Architecture, Design, Featured, News, Review

Appleက စမတ်နေအိမ်နယ်ပယ်သို့ ဈေးကွက်ချဲ့မည်

Appleက စမတ်နေအိမ်နယ်ပယ်သို့ ဈေးကွက်ချဲ့မည်

နည်းပညာကုမ္ပဏီကြီးများက စမတ်ဖုန်း၊ Smart Gadgetများကို တီထွင်တာကို အားမရသေးဘဲ စမတ်နေအိမ်ဈေးကွက်မှာပါ အပြိုင်အဆိုင် ဈေးကွက် ချဲ့ထွင်လာကြပါတယ်။ အဲဒီဈေးကွက်မှာ နောက်ထပ်တိုးလာတဲ့ ပြိုင်ဖက်က နာမည်ကြီး Appleဖြစ်တယ်လို့ Financial Timesက ရေးသားထားပါတယ်။ Appleက iPhoneကနေ နေအိမ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ Software Platformကို တီထွင်နေပါတယ်။

Appleက သူ့ရဲ့ Deviceများကနေ စမတ်အိမ်မှ အိမ်သုံးပစ္စည်းများကို ထိန်းချုပ်နိုင်ဖို့ အိမ်သုံးပစ္စည်း ထုတ်လုပ်သူများနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ Appleက သူ့ရဲ့ iPhoneများနဲ့ တွဲဖက်သုံးနိုင်တဲ့ Accessoriesများကို “Made for iPhone” အမှတ်တံဆိပ် ကပ်နှိပ်ပေးနေပါတယ်။ iDeviceများနဲ့ တွဲဖက်သုံးနိုင်တဲ့ စမတ်အိမ်သုံးပစ္စည်းများကိုလည်း အခုလို အမှတ်တံဆိပ်ကပ်နှိပ်မှာ ဖြစ်ပါတယ်။ Appleက စမတ်နေအိမ်ဈေးကွက်သို့ ချဲ့ထွင်မှုကို ဇွန်လနှစ်ရက်မှာ ပြုလုပ်မယ့် Apple’s Worldwide Developer Conferenceမှာ ကြေညာမယ်လို့ Financial Timesက ရေးသားထားပါတယ်။ Appleက Conferenceမှာ အဆိုပါ အစီအစဉ်ကို ကြေညာဖို့အတွက် အရင်ကတည်းက ရည်ရွယ်ထားတာမဟုတ်ဘဲ နောက်ဆုံးအချိန်ကျမှ ကြေညာဖို့ အစီအစဉ်ကို ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်လို့ Financial Timesက ဖြည့်စွက်ရေးသားထားပါတယ်။

တစ်ချိန်တည်းမှာပဲ အခြားသတင်းတစ်ရပ်က Googleဟာ နေအိမ်လုံခြုံရေး ဈေးကွက်သို့ ချဲ့ထွင်ဖို့ စီစဉ်နေတယ်လို့ ပြောဆိုပါတယ်။ Googleက နေအိမ်များမှာ လုံခြုံရေးအတွက် တပ်ဆင်အသုံးပြုနိုင်ရုံသာမက ရိုက်ကူးထားတဲ့ ဗီဒီယိုများကို Cloudသို့ တင်ပေးနိုင်ပြီး အိမ်ပိုင်ရှင်များက ဘယ်နေရာကနေမဆို အိမ်ရဲ့အခြေအနေကို သိနိုင်အောင် ဆောင်ရွက်ပေးနိုင်တဲ့ Dropcamလို့ အမည်ရတဲ့ လုံခြုံရေးကင်မရာကို တီထွင်တဲ့ ကုမ္ပဏီကို ၀ယ်ယူတော့မယ်လို့ သိရပါတယ်။ Googleက နေအိမ်မှာ မီးလောင်မှုကို အချက်ပေးနိုင်တဲ့ အပူချိန်တိုင်းကိရိယာ ထုတ်လုပ်သူ Nest Labsကိုလည်း မကြာမီက ဒေါ်လာ ၃.၂ ဘီလီယမ်ဖြင့် ၀ယ်ယူခဲ့ပါသေးတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *