နယူးယောက်မှာတော့ LG ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းဖြစ်တဲ့ G2 ဖုန်းကို မနက်ဖန် ပွဲထုတ်မည်လို့ ဆိုပါတယ်။ LG ကုမ္ပဏီဟာ အဆိုပါ ပွဲထုတ်မှုကို ကြီးကျယ်စွာ ပြုလုပ်ဖို့ တစ်လကျော်ခန့် အချိန်ယူ ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။ Optimus အခေါ်အဝေါ်ကို မသုံးတော့ပဲ အဆိုပါ ဖုန်းကို “G Premium Brand” အသစ်တစ်ခုအဖြစ် အမည်တွင်စေမှာပါ။
ကုမ္ပဏီအနေနဲ့တော့ G2 ဖုန်းနဲ့ပတ်သက်ပြီး Spec တွေကို အတိအကျမထုတ်ပြန်သေးပေမယ့် Quad-Core Snapdragon 800 CPU Chipset ကိုတပ်ဆင်ပြီး Android 4.2.2 (Jelly Bean) ကို အသုံးပြုမယ်၊ 13-megapixel Rear, LED Flash, Geo-Tagging ကင်မရာ၊ ရှေ့ကင်မရာနဲ့ RAM လည်း 2GB ပါ၀င်မယ်၊ SIM ကဒ် ကတော့ micro-SIM ကဒ်နဲ့ GSM 850/900/1800/1900, HSPDA 900/2100, 4G LTE စတဲ့ Network တွေမှာ ချိတ်ဆက်နိုင်မယ်လို့ အများက ထင်ကြေးပေးထားပါတယ်။
LG ရဲ့ စမတ်ဖုန်းအသစ် LG G2 မိတ်ဆက်ပွဲကို နယူးယောက်မြို့၊ လင်ကွန်းစင်တာမှာ သြဂုတ်လ ၇ ရက်နေ့၊ ဒေသစံတော်ချိန် ၁၁ နာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲကို တိုက်ရိုက်ကြည့်ရှုချင်သူတွေ အနေနဲ့ ဒီနေရာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။