Featured, News

Goolge Glass ကို အဆုံးသတ်တော့မှာလား

   လွန်ခဲ့တဲ့ ၂၀၁၃ ဧပရယ်လတုန်းက ဂူဂယ်လ် ရဲ့ executive chairman ဖြစ်တဲ့ Mr. Eric Schmidt ကနေပြီးတော့ ” ကျွန်တော်တို့ရဲ့ ပန်းတိုင်အသစ်တစ်ခု အနေနဲ့ နောက်လာမည့် ၂၀၁၄ အစောပိုင်းမှာ Goolge Glass ကို သုံးစွဲသူတွေလက်ထဲ အရောက်ပို့ပေးမယ်“ လို့ပြောခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၁၄ တုန်းက ထွက်လာတဲ့ အသုံးပြုသူတွေအတွက် ရည်ရွယ်ထားတဲ့ ဗားရှင်းဖြစ်တဲ့ Explore Edition ဟာ အသုံးပြုသူတွေ နှစ်ခြိုက်ကြတာကို တွေ့ခဲ့ရပါတယ်။ ခုဆိုရင် ဇန်နဝါရီ ၂၀၁၅ တောင် ရောက်လို့လာပါပြီ၊ ဒါပေမယ့် Google Glass ကတော့ Explorer Edition ကနေ ပြောင်းလဲဖို့ အလားလာ မရှိသေးပါဘူး။ တစ်ချို့ကပြောတာကလည်း Google Glass ပရိုဂရမ်ကို နောက်လရောက်ရင် ပိတ်တော့မယ်လို့လည်း သတင်းတွေ ထွက်နေကြပါတယ်။ နည်းပညာပိုင်းအရတော့ ယခင်နှစ်တုန်းက Google Glass ဟာ အသုံးပြုသူတွေအတွက် အသုံးဝင်တာကို တွေ့ခဲ့ရပါတယ်။ 2014 တုန်းက Google Glass ကိုသတ်မှတ်ထားတဲ့ ရောင်းချမှု အချိန်ပြီးနောက်မှာတော့၊ Google က Glass ကို စက်တင်ဘာကနေ စပြီးတော့ Play Store ကနေ ရောင်းချတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း အရင် ၂၀၁၄ တုန်းက ထုတ်ခဲ့တဲ့ Explore Edition ကို တစ်စုံတစ်ရာ မပြောင်းလဲပဲ တစ်နည်းအားဖြင့် အပ်ဒိတ်မလုပ်ပဲနဲ့ ရောင်းချနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် Google ကပြောတာကတော့ frames အသစ်တွေနဲ့ USB earbud တွေ ထပ်ပြီးတင်ဆင်ထားတယ်လို့ ကြေညာခဲ့ပါတယ်။ သို့သော်လည်းပဲ ပြောင်းလဲမှုအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ယခင် Explorer Edition ကို တစ်ခြားပရောဒက်တွေလို သုံးစွဲသူတွေ အတွက်ကို ကြီးကြီးမားမား ပြောင်းလဲမှု လုပ်ထားတာကို မတွေ့ရပါဘူး။google-glass-angled

   ဒါကြောင့် ဒီ Explorer Edition နဲ့ပဲ Google Glass ရဲ့ သက်တမ်းက ပြီးဆုံးတော့မှာလား ဆိုတာတော့ မေးခွန်းထုတ်နေကြတုန်းပါပဲ။ ဒါမှမဟုတ် Google ကပဲ သူတို့ရဲ့ ပွဲတော်နေ့မှာ သတင်းအနေနဲ့ Glass ဟာ Google ရဲ့ X သုတေသန အခန်းကနေ ထုတ်ပြီးတော့ Ivy Ross နဲ့ Tony Fadell ရဲ့ အောက်က သူ့ဟာသူရပ်တည်နေတဲ့ အပိုင်းကိုပဲ ရောက်တော့မယ်လိုပဲ ကြေညာသင့်သလား ဆိုတာကိုတော့ မသိလောက်အောင်ပါပဲ။ ဒါကတော့ မေးခွန်းထုတ်တဲ့သူပဲ သွားမေးကြည့်တာ ကောင်းပါလိမ့်မယ်။ တစ်ကယ်ကို ကြေညာခဲ့ပါတယ်။ အဲဒီ့ကြေညာချက်တွေထဲမှ တစ်ချို့အရေးကြီးတဲ့ အပိုင်းတွေကို ဟိုက်လိုက်ပြောပြပါမယ်။ ဒီကနေ့ သတင်းမှာ – ဒီသေးငယ်တဲ့ ပစ္စည်းလေးဟာ အသုံးပြုသူတွေကို အကောင်းဆုံးတွေကို ပေးစွမ်းတာလား၊ ဒါမှမဟုတ် မကောင်းတွေကို ဖြစ်စေတာလား ဆိုတာတော့ မသိပါဘူး။ Twitter နဲ့ Google+ တို့မှာ အသုံးပြုဖူးသူ user တွေက Glass နဲ့ပတ်သတ်ပြီးတော့ ဆန့်ကျင်တဲ့ ကွန်းမန့်တွေကို အများကြီး မန့်ထားတာတွေကို တွေ့ခဲ့ရပါတယ်။ Google ကတော့ သူရဲ့ Google+ မှာ အလွန်တစ်ရာမှ ရှည်တဲ့ status တစ်ခုကို တင်ထားပါတယ်။ အဲဒိ ဖော်ပြချက်မှာ Google ဟာ Glass နဲ့ပါတ်သတ်ပြီးတော့ ရှင်းရှင်းတော့ ပြောမထားပါဘူး။ အောက်မှာ ဖော်ပြထားပါတယ်…

  • Glass ရဲ့ အလုပ် လုပ်နှုန်းဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာပါတယ်၊ Glass ရဲ့ ဖွံ့ဖြိုးလာတဲ့ အတိုင်းအတာကို ကျွန်တော်တို့ မယုံကြည်နိုင်လောက်အောက်ကို မြင်ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ အတိုင်းအတာကို ကြည့်လိုက်မယ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့ lab ဟာ အဆမတန် ကြီးထွားလာတာကို တွေ့ရပါတယ်။ ပြီးတော့အဲဒီ Google(x) lab ကနေပဲ ကိုယ်တိုင်ဘွဲ့တွေရပြီး Google ဆိုတဲ့ အဖွဲ့အစည်းကြီး ဖြစ်လာခဲ့တာပါ။ ကျွန်တော်တို့ဟာ အသိပညာ(concept) တွေကနေ တကယ့်လက်တွေ့ကျတဲ့ အရာတွေကို ဖန်တီးလာနိုင်ခဲတဲ့ အတွက်လည်း ရင်ဖိုမိခဲ့ပါတယ်။ ဒီ Explorer ပရိုဂရမ်နဲ့ပါတ်သတ်ပြီးတော့ ကျွန်တော်တို့ အဆုံးသတ်တာဟာ ပြောင်းလဲမှုတစ်ခု လုပ်လိုက်တာပါ၊ ဒါမှသာ ကျွန်တော်တို့အနေနဲ့ နောက်ထပ်ဖန်တီးမည့် နည်းပညာ အသစ်တွေအတွက်ကို အာရုံထားနိုင်မှာပါ။ ဇန်နဝါရီ ၁၉ ရက်နေ့ဟာ ဒီ Glass Explorer Edition ကိုဝယ်ယူနိုင်ဖို့ နောက်ဆုံးရက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလို ကြေညာရတာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် အဲဒီ့နောက်ပိုင်းမှာတော့ ကျွန်တော်တို့အနာဂါတ်အတွက်ကို ကျွန်တော်တို့ တည်ဆောက်ကြမှာပါ၊ အဲဒီနည်းပညာတွေ အဆင်သင့်ဖြစ်တာနဲ့ Glass ရဲ့ အနာဂါတ် ဗားရှင်းကို သင့်အနေနဲ့ မြင်တွေ့ရမှာပါ။

Google ကအထက်မှာပြောထားတာ Glass နဲ့ပတ်သတ်ပြီး ရှေ့ဆက်လုပ်မယ်ဆိုတာ အရမ်းရှင်းပါတယ်။ ဒါဟာတကယ်ကို ရှုပ်ထွေးတဲ့အခြေအနေပါ။ Google Glass ဟာ ရှုပ်ထွေးတဲ့ပစ္စည်းတစ်ခု ဖြစ်တာလည်း ပါချင်ပါမယ်။ ဥပမာအားဖြင့် Glass က ဘယ်သူတွေသုံးဖို့အတွက်လဲ၊ ပြီးတော့ ဘယ်စျေးကွက်မှာ ထိုးဖောက်မှာလဲ။ Google ဟာ ဒီမေးခွန်းတွေကို ပြင်ပမှာ ဘယ်တော့မှ ဖြေမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ Google Glass ကို အဆုံးသတ်တော့မှာလား Google X project မှာဆို Glass နည်းပညာဟာ ပထမဆုံးပါ၊ ပြီးတော့ အထင်ရှားဆုံး စမ်းသပ်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ Google အနေနဲ့လည်း ဒီပရောဂျက်ကနေ အများကြီး နည်းပညာတွေ သင်ယူလိုက်ရပါတယ်။ ကျွန်တော် Google Glass ရဲ့ Exporer Edition ကို တစ်နှစ်နီးပါးလောက် တပ်ဆင်ဖူးပါတယ်။ ကျွန်တော်အဲဒါတက်ပြီးနောက်ပိုင်း ချွတ်လိုက်တဲ့အခါမှာ လအနည်းငယ်ကြာတော့ အဲဒီ့ကနေ ကျွန်တော်ကြုံတွေ့ ခဲ့ရတာကတော့

  • မျက်နှာချင်းဆိုင် စကားပြောတဲ့အခါမှာ ကင်မရာဟာ သူတို့ရဲ့မျက်နှာကို ချိန်ထားတဲ့အတွက် လူမှုရေးအရ မကောင်းပါဘူး။ ကင်မရာ ဖွင့်ဖွင့်မဖွင့်ဖွင့် သူတို့ကို ချိန်ထားတဲ့အတွက် သိပ်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။
  • Google ရဲ့ wearable device မှာပါဝင်တဲ့ Google Now Notification လေးကတော့ အသုံးပြုသူတွေအတွက် အတော်ကို အသုံးဝင်ပါတယ်။
  • တစ်နေရာရာကို ကြည့်နေတဲ့အခါမှာ မြင်နေတဲ့အရာတွေရဲ့ သတင်းအချက်လက်တွေကို ဖော်ပြပေးတဲ့ မျက်နှာပြင်ဟာ ဖုန်းတို့ နာရီတို့နဲ့ စာရင် အတော်အတန်သေးငယ်တာကြောင့် နည်းနည်းတော့ ကသိကအောက်ဖြစ်မှာပါ။ ဒါပေမယ့် တပ်ဆင်သူ အတွက်တော့ သတင်းအချက်လက်တွေ ဖော်ပြပေးတာဟာ ကောင်းပေမယ့် အကြည့်ခံရသူအတွက်တော့ မကောင်းပါဘူး။
  • Developers တွေကတော့ Glass အတွက် အရေးပါတဲ့ အပလီကေးရှင်းတွေကို ဖန်တီးခဲ့တယ် ဒါပေမယ့် အဲဒါတွေကို အကောင်းဆုံး အသုံးချဖို့အတွက် သုံးစွဲသူသိပ်မရှိသလို၊ စျေးကွက်လည်း မရှိပါဘူး။ တချို့ကတော့ ကျန်းမာရေး စောက်ရှောက်တဲ့အဖွဲ့တွေမှာ သုံးကျပါတယ်။
  • တစ်ချို့လူတွေက smartwatch တစ်လုံးကို အားပြန်သွင်းဖို့အတွက်တော့ ကွန်ပလိန်းတက်ချင် တက်ကြမှာပါ။ ဒါပေမယ့် Glass ကို အားပြန်သွင်းဖို့အတွက် ကွန်ပလိန်းတက်ကျမှာ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် စျေးကွက်မရှိပါဘူး။
  • Apple Watch တစ်လုံးတောင်မှ ဒေါ်လာ ၅၀၀ တန်ဖိုးရှိတယ်။ ဒီ တပ်ဆင်ရတဲ့ Google Glass တစ်လုံးက ဒေါ်လာ ၁၅၀၀ ရှိတယ်။ ကျွန်တော်အနေနဲ့ တွေးကြည့်မယ်ဆိုရင် ကျွန်တော် အဲလောက်ကြီး ပိုက်ဆံဖြုန်းမှာ မဟုတ်ဘူး။ အများစုကလည်း အဲဒါဝယ်မယ့်အစား တစ်ခြား စမတ်ဖုန်းတွေ ဝယ်ကြမယ်လို့ ကျွန်တော်ထင်တယ်။

ဒါပေမယ့် ကျွန်တော်အနေနဲ့ဒီစာကို ရေးဖို့အတွက်တော့ ဒီ wearable device ဖြစ်တဲ့ Glass Explorer Edition ကို စမ်းသုံးကြည့်ခဲ့ပါတယ်။ တစ်ကယ်တမ်း သုံးကြည့်တဲ့အခါကျတော့ Google ကို feedback ပြန်ပေးဖို့အကြောင်းတွေ ကျွန်တော့ ခေါင်းထဲ တန်းစီလို့နေတယ်။ ကျွန်တော့အထင်တော့ Glass က အဆုံးသတ်တာမဟုတ်ဘူး ဒါပေမယ့် နည်းပညာ အရမ်းမြင့်တယ်။ ဒါပေမယ့် သုံးစွဲသူ စျေးကွက်မရှိဘူး။ ဒါကြောင့် Google အနေနဲ့ အကြီးစား ပြန်ပြီးလုပ်မယ် စျေးကွက်လိုအပ်နေတဲ့ အတိုင်းအတာနဲ့လည်း ညီအောင်လို့ပေါ့။ ဒါမှသာ သူတို့ရဲ့ ပစ္စည်းဟာ ရောင်းအားရှိမှာပါ။ Google Glass ကို အဆုံးသတ်တော့မှာလား ကျွန်တော် ဖြတ်ပြောလိုက်အုန်းမယ်။ ဘယ်သူက ဘာပစ္စည်းကိုပဲ ထုတ်ထုတ် အဲဒီ့ပစ္စည်းက ဘယ်လောက်ပဲ နည်းပညာမြင့်မြင့်၊ အရေးအသွေး ကောင်းကောင်း အဲဒီ့ပစ္စည်းမှာ စျေးကွက်ဦးတည်ချက်ရှိရမယ်၊ ဘာအတွက်လဲ ၊ ဘယ်သူတွေ သုံးမှာလဲ စသည်ဖြင့်ပေါ့။ ခုတော့ ကျွန်တော့်အနေနဲ့ ဝယ်ထားတဲ့ Glass ကြီးနဲ့ နောက်ထွက်လာမယ့် ဗားရှင်းအသစ်ကို ထိုင်စောင့်နေရုံပဲ ရှိတော့တာပေါ့။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *