News

“iPhone 5C”၏ ဓာတ်ပုံအချို့ ထွက်ရှိခြင်း

မကြာသေးမီကမှ ထွက်ရှိလာတဲ့ ဓာတ်ပုံတွေအရ Appleရဲ့ တန်ဖိုးနည်းဖုန်းတွေဟာ ဘယ်လိုပုံစံ ဆိုတာမြင်တွေ့ခဲ့ရ ပါတယ်။ iPhone 5Cလို့ နာမည်ပေးထားပြီး ပန်းရောင်ကာလာ ဖြစ်နေပါတယ်။ အသစ်ထွက်လာတဲ့ ပုံတွေအရတော့ အဆိုပါ ဟန်းဆက်ဟာ အပြာ၊ အစိမ်း၊ အဝါနဲ့ အဖြူဆိုပြီး အခြားအရောင် တွေပါ ရှိသေးတာကို သိရပါတယ်။

ပထမထွက်ရှိခဲ့တဲ့ ဓာတ်ပုံနှစ်ခုဟာ တရုတ်၀က်ဘ်ဆိုဒ် တစ်ခုကနေ ရရှိခဲ့တာ ဖြစ်ပြီး မြန်မာအိုင်စီတီ ပရိသတ်တွေ မြင်တွေ့ရတဲ့ အတိုင်းပဲ တစ်၀က်တစ်ပျက် Packageမလုပ် ထားတဲ့ iPhone 5Cအပြာရောင် ဖြစ်ပါတယ်။ ဒုတိယပုံမှာတော့ အဝါ၊ အပြာနဲ့ အဖြူရောင် iPhone 5Cဖုန်း တွေကို ထုတ်လုပ်တပ်ဆင် တဲ့အဆင့်မှာ တွေ့ရတဲ့ ပုံပါ။

တစ်ချိန်တည်းမှာပဲ C Technology၀က်ဘ်ဆိုဒ်က အစိမ်းရောင် iPhone 5Cရဲ့ ဓာတ်ပုံတစ်ခုကို တင်ခဲ့ပြီး အဆိုပါ ဓာတ်ပုံမှာတော့ Backgroundပေါ်မှာ iOS 7 Home Screenပုံ စတစ်ကာ ပါ၀င်လာခြင်း မရှိဘူးလို့ ဆိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ iPhone 5Cရဲ့ သတင်းတွေ အများအပြားကို မကြာသေးမီ ရက်တွေတည်းက မြင်တွေ့နေရ တာပါ။ သတင်းတွေ၊ ခန့်မှန်းချက်တွေ၊ ထင်ကြေးပေးတာတွေ ကလည်းအစုံအလင် ပါပဲ။ ကာယကံရှင် Appleကုမ္ပဏီကတော့ iPhone 5Cနဲ့ iPhone 5Sကို စက်တင်ဘာ ၁၀ရက်နေ့မှာ ပွဲထုတ် သွားနိုင်ဖွယ် ရှိနေပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *