News

LG Optimus G Pro Road Show အောင်မြင်စွာ ပြုလုပ်ပြီးစီး

LGမှ မြန်မာနိုင်ငံသို့ နောက်ဆုံးရောက်ရှိလာသည့် LG Optimus G Pro Road Show Launching အခမ်းအနားကို စက်တင်ဘာလ (၆) ရက်နေ့၌ Junction Squareတွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ ကြောင်းသိရသည်။ အဆိုပါLG Optimus G Pro Road Show၌ LG Optimus G Proဖုန်း၏ စွမ်းဆောင်ချက်များနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး၊ Modelများ၏ Product Showလျှောက်မူများ၊ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မူများ၊ LG၏ ဗဟုသုတ အမေးအဖြေ အစီအစဉ် လေးများအပြင်၊ တမူထူးခြားသည့် Asphalt 8 Gameပြိုင်ပွဲလေးကိုပါ ထည့်သွင်း ကျင်းပခဲ့ပါသည်။

ထို့ပြင်G Proကို မူရင်းဈေးနှုန်း ၆၂၉,၀၀၀မှ ၅၇၉,၀၀၀ အထိ ပထမဆုံး လာရောက် ၀ယ်ယူသည့် အယောက် ၂၀ကို ဈေးလျှော့ရောင်းချခဲ့ပြီး 50$ တန် Original Cover တစ်ခု၊ Ph Corner မှ တစ်သက်တာ ၀န်ဆောင်မှုစတဲ ့ ၀န်ဆောင်မူတွေအပြင် အဲဒီနေ့မှာ ၀ယ်ယူခဲ့တဲ့ Customerတွေ အတွက် ထပ်ဆောင်း လက်ဆောင်များကိုပါ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ LG Optimus G Pro အပြင် တခြားသော LG စမတ်ဖုန်းတွေ ကိုပါ ပြသထားပြီး၊ ၀ယ်ယူသူ အများအပြားရှိခဲ့ ကြောင်းသိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *