News

iPad သည် Apple အသုံးပြုသူ များ၏ ပထမဆုံး Apple အသုံး အဆောင်ဖြစ်လာ

iPad ဟာ အခုချိန်မှာ လူတိုင်းနီးပါး ဝယ်ယူ အသုံးပြုလိုသော device တစ်ခု ဖြစ်နေပြီး ၄င်းရဲ့ ဈေးကွက်ကလည်း သာမန် စီးပါွးရေး ဆိုင်ရာ ဈေးကွက်များ သာမက ပညာရေး ဆိုင်ရာ ရည်ရွယ်ချက်များ အတွက်ပါ အသုံးပြုလာလျှက်ရှိကြောင်း သိရပါတယ်။ Apple ၏ CEO ဖြစ်သူ Tim Cook ကတော့ ယခင်တစ်ပတ် အင်္ဂါနေ့အတွင်း iPad ကို အခုအခါမှာ သာမာန် အသုံးပြုသူတွေသာမက ပညာရေးအတွက်မှာကော်၊ လုပ်ငန်းကြီးများပါ အသုံးပြုနေကြသည့်အတွက် နေရာတိုင်းတွင် iPadရှိနေကြောင်း ကြော်ငြာသွားပါတယ်။ ဈေးကွက်လေ့လာစောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်သော NGP ရဲ့ အဆိုအရ iPad ပိုင်ဆိုင်သူများ အနေဖြင့် ၄င်းတို့၏ Apple ပစ္စည်းပိုင်ဆိုင်မှုတွင် iPad မှာ ပထမဆုံး ဖြစ်လျှက်ရှိနေကြောင်း၊ လူအများမှ Apple နှင့် သက်ဆိုင်သည့် ပစ္စည်းမျိုးဝယ်ယူလိုသည် ဆိုပါက ပထမဆုံး စဉ်းစားမိသည်မှာ iPad ဖြစ်နေပြီး ၄င်းနောက်တွင်တော့ iPhone မှ လိုက်လျှက်ရှိကြောင်း သိရပါတယ်။ NGP မှတော့ ယခုလေ့လာချက်များမှာ customer ပေါင်း ၃၀၀၀ ကျော်ကို ဆန်းစစ်ခဲ့ခြင်းဖြစ်ပြီး New iPad ထွက်ရှိသော March ၁၆ မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Tim Cook မှတော့ ယခုအချိန် ကမ်ဘာပေါ်ရှိ နာမည်အကျော်ကြားဆုံး ကုမ္ပဏီ အခု ၅၀၀ ၏ ၉၄ ရာခိုင်နှုန်းဟာ iPad ကို စမ်းသပ် (သို့) အသုံးပြုလျှက်ရှိနေကြပြီး ယခုလိုမျိုး အောင်မြင်ခြင်းမှာ ထုတ်လုပ်ခြင်း ၂၄ လသာ ရှိသေးသော Product တစ်ခုအတွက် အားရကျေနပ်ဖွယ် အနေအထားပင်ဖြစ်ကြောင်း နှင့် iPad ဟာ ၄င်း၏ အလုပ်ဘဝ သက်တမ်းတစ်လျှောက် အအောင်မြင်ဆုံး Product တစ်ခုပင် ဖြစ်ကြောင်း ကြော်ငြာသွားပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *