Review

Appleက အနောက်ကင်မရာတပ်ဆင်ထားတဲ့ iPod Touchကို (၁၉၉) ဒေါ်လာဖြင့်ရောင်းချ

Appleက အနောက်ကင်မရာတပ်ဆင်ထားတဲ့ iPod Touchကို (၁၉၉) ဒေါ်လာဖြင့်ရောင်းချ

Appleက ရောင်းချဖူးသမျှ iPad Touchတွေထဲမှာ ဈေးအနည်းဆုံးဖြစ်တဲ့ iPod Touchအမျိုးအစားအသစ်တစ်ခုကို ရောင်းချပေးလိုက်ပါတယ်။ 16GB အမျိုးအစားကို (၁၉၉) ဒေါ်လာဖြင့် ရောင်းချပေးလိုက်ပြီး 32GBနဲ့ 64GB အမျိုးအစားများကိုလည်း ရွေးချယ်နိုင်ပါတယ်။ iPod Touchအသစ်ကို အနက်၊ အညို၊ ပန်းရောင်၊ အပြာ၊ အနီ၊ အဝါ အရောင်ခြောက်မျိုးထုတ်လုပ်ပေးထားပြီး အနောက်ကင်မရာတပ်ဆင်ထားပါတယ်။

အရင်တုန်းက ရောင်းချခဲ့တဲ့ 16GB iPod Touchဟာ ဒေါ်လာ ၂၂၉ တန်ကြေးရှိပြီး အညိုရောင်တစ်မျိုးသာရနိုင်သလို အနောက်ကင်မရာမပါရှိပါဘူး။ ဒါ့အပြင် လက်ပတ်ကြိုးကိုလည်း ကိုးဒေါ်လာနဲ့ သီးခြား၀ယ်ယူရတာပါ။

အခုအသစ်ထုတ်လုပ်လိုက်တဲ့ 32GB iPod Touchကို ၂၉၉ ဒေါ်လာ၊ 64GB iPod Touchကို ၃၉၉ ဒေါ်လာနဲ့ ရောင်းချပေးလိုက်တာဖြစ်ပါတယ်။

အမျိုးအစားအသစ်မှာ အနောက်ကင်မရာပါရှိလာပေမယ့်လည်း Specificationတွေကတော့ အရင်အမျိုးအစားနဲ့ အတူတူပဲဖြစ်ပါတယ်။ လေးလက်မအရွယ် Retina Display၊ FaceTimeအသုံးပြုလို့ရတဲ့ အရှေ့ဘက် HD Cameraနဲ့ Appleရဲ့ A5 Processorတို့ပါရှိပါတယ်။ iOS 7ကို မောင်းနှင်လည်ပတ်မှာဖြစ်ပြီး Appleရဲ့ EarPodsပါရှိပါတယ်။

Appleက iPad Touchကို ၂၀၁၃ ခုနှစ် ဇွန်လမှာ တစ်ကြိမ်အဆင့်မြှင့်ပေးခဲ့ပြီး သူ့အရင် ဒေါ်လာ ၂၂၉ တန် အမျိုးအစားကတော့ အရောင်တစ်မျိုးတည်း ထုတ်လုပ်ပေးထားပြီး iSight Cameraမပါရှိပါဘူး။ ၂၀၁၃ ခုနှစ် ဇွန်လမှာ အဆင့်မြှင့်ပေးလိုက်တဲ့ အမျိုးအစားဟာ နှေးကွေးတဲ့ A4 Chipတပ်ဆင်ထားပြီး ၁၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့တဲ့ စတုတ္ထမျိုးဆက်ရဲ့ နေရာကို ရယူခဲ့တာဖြစ်ပါတယ်။

iPodတွေဟာ တစ်ချိန်တုန်းကတော့ Appleရဲ့ စီးပွားရေးကို ဦးဆောင်ရှာဖွေပေးခဲ့တာဖြစ်ပေမယ့် အခုတော့ iPhoneနဲ့ iPadတို့ဟာ Appleရဲ့ အဓိကရောင်းကုန်တွေဖြစ်နေပါပြီ။ Appleက လပတ်၀င်ငွေ အစည်းအဝေးပွဲမှာ iPod Touchတွေရဲ့ ရောင်းအားဟာ iPodရောင်းအားရဲ့ တစ်၀က်ကျော်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *