Education, Lifestyle, News

“Web Developer Foundation [Batch-4]”သင်တန်းဖွင့်လှစ်မည်

“Web Developer Foundation [Batch-4]”သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Web Developer Foundation [Batch-4] သင်တန်း တစ်ခုကို သြဂုတ်လ (၁၈) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ ပြောင်းလဲနေသော နည်းပညာခေတ်အတွက် လိုက်လျောညီထွေမှု ဖြစ်စေရန် Web Technology များသည် အရေးပါလှပါသည်။ နည်းပညာခေတ်တွင် တက်လှမ်းကြမည့် သူများအတွက် အခြေခံအုတ်မြစ်သည် အသက်ပမာ လိုအပ်ပါသည်။ အုတ်မြစ်ခိုင်မှ ရေရှည်တည်တံ့ ခိုင်မြဲမည် တိုးတက်စည်ပင်နိုင်မည်လည်း ဖြစ်ပါသည်။ နည်းပညာခေတ်တွင် Web Developer တစ်ယောက်အနေနှင့် ရပ်တည်နိုင်ရန် ဤသင်တန်းအား အစပျိုးအနေဖြင့် မတက်မဖြစ် တက်ရောက် ရမည်ဖြစ်ပါသည်။ နိင်ငံရပ်ခြားသို့ သွားရောက်မည့် ကျောင်းသားများ၊ ကွန်ပျူတာကျောင်းဆင်းများ၊ မကြာခင်လုပ်ငန်းခွင် ဝင်မည့်သူများ၊ ဘလော့ခ်များ ပိုင်ဆိုင်ပြီး ပြင်ဆင်မွမ်းမံလိုသူများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ မဖြစ်မနေ တက်ရောက်သင့်သော သင်တန်းလည်း ဖြစ်ပါသည်။ သမာရိုးကျ နည်းလမ်းများထက် Problem Solving, Mind Mapping and Project Planning အစရှိသော နည်းလမ်းများဖြင့် အတွေ့အကြုံရှိသော၊ ပြည်တွင်းနှင့် နိုင်ငံတကာ ပရောဂျက်များ လက်တွေ့ရေးသားနေသော ကိုဝိန်း@ကိုဝေလင်းထွန်း မှ သင်ကြားမည် ဖြစ်ပါသည်။ လက်ရှိတွင် Web Technology များဖြင့် လုပ်ကိုင်နေပြီး မိမိကိုယ်မိမိ အားမရနေသူများလည်း အခြေခံခိုင်မာစေရန် တက်ရောက်နိုင်ပါသည်။ သင်တန်းပြီးဆုံးပါက ခေတ်စားနေသော PHP, ASP.Net, J2EE အစရှိသော နည်းပညာများကို ဆက်လက်လေ့လာရာတွင် ထောက်ကူပေးနိုင်မည် ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် အလေ့အကျင့်ကောင်းများလည်း ရရှိနိုင်မည် ဖြစ်ပါသည်။

အခြေခံလိုအပ်ချက်: တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) GCE-O Level အောင်မြင်ပြီးသူများ ပါဝင်မည့်အကြောင်းအရာများ…..

 Introduction to World Wide Web

 Learning Coding Good Practices

 HTML (Input, Formatting , Headings, List, Link)

 Creating Website layouts and web frames

 CSS (External,Internal,Inline,Inheritance and Basic CSS 3)

 Javascript

 Introduction to HTML5

သင်တန်းကာလ – သြဂုတ်လ (၁၈) ရက် မှ အောက်တိုဘာလ (၂၁) ရက်အထိ

သင်တန်းအချိန် – နေ့လည် ၂:ဝ၀ မှ ၅:ဝ၀ နာရီ (တနင်္လာ၊ အင်္ဂါ)

သင်တန်းကြေး – ၁၅၀ဝ၀ဝ (တစ်သိန်းငါးသောင်းကျပ်) MCPA Member (50%) – ၇၅၀ဝ၀ (ခုနှစ်သောင်းငါးထောင်ကျပ်)

သင်တန်းသားဦးရေ – (15) ဦး

သင်တန်းနေရာ – အဆောင် (၄)၊ အခန်း (၄)၊ MCPA Lab Room၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများ အနေဖြင့် သြဂုတ်လ (၁၈) ရက်နေ့ နေ့လည် (၁၂) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ဝ၁-၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။

(မှတ်ချက်။ အတန်းတက်ချိန် ၇၅ % မပြည့် ပါက သင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ။)

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *