News

“Ethical Hacking and Penetration Testing in Real World” သင်တန်းဖွင့်လှစ်မည်

“Ethical Hacking and Penetration Testing in Real World” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Information Security နှင့် Networking နည်းပညာ ရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် လက်တွေ့အသုံးချ Ethical Hacking and Penetration Testing in Real World သင်တန်းအား ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်သည်။

ယနေ့ခေတ် ကမ္ဘာအဝှမ်းတွင် သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို ဧရိယာ အလွှာအသီးသီးတွင် အသုံးပြုလာသည်နှင့်အမျှ ပြည်ပတွင်သာမက ပြည်တွင်း၌ သတင်းအချက်အလက် လုံခြုံရေး (Information Security) သည် အလွန်အရေးကြီးပြီး ဦးစားပေး ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စတစ်ခု ဖြစ်ပေါ်လာပါသည်။

ICT နှင့် ဆက်စပ် ထိတွေ့လုပ်ဆောင်နေသူများ၊ လုပ်ငန်းခွင်ဝင် Admin များ၊ Information Security စိတ်ဝင်စားသူများ၊ ရုံး၊ ဘဏ်၊ ဌာနဆိုင်ရာများရှိ CIO များ၊ CSO များအတွက် ဦးတည်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါသည်။

Global Scenario များနှင့်တကွ Hacking နည်းပညာများ Ethical Hacking  နှင့် Penetration Testing အရေးပါပုံများ၊ လက်တွေ့ပြုလုပ်ဆောင်ရွက်ပုံများကို စာတွေ့လက်တွေ့ ထိရောက်စွာသင်ကြားရပါမည်။ Network, Database Admin များနှင့် Software, Web Developer များအတွက် Hacking နှင့် Penetration Testing (အားနည်းချက်စစ်ဆေးမှုများ)ကို ပူးတွဲလေ့လာရပါမည်။ Intrusion (ထိုးဖောက်ဝင်ရောက်မှုများ)၊ Attack များကို Counter Measure တုံ့ပြန်ကာကွယ်၊ (အချိန်မှီဖာထေးပြီး လုပ်ငန်းဆောင်ရွက်မှု မထိခိုက်စေရန်) နိုင်စေရန် ရည်ရွယ်ပါသည်။ သင်တန်းပြီးဆုံးပါက ကမ္ဘာ့သိအမှတ်ပြု Ethical Hacking လက်မှတ်ဖြေဆို ကိုင်ဆောင်နိုင်ရန် များစွာအထောက်အကူ ဖြစ်စေပါမည်။

အဓိကပါဝင်သောဘာသာရပ်များ..

–       Introduction to Ethical Hacking &Penetration Testing

–       Footprinting/ Scanning/ Enumeration

–       Vulnerability research and management                      –  Exploitation and System Hacking

–       Malwares and Anti Malwares                                        –  Advanced Web server & Web Application hacking

–       SQL Attacks and Injections                                          –  DoS/ DDoS/ Sniffing and Layer2/3 attacks

–       Advanced Wireless Hacking                                         –  Exploits writing

–       Incident Handling/ Hacking Countermeasure & Penetration Testing

–       Analyzing/ Writing Documentation and Reports

သင်တန်းကာလ                       – သြဂုတ်လ (၂၃) ရက် မှ စက်တင်ဘာ (၂၈) ရက် (စနေ၊ တနင်္ဂနွေ)

သင်တန်းအချိန်                        – နံနက် ၉းဝ၀ နာရီ မှ နေ့လယ် ၁၂းဝ၀ နာရီ အထိ

သင်တန်းကြေး                         – ၃၀ဝ,ဝ၀ဝ (သုံးသိန်းကျပ်တိတိ)

MCPA Member (50% off)       – ၁၅၀,ဝ၀ဝ  (တစ်သိန်းငါးသောင်းကျပ်)

သင်တန်းသားဦးရေ                  – (၁၅) ဦး

သင်တန်းနေရာ                        – အဆောင် (၄)၊ အခန်း (၄)၊  MCPA Lab Room, MICT Park၊ လှိုင်မြို့နယ်

သင်တန်းတက်ရောက်လိုသူများ အနေဖြင့် သြဂုတ်လ (၂၂) ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်း ရရှိသည်။
(မှတ်ချက် ။   အတန်းတက်ချိန် (၇၅%) မပြည့်မှီပါက သင်တန်းဆင်းလက်မှတ်ပေးအပ်မည်မဟုတ်ပါ…)

လေးစားစွာဖြင့်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *