Gadgets, Review

Beatsက ကြိုးမဲ့ နားကြပ် Powerbeats2ကို ပြသ

Beatsက ကြိုးမဲ့ နားကြပ် Powerbeats2ကို ပြသ

Appleက Beatsကို ၀ယ်ယူလိုက်ပေမယ့် Beatsရဲ့ စွမ်းဆောင်ရည်မြင့် နားကြပ်များကတော့ လူစိတ်၀င်စားမှုနည်းပါးခြင်းမရှိပါဘူး။ Beatsက Soloအမျိုးအစားနားကြပ်များကို အဆင့်မြှင့်ရောင်းချအပြီးမှာ Powerbeatsနားကြပ်အမျိုးအစားအသစ်ဖြစ်တဲ့ Powerbeats2ကြိုးမဲ့ နားကြပ်ကို ပြသလိုက်ပါတယ်။

နားကြပ်ကို ခေါင်းမှာတပ်ဆင်ပြီး Wireless Audio Playerတစ်လုံးကို အိတ်ကပ်ထဲထည့်သွားတာနဲ့ လမ်းလျှောက်သွားလာတဲ့ အခါမှာဖြစ်ဖြစ် အားကစားပြုလုပ်တဲ့အခါမှာ ဖြစ်ဖြစ် သီချင်းနားထောင်ပြီး ဇိမ်ကျနိုင်ပါတယ်။ Audio Playerများနဲ့ Bluetoothမှတစ်ဆင့် ပေသုံးဆယ်အကွာအဝေးအတွင်းမှာ ချိတ်ဆက်နိုင်ပါတယ်။ နားကြပ်မှာ ပါတဲ့ ဘက်ထရီက ခြောက်နာရီကြာ သီချင်းနားထောင်နိုင်ပါတယ်။ ၁၅ မိနစ်အားသွင်းတာနဲ့ နောက်ထပ် တစ်နာရီ အသုံးပြုနိုင်တယ်လို့ Beatsက ပြောပါတယ်။ ဘက်ထရီသက်တမ်းဟာ အသံအတိုးအကျယ်နဲ့ Deviceနှစ်ခုရဲ့ အကွာအဝေးပေါ်မူတည်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

နားကြပ်ကို ဘက်စကတ်ဘောကစားသမား LeBron Jamesနဲ့ ပူးပေါင်း ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ နားကြပ်ဟာ ပေါ့ပါးပြီး ၀တ်ဆင်အသုံးပြုရ အဆင်ပြေတယ်လို့ Beatsက ပြောပါတယ်။ နားကြပ်ကို အနီ၊ အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပြီး ဇွန်လနှောင်းပိုင်းမှာ ဒေါ်လာ ၁၉၉နဲ့ ရောင်းချမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *