News

Miss Supranational Myanmar 2013ကို ဇူလိုင်လတွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်၍ လျှောက်လွှာ ခေါ်ယူ

miss-myanmar

Miss Supranational Myanmar 2013ပြိုင်ပွဲကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် ခမ်းနား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပြီး၊ အလှမယ်များကို စနစ်တကျ ရွေးချယ် ယှဉ်ပြိုင်စေမည် ဖြစ်ကာ ပထမဆု ရရှိသူ Miss Supranational Myanmarကို ဆုငွေ ကျပ်သိန်း ၃၀၊ ဒုတိယဆုကို ကျပ်သိန်း ၂၀၊ တတိယဆုကို ကျပ် ၁၀သိန်းနှင့် အခြား Titleဆု တစ်ခုစီအတွက် ကျပ် (၂)သိန်းစီ ချီးမြှင့်သွားမည်ဟု Miss Supranational Myanmar 2013 အလှမယ်ပြိုင်ပွဲ၏ စာနယ်ဇင်း ရှင်းလင်းပွဲအရ သိရပါသည်။ “အရည်အချင်း ပြည့်ဝပြီး လှပကြော့ရှင်းသူ မြန်မာအလှမယ်များ အတွက်ကတော့ ကမ္ဘာ့အဆင့်အထိ ထင်ရှားကျော်ကြားစေမယ့် အလှမယ် ရွေးချယ်ပွဲကြီးမှာ ပါဝင် ယှဉ်ပြိုင်ခွင့် ရစေမယ့် အခွင့်အလမ်းကောင်း တစ်ရပ်ပဲ ဖြစ်ပါတယ်”ဟု အဆိုပါပွဲကို စီစဉ်သူတစ်ဦးက ပြောသည်။

ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် လျှောက်လွှာများကို Miss Myanmar Office, Website – www.missupranational.myanmar.ong နှင့် Facebook–www.facebook.com/misssupranationalmyanmarတို့တွင် အခမဲ့ ရယူနိုင်ပြီ ဖြစ်သည်။ ဇွန်လ ၂၅ရက်နေ့ထက် နောက်မကျစေပဲ Miss Supranational Myanmarရုံး တည်ရှိရာ G1 (14)၊ အဆောင် (င)၊ ပုလဲကွန်ဒို၊ ဗဟန်းမြို့နယ်သို့ လူကိုယ်တိုင် ပေးပို့နိုင်ကြောင်း သိရသည်။ Miss Supranational Mynmar 2013 ပြိုင်ပွဲ ဝင်လိုသူများသည် အောက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် ဖြစ်ပါ သည်။

ပြိုင်ပွဲဝင်သည် မြန်မာလူမျိုး၊ အမျိုးသမီး ဖြစ်ရပါမည်။ ၁၊ ၈၊ ၂၀၁၃ခုနှစ်တွင် အသက် (၁၈)နှစ်ပြည့်ပြီးသူနှင့် (၂၆)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
အိမ်ထောင်မရှိသူ၊ အပျိုဖြစ်ရမည်။ အရပ် (၅)ပေ (၅)လက်မနှင့် အထက် ရှိသူ ဖြစ်ရ မည်။ ရုပ်ရည်ချောမောပြီး ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပသူ၊
နှစ်လိုဖွယ် အမူအရာနှင့် ကိုယ်နေဟန်ထားရှိသူ ဖြစ်ရမည်။ ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။ အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။ အနိမ့်ဆုံး ပညာအရည်အချင်း တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီးသူ ဖြစ်ရမည်။ အထွေထွေ ဗဟုသုတ ကြွယ်ဝပြီး ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်သူ၊ ပရိသတ် အများရှေ့တွင် ကျွမ်းကျင် လိမ္မာစွာဖြင့် စကားပြောဆိုနိုင်သူ ဖြစ်ရပါမည် အင်္ဂလိပ်ဘာသာ စကားပြောနိုင်သူ ဖြစ်ရမည်။ (Final ပြိုင်ပွဲတွင် English Essay/ Impromptu Talk Competition ယှဉ်ပြိုင်ရမည် မဟုတ်ပါ) အသင်းအဖွဲ့ဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်တတ်သူ ဖြစ်ပြီး Organizer၏ လမ်းညွှန်ချက်များ၊ စည်းမျဉ်း စည်းကမ်းများကို လက်ခံလိုက်နာနိုင်သူ ဖြစ်ရပါမည်။ Photo 4”×6” Size မျက်နှာ အနီးကပ်ပုံ (၁)ပုံ၊ ကိုယ်တစ်ပိုင်းပုံ (၁)ပုံ၊ တစ်ကိုယ်လုံးပုံ (၁)ပုံ၊ စုစုပေါင်း ဓာတ်ပုံ (၃)ပုံနှင့်အတူ ပူးတွဲပေးပို့ရမည်။ မြန်မာနိုင်ငံသား မှတ်ပုံတင် မိတ္တူ (၁)စုံ၊ အိမ်ထောင်စုစာရင်း မိတ္တူ (၁)စုံ၊ မိဘအုပ်ထိန်းသူ ခွင့်ပြုစာ (၁)စောင် ပါရမည်။ လျှောက်လွှာကို Miss Supranational Myanmar ရုံးသို့ ၂၀၁၃၊ ဇွန်လ (၂၅)ရက်နေ့ နောက်ဆုံးထား ပေးပို့ရပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *