Automobile, Featured, Review

မောင်းသူမဲ့ ကားကိုအသုံပြုဖို့ သင်အဆင်သင့်ဖြစ်ပြီလား?

မောင်းသူမဲ့ ကားကိုအသုံပြုဖို့ သင်အဆင်သင့်ဖြစ်ပြီလား?

မောင်းသူမဲ့ကားဆိုတဲ့ အသံကို ကြားရတာနဲ့တင် အံ့သြစရာကောင်းလှပါတယ်။ စစ်တမ်းကောက်ယူမှု အသစ်တစ်ခုအရတော့ အမေရိကန်လူမျိုး အများစုဟာ ကားရဲ့ဘီးတွေကို software တွေနဲ့ ထိန်းချုပ်နိုင်တယ်ဆိုတာကို ယုံကြည်မှု အပြည့်အဝ မရှိသေးပါဘူး။ ကွန်ပျူတာပရိုဂရမ်တစ်ခုဟာ သင့်ကို အေးအေးဆေးဆေး စာအုပ်ဖတ်မပြတ်စေပဲ အလုပ်ကို သွားနိုင်အောင် ကြိုပို့ (ferry) လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေက ဘေးကင်းပါ့မလား?

Insurance.com Website တစ်ခုဟာ ယဉ်မောင်းလိုင်စင် ၂၀ဝ၀ ကျော်ရဲ့ ယဉ်မောင်းသူတွေကို စစ်တမ်းကောက်ယူမှု လုပ်ခဲ့ပါတယ်။ အဲ့ဒီယဉ်မောင်းသူတွေရဲ့ ၂၂ ရာခိုင်နှုန်းဟာ မောင်းသူမဲ့ ကားတွေ ဝယ်ယူရတာကို ကြိုက်ပါတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ အစောပိုင်းကာလက အတည်ပြုခဲ့တဲ့ အချက်တွေကိုတော့ လက်မခံခဲ့ပါဘူး။ ၂၄ ရာခိုင်နှုန်းသော လူနည်းစုက ပြောကြားရမှာတော့ မောင်းသူမဲ့ကားတွေကို ဘယ်တော့မှ မဝယ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အာမခံကြေးပေးခြေရတဲ့ ငွေပမာဏ နည်းပါးလွန်းသော ငွေကြေးအခြေအနေကြောင့် ၃၇ ရာခိုင်နှုန်းသော လူတွေကတော့ မောင်းသူမဲ့ကား တစ်စီးတော့ စမ်းသပ် ဝယ်ယူကြမယ်လို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ၁၃ ရာခိုင်နှုန်းသော လူဦးရေကတော့ မောင်းသူမဲ့ကားများကို ဝယ်ယူရန် စဉ်းစားဆင်ခြင်နေကြတယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အချို့လူတွေကတော့ ကိုယ်တိုင်မောင်းနှင်နေရသော ကားတွေနဲ့ အပြေးအလွှား သွားလာနေရခြင်းက ဘေးကင်းလုံခြုံမှု မရှိတဲ့အတွက် အသုံးမပြုချင်ကြတော့ဘူးလို့ ပြောနေကြပါတယ်။ ၆၁ ရာခိုင်နှုန်းသော လူတွေကတော့ မောင်းသူမဲ့ကားတွေဟာ ကိုယ်တိုင်မောင်းနေကြတဲ့ ယဉ်မောင်းတွေလိုမျိုး တူညီတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပါ့မလား? ၇၆ ရာခိုင်နှုန်းသော လူတွေကတော့ သူတို့ရဲ့ ကလေးတွေကို မောင်းသူမဲ့ကားတွေနဲ့ ပို့ဆောင်ပေးဖို့အတွက် မယုံကြည်ရဲဘူး ဖြစ်နေကြပါတယ်။ ဒီအချက်တွေအတွက် အကြီးမားဆုံးသော ဆန့်ကျင်မှုတစ်ချို့ကို လေ့လာတွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ မောင်းသူမဲ့ကားတွေဟာ လူတွေရဲ့ပေါ့ဆမှုတွေကြောင့် အဓိက ဖြစ်တဲ့ ယာဉ်တိုက်မှုတွေကို ပယ်ရှားပေးနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

ဝယ်ယူအားပေးကြမဲ့ customer တွေကြိုက်ကြိုက်မကြိုက်ကြိုက် Google ရဲ့ မောင်းသူမဲ့ ကားကတော့ ထုတ်လုပ်လာခဲ့ပြီ ဖြစ်ပါတယ်။ များစွာသော မောင်းသူမဲ့ ယာဉ်အသစ်များမှာ နောက်ကိုကြည့်ရှုနိုင်မဲ့ ကင်မရာပါရှိခြင်း၊ ကားပါကင် အလိုအလျောက် ထိုးပေးနိုင်မဲ့ စနစ်များပါဝင်ခြင်း၊ သင့်ကားနှင့် အခြားကား အရမ်းနီးကပ်နေလျှင် အချက်ပေးနိုင်မဲ့ စနစ်ပါဝင်ခြင်းတွေဖြင့် Customer များအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေကို ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ဒါကြောင့် မောင်းသူမဲ့ကားကို အသုံးပြုပြီး စက်ပစ္စည်းအစားထိုးစနစ်တွေနဲ့ လူတွေကို အကောင်းဆုံးသက်သာလာစေနိုင်ပါပြီလို့ မောင်းသူမဲ့ကားအကြောင်းကို Google မှ ဖော်ပြချက်နှင့် အခြား Website များမှ ဖော်ပြချက်များအရ သိရှိနိုင်ပါပြီ။

AungKoHtet

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *