Mobile, News, Review, Tablets

NEC PC Tablet

NEC PC Tablet

KMD မှ ပေးပို့လာသော Product Review ဖြစ်ပါတယ်။

NEC VersaPro type VZ Tablet ကို ဘာကြောင့် PC Tablet လို့ ခေါ်သလဲဆိုတော့ သူကတခြား Windows Tablet တွေနဲ့ လုံးဝမတူဘဲ Desktop Computer တလုံးကို Tablet လို ပြုလုပ်ထားခြင်းကြောင့်ဖြစ်ပါတယ်။ ကွန်ပျူတာတလုံးမှာပါဝင်တဲ့ VGA Port, LAN port, USBPort x 3, Audio and Microphone ports အားလုံး NEC PC Tablet မှာ ပါဝင်ပါတယ်။

NEC PC Tablet

Via KMD Yangon

 

CPU အနေနဲ့ ကြည့်မယ်ဆိုရင်လဲ အခြား Windows Tablet တွေမှာ အသုံးပြုတဲ့ CPU မျိုးမဟုတ်ဘဲ Computerမှာ အသုံးပြုတဲ့ Intel Celeron 857 (1.20 GHz) ထည့်သွင်းအသုံးပြုထားပြီး Intel HD Graphics GPUကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် PC မှာ ထည့်သွင်းကစားတဲ့ Game တွေကို External Drive နဲ့ပဲဖြစ်ဖြစ်, Installation File တွေကို USB Memory Stick ကနေ တဆင့်ပဲဖြစ်ဖြစ် NEC PC Tablet ထဲမှာ Install လုပ်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။ Storage အနေနဲ့လဲ HDD ထက် ၅ ဆလောက်မြန်တဲ့ SSD ကို အသုံးပြုထားပြီးတော့ 64 GB/ 128 GB ဆိုပြီး ၂ မျိုးရှိတာကြောင့် လုံလောက်တဲ့ ပမာဏပါပဲ။ တကယ်လို့များ Storage များများ ကြိုက်တဲ့သူတွေဆိုရင်တော့ External Hard Disk နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။

NEC PC Tablet

Via KMD Yangon

Screen Size 12.1” ကျယ်တာကြောင့် ရုံးလုပ်ငန်း၊ အိမ်လုပ်ငန်း အသုံးပြုမလား၊ အင်တာနက်သုံးမလား၊ ရုပ်ရှင်ကြည့်မလား ဂိမ်းကစားမလား အားလုံးအဆင်ပြေပြီး အလေးချိန်က ၂ပေါင်တောင် မရှိဘူးဆိုတော့ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် အသုံးပြုနိုင်တာပေါ့။ အသုံးပြုသူများ ရင်းနှီးပြီးသားဖြစ်တဲ့ Windows 7 Professional 32 Bit ကို Licensedနဲ့ ပါဝင်ပြီးသားဖြစ်တယ်။ NEC PC Tablet မှာဖုန်းပြောချင်သူများ၊ ဖုန်းအင်တာနက်ကို Tabletနဲ့ တိုက်ရိုက် အသုံးပြုချင်သူများအတွက် ဆိုရင် Laptop/Desktop များကဲ့သို့ USB Dongle/Modemထဲ SIM ကတ်ထည့်သွင်းပြီး ချိတ်ဆက်ပြီး ပြောဆိုအသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ Technicianများ Prolink USB Audio Dongle နှင့် လက်တွေ့  စမ်းသပ်အသုံးပြုချက်အရ NEC PC Tablet နဲ့ အရမ်းအဆင်ပြေပြီး လိုင်းဆွဲအား ကောင်းမွန်ပါတယ်။

Battery ကလဲ ကြာရှည်ခံပါတယ်။ တစ်ခါတည်း အားသွင်းရုံနဲ့ ၄-၅ နာရီကြာအောင် အသုံးပြုနိုင်ပြီး အသုံးမပြုပဲ Stand-by ထားရင် ၉ နာရီလောက် Battery ကြာရှည်ခံပါတယ်။ AC adapter, NEC Keyboard, NEC Wireless Mouse, Dock-Stand, Original Touch Pen ၂ ချောင်း One Set အကုန်လုံး ပါဝင်ပြီးသားဖြစ်ပါတယ်။ ဈေးနှုန်းကလဲ 280 USD ( 64GB)/ 310 USD (128 GB) ပဲရှိတာကြောင့် PC လိုသုံးမလား၊ Laptop လိုသုံးမလား၊ Tablet လိုသုံးမလား အဆင်ပြေသလို အသုံးပြုနိုင်တဲ့ NEC PC Tabletကို KMD (Phone : 01-381035, 381129) တွင် ဝယ်ယူရရှိနိုင်ပါတယ်။

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *