Featured, Gadgets, Review

Adidasက miCoach စမတ်ဘောလုံးကို ရောင်းပြီ

Adidasက miCoach စမတ်ဘောလုံးကို ရောင်းပြီ

Adidasက miCoach စမတ်ဘောလုံးကို စတာလင်ပေါင် ၂၄၉.၉၅ဖြင့် အွန်လိုင်းစတိုးမှာ ရောင်းချပေးလိုက်ပါပြီ။ စမတ်ဘောလုံးအတွင်းမှာ ထည့်သွင်းထားတဲ့ Sensorsများကနေ ဘောလုံးကန်ချက်များကို တိုင်းတာနိုင်ပါတယ်။ ကန်အား၊ ဘောလုံးသွားရာလမ်းကြောင်း၊ ဘောလုံးလှည့်ပတ်မှုနဲ့ ခြေဖြင့် ထိခတ်တဲ့နေရာများကို တိုင်းတာပေးနိုင်ပြီး iOS Applicationမှာ ဖော်ပြပေးနိုင်ပါတယ်။

အဆိုပါ သတင်းအချက်အလက်များဟာ ဘောလုံးသမားများကို လေ့ကျင့်ပေးရာမှာ အသုံး၀င်ပါတယ်။ Appမှာ လမ်းညွှန်ချက်များပါရှိပြီး ဘောလုံးကို အားပြင်းပြင်းနဲ့ ကန်နိုင်ဖို့၊ ဘောလုံးကို ဝေ့ဝိုက်ပြီး ကန်နိုင်ဖို့ နည်းစနစ်များကိုလည်း ပြသပေးနိုင်ပါတယ်။

Appရဲ့  Challenge Yourselfကဏ္ဍမှာ အမြန်နှုန်း၊ ဝေ့ဝိုက်မှုနဲ့ ပရော်ဖက်ရှင်နယ် ဖရီးကစ် ကန်ချက်များနဲ့ ပတ်သက်ပြီး တိုးတက်စေဖို့ ရည်မှန်းချက်များ ထားရှိနိုင်ပါတယ်။ Record Bookကဏ္ဍမှာတော့ ကန်ချက်များကို မှတ်သားထားပေးတဲ့အတွက် တိုးတက်မှုနှုန်းကို အချိန်အပိုင်းအခြားအလိုက် သိနိုင်ပါတယ်။ Appမှာ၊ Social Mediaများမှာ Share လုပ်နိုင်တဲ့ စွမ်းဆောင်ချက် ပါတဲ့အတွက် အခြားသူများရဲ့ ရလဒ်များနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။

စမတ်ဘောလုံးကို ကြိုးမဲ့အားသွင်းနိုင်တဲ့ Charging Standပါရှိပါတယ်။

“စမတ်ဘောလုံးကို ပြသစဉ်က လူအများရဲ့ စိတ်၀င်စားမှုများစွာ ရရှိခဲ့ပါတယ်။ အပျော်တမ်းနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများထံမှ တုန့်ပြန်မှုများကလည်း အားရကျေနပ်စရာကောင်းပါတယ်။ စမတ်ဘောလုံးကို အသုံးပြုသူများဟာ ဘောလုံးရဲ့ လေ့ကျင့်သင်ကြားပေးမှုများကို နှစ်သက်ကြမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ လို့ Adidasရဲ့ တီထွင်ဆန်းသစ်မှုဌာနမှ အကြီးတန်း ဒါရိုက်တာဖြစ်သူ Christian DiBenedettoက ပြောပါတယ်။

စမတ်ဘောလုံးကို ဗြိတိန်၊ အမေရိကန်နဲ့ ဥရောပမှာ နေထိုင်သူများက adidas.comနဲ့ apple.comမှ ၀ယ်ယူနိုင်ပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *