Education, Lifestyle, News, Review

“လက်တွေ့အသုံးချ CCNA (Hands on Lab) and Exam Ready” သင်တန်းဖွင့်လှစ်မည်

“လက်တွေ့အသုံးချ CCNA (Hands on Lab) and Exam Ready” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် လက်တွေ့အသုံးချ CCNA (Hands on Lab) and Exam Ready သင်တန်းအား ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်သည်။

ယနေ့ခေတ် သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ဧရိယာများအတွင်း Computer Networking နှင့် ဆက်စပ်ထိတွေ့ လုပ်ကိုင်နေသူများ၊ စိတ်ဝင်စားသူ ကျောင်းသား၊ ကျောင်းသူများအတွက် မဖြစ်မနေတတ်ကျွမ်း ထားသင့်သည့် Cisco (CCNA) ဘာသာရပ်များကို လက်တွေ့ဦးစားပေးသင်ကြားရမည်ဖြစ်ပါသည်။

ပြည်ပနိုင်ငံများတွင်သာမက ယနေ့ပြည်တွင်း၌ပင် အလုပ်အကိုင်၊ ရာထူး၊ အခွင့်အလမ်း အလွန်များလာသော ဆက်သွယ်ရေး သတင်းအချက်အလက် (Networking) ဆိုင်ရာ ဘာသာရပ်ဖြစ်ပြီး၊ အချိန်တိုအတွင်း ထိရောက်စွာဖြင့် (စက်ပစ္စည်း၊ နည်းပညာ) စုံလင်စွာ လေ့လာသင်ကြားခွင့်ရရှိပြီး Career ကောင်းတခုအဖြစ် အကျိုးရှိရှိအသုံးချ၊ အသက်မွေးဝမ်းကြောင်း ပြုနိုင်မည်ဖြစ်ပါသည်။ CCNA Exam ဖြေဆိုလိုသူများအတွက်ပါ တစ်ပါတည်းပြင်ဆင်ပြီးသား ဖြစ်စေပါမည်။

MCPA Member များနှင့် Cisco ဘာသာရပ်အား စိတ်ဝင်စားသူများအတွက် ယနေ့ခေတ် ပြည်တွင်းပြည်ပ လက်တွေ့လုပ်ငန်းခွင်များအတွက် အာမခံချက် ရှိသောအဆင့်မြင့် ICT ပညာရပ်များကို ကုန်ကျစရိတ် အသက်သာဆုံးဖြင့် စာတွေ့လက်တွေ့ ပိုင်နိုင်စေရန် Career Way တွင် လက်တွေ့အထောက်အကူ ဖြစ်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပါသည်။

ပါဝင်သောအဓိကဘာသာရပ်များ…

– Understanding in Internetworking – Layer 2 Switching and Protocols

– Routing and Routing Protocols – VLAN and InterVLAN Routing

– IPv6 and Dual Stacking – WAN Architecture & Configuration

– Firewall and Access-lists – Advanced IP Services

– Miscellaneous

သင်တန်းကာလ – သြဂုတ်လ (၃၀) ရက် မှ အောက်တိုဘာလ (၅) ရက် (စနေ၊ တနင်္ဂနွေ)

သင်တန်းအချိန် – နေ့လည် ၁၂းဝ၀ နာရီ မှ ၃းဝ၀ နာရီ အထိ

သင်တန်းကြေး – ၁၉၀,ဝ၀ဝ (တစ်သိန်းကိုးသောင်းကျပ်တိတိ)

MCPA Member (50% off) – ၉၅,ဝ၀ဝိ/- (ကိုးသောင်းငါးထောင်ကျပ်တိတိ)

သင်တန်းသားဦးရေ – (၁၅) ဦး

သင်တန်းနေရာ – အဆောင်(၄)၊အခန်း(၄)၊ MCPA Lab Room, MICT Park, လှိုင်မြို့နယ်

သင်တန်းတက်ရောက်လိုသူများ အနေဖြင့် သြဂုတ်လ (၃၀) ရက်နေ့ နံနက် (၁၁) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်း ရရှိသည်။

(မှတ်ချက် ။ အတန်းတက်ချိန် (၇၅%) မပြည့်မှီပါက သင်တန်းဆင်းလက်မှတ်ပေးအပ်မည်မဟုတ်ပါ…)

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *