News

Wifi- Site Survey And Network Planning Guidelines ဟောပြောပွဲ ကျင်းပမည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်း (YRCPA) မှ ကြီးမှုး၍ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက် (စနေနေ့) နေ့လည် (၁း၀၀) မှ ညနေ (၃း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park အခန်း(၂၀၅) တွင် dot11 Excellence မှ ဦးသက်လွင်က “Wifi- Site Survey and Network Planning Guidelines” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမည် ဖြစ်ပါသည်။

အဆိုပါ ဟောပြောပွဲတွင် Wifi- Network ခေါ် ကြိုးမဲ့ကွန်ပျူတာကွန်ယက် အပေါ်အများပြည်သူတို့၏အမြင် ၊ ၄င်း ကွန်ယက်၏ နောင်အနာဂတ်အပေါ် ကမ္ဘာ့နာမည်ကြီးကုမ္ပဏီများ၏ ခန့်မှန်းထင်မြင်ချက်များ၊ ကြိုးမဲ့ကွန်ပျူတာကွန်ယက် တစ်ခုကို စီမံရေးဆွဲရာတွင် အသုံးပြုရမည့် နည်းလမ်းများ အစရှိသည်တို့ကို ဟောပြောသွားမည် ဖြစ်ပါသည်။

အဆိုပါဟောပြောပွဲသို့ IT ပညာကိုစိတ်ပါဝင်စားသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းဝင်များ၊ ကျောင်းသား ကျောင်းသူများ မည်သူမဆို(အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ MITCT Park, ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *