Apple ရဲ့ Siri, Maps နဲ့ အခြား ၀န်ဆောင်မှုများကို ကားများတွင် အသုံးပြုနိုင်မယ့် ‘iOS in the Car’ နည်းပညာကို Apple က ထုတ်ဖော်ပြောဆိုခဲ့တာ ရှစ်လရှိပြီဖြစ်ပါတယ်။ အခုတော့ အဲဒီစီမံကိန်း အကောင်အထည်ပေါ်တော့မှာ ဖြစ်ပါတယ်။ Financial Times ရဲ့ ဖော်ပြချက်အရ Apple နဲ့ ကားထုတ်လုပ်သူတွေဟာ ‘iOS in the Car’ နည်းပညာထည့်သွင်းထားတဲ့ ကားများကို Geneva Motor Show မှာ ပြသတော့မှာ ဖြစ်ပါတယ်။ Ferrari, Mercedez-Benz, Volvo တို့က Apple ရဲ့ ၀န်ဆောင်မှုများပါတဲ့ ကားများကို ပြသမှာ ဖြစ်ပါတယ်။ Apple နဲ့ ကားထုတ်လုပ်သူများက အဆိုပါ သတင်းကို တုန့်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်က သတင်းများအရ Honda, Nissan, Chevrolet, Kia, Hyundai, Jaguar တို့ကလည်း Apple ရဲ့ ၀န်ဆောင်မှုများကို ထည့်သွင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကားပြပွဲကို မတ်လ (၆) ရက်ကနေ (၁၆) ရက်အတွင်း ပြုလုပ်မှာ ဖြစ်တဲ့အတွက် iOS 7.1 ထွက်ရှိမယ့် အချိန်နဲ့ တိုက်ဆိုင်နေ ပါတယ်။ ပြီးခဲ့တဲ့လက Apple က Developer များအတွက် ပြုလုပ်ပေးလိုက်တဲ့ ‘iOS in the Car’ ဆော့ဝဲမှာ User Interface အနည်းငယ် ပြောင်းလဲထားတာတွေ့ရပါတယ်။ 9to5Mac ရဲ့ သတင်းအရ iOS 7.1 ကို မတ်လမှာ ဖြန့်ချီပေးမှာဖြစ်ပြီး Bugs များကို ပြင်ဆင်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။