News

Dell တံဆိပ်ပစ္စည်းများ KMD ဖြန့်ဖြူးရောင်းချခွင့် ရရှိ

kmd-dell

အမေရိကန် နိုင်ငံ အခြေစိုက် Dell ကွန် ပျူတာ ကုမ္ပဏီမှ KMD ကုမ္ပဏီအား ဖြန့်ဖြူး ရောင်းချခွင့်နဲ့ အကျိူးတူ ပူးပေါင်း ဆောင်ရွက်မှု Partner Certificate လက်မှတ်ပေးပွဲကို မေလ ၂၁ ရက် နေ့လည် တွင် ရန်ကုန်မြို့Park Royal ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့သည်။ Mr.Anothai Wettayakorn (Manganing Director & General Manager, Dell Indochina)မှ ဈေးကွက်စီးပွားရေးစနစ်တွင် Dell အမှတ် တံဆိပ်၏ တည်ဆောက်ပုံ အဆင့်ဆင့်နှင့် Dell ၏သိလိုဖွယ်ရာအချို့ကို တင်ပြခဲ့သည်။

KMD၏ New Parter Mr. Ronald အောင်မိုး ရွေှမှ Partner Certificateကို လက်ခံ ရယူ ပြီးနောက် ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။ Dell ဟာ မြန်မာနိုင်ငံမှာ သာမက နိုင်ငံတကာ ဈေးကွက်များတွင် လည်း နည်းပညာပိုင်းဆိုင်ရာတွင် ထိပ်တန်း၀င် အမျိုးအစား တစ်ခု ဖြစ်ပြီး နောင်ပိုင်းများတွင် မြန်မာနိုင်ငံသို့ Netbook, Desktopနဲ့ အခြား အိုင်တီဆိုင်ရာ ပစ္စည်း များကို တိုးချဲ့ ဖြန့်ဖြူး သွားမည် ဖြစ်ကာ နေ့စဉ် ဈေးကွက်ထဲမှာ အလျင်အမြန် ကြီးထွားနေတဲ့ ထုတ်ကုန် တွေရဲ့ အရောင်း လိုအပ်ချက်ကို ဖြည့်ဆည်း သွားမည်ဟု သိရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *