အကယ်၍ သင့်အနေဖြင့် Apple မှ June လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် WWDC 2012 သို့ သွားရောက်မည့် အခွင့်အရေးကို မတတ်နိုင်ပါက Apple သို့ မိမိ ပြုလုပ်ထားသော Application ကို ပေးပို့ပြီး Apple Design Award 2012 အတွက် ဝင်ရောက် ယှဉ်ပြိုင်နိုင်သေးကြောင်း သိရပါတယ်။ Apple ၏ ကြော်ငြာထားချက်များအရ Apple Design Award 2012 ကို ဝင်ရောက် ယှဉ်ပြိုင်သူများဟာ ၄င်းတို့၏ Apps များကို App Store (သို့) Mac Store ပေါ်တွင် မေလ ၁ရက်နေ့၊ ၂၀၁၂ နောက်ဆုံးထား တင်ထားရမည် ဖြစ်ပြီး ထိုကဲ့သို့ မပြုလုပ်ထားပါက ဆုရွေးချယ်ရာတွင် စဉ်းစားမည် မဟုတ်ကြောင်း သိရပါတယ်။ ထို့ပြင် ဆုရွေးချယ်ရာတွင် ဒီဇိုင်းကောင်းမွန်မှု၊ ဆက်စပ်တွေးခေါ်သည့် အရောင်အသွေး ကောင်းမွန်မှုနှင့် တီထွင်ဆန်းသစ်မှုတို့ အပေါ် မူတည်ပြီး ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ Apple Design Award 2012 အတွင်း ဆုရရှိသူများမှာ ဆုဖလားနှင့်အတူ Apple Logo ဖြင့် ပုံဖော်ထားမည့် Cube တုံးတစ်ခုလည်း ရရှိဦးမှာ ဖြစ်ကြောင်း သိရပါတယ်။
Apple Design Award 2012 အတွက် စာရင်းပေးပို့မှုများ ပေးပို့နိုင်

30
Apr