောင် နည်းပညာဖြင့် တည်ဆောက်သွားမည် ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများကို တင်ဒါ ခေါ်ယူနေကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ သတင်း ရရှိပါသည်။ ယင်းတက္ကသိုလ်အား လာမည့် ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေပြီး အိန္ဒိယနိုင်ငံမှ သင်ရိုးညွှန်းတမ်း စာအုပ်များ၊ သင်ရိုး မာတိကာ များကို ထောက်ပံ့ပေးမည် ဖြစ်သကဲ့သို့ သင်ကြားရေးအတွက်လည်း ပါမောက္ခများ စေလွှတ်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီ အိုင်စီတီ ပညာရှင်များ ပေါ်ထွက်လာအောင် လေ့ကျင့် သင်ကြားပေးမည် ဖြစ်ပြီး ကျောင်းဝင်ခွင့်အတွက် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် အမှတ်ကောင်းသည့် သူများကို ရွေးချယ်သွားမှာ ဖြစ်ကြောင်း သိရသည်။

မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ်တွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ပြီး Commerce and Government, Communication, English and Soft Skills, Centre for Network Management, Centre for Community Learning Management စသည့် ဌာနများ ထည့်သွင်း ဖွဲ့စည်းသွားမည် ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၀ရက်နေ့က သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ပြည်ထောင်စု ဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ၀န်ကြီးချုပ်၏ အကြံပေး ပုဂ္ဂိုလ်တို့ တွေ့ဆုံခဲ့ကြပြီး သင်ကြားမည့် ဘာသာရပ်များ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများ၊ ကျွမ်းကျင် ပညာရှင်များ၊ အင်တာနက်နှင့် အခြား အခြေခံ အဆောက်အအုံများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *