News

iPhoneအဟောင်းတွေကို အသစ်နဲ့ လဲပေးတဲ့အစီအစဉ်

CNBCသတင်းဋ္ဌာနရဲ့ ထုတ်ပြန်ချက်အရ Appleဟာ ၎င်းတို့ရဲ့ “iPhone Trade-In”အစီအစဉ်ကို ယနေ့မှစပြီး တစ်နိုင်ငံလုံးရဲ့ Appleလက်လီဆိုင် တွေမှာ စတင်နေပြီလို့ သိရှိရပါတယ်။ iPhoneတွေကို ပြန်လည် အသုံးပြုနိုင်ရေးလို့ အမည်တပ်ထားပြီး အစီအစဉ်ရဲ့ ကနဦးအစအနေနဲ့ Customerတွေဟာ အမေရိကား တစ်လွှားမှာ ရှိတဲ့ Appleစတိုးတွေမှာ iPhoneအဟောင်း တစ်လုံးကိုယူလာပြီး အသစ်တစ်လုံး ရရှိရန် Store Creditကို လက်ခံသိမ်းဆည်း ထားရမှာ ဖြစ်ပါတယ်။ Customerတွေဟာ အဆိုပါ အစီအစဉ်ရဲ့ အကျိုးကို ခံစားရဖို့ အတွက် သတ်မှတ်ထားတဲ့ နေ့စွဲနဲ့ သဘောတူလက်မှတ်ထိုးထား ရမှာဖြစ်ပြီး အဆိုပါနေ့ရက် ကျော်လွန် သွားလို့တော့ မဖြစ်ပါဘူး။ ဒါ့အပြင် အလုပ်မလုပ်တော့တဲ့ iPhoneတွေတောင်မှ လဲလှယ်နိုင်မှာ ဖြစ်ပြီး Appleအနေနဲ့ ဒီလိုလုပ်တာဟာ ငွေကြေးဆိုင်ရာ အားပေးမှုတစ်ရပ်တော့ မဟုတ်ပါဘူး။ Appleသုံးစွဲ သူတွေအတွက် ကတော့ ၀မ်းမြောက်ဖွယ်ပဲ ဖြစ်ပြီး မြန်မာပြည်က လူတွေအတွက်လည်း အဆိုပါအစီအစဉ်ကို ဘယ်တော့ စတင်မယ်ဆိုတာ စိတ်၀င်စားစရာပါ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

3 thoughts on “iPhoneအဟောင်းတွေကို အသစ်နဲ့ လဲပေးတဲ့အစီအစဉ်

  1. Thein Htoo says:

    samsaung က‌ရော ဘယ်‌‌တော့ လဲ‌ပေး
    မှာလဲ

  2. Myatko Ko says:

    ဒီလိုမှန်သိရင်ငါမရောင်းခဲ့ပါဘူး

Leave a Reply

Your email address will not be published. Required fields are marked *