Education, Lifestyle, News

ဗဟိုအဆင့် MCPA Quiz ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ ကျင်းပမည်

ဗဟိုအဆင့် MCPA Quiz ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပသည့်  ဗဟိုအဆင့် MCPA Quiz  ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကြီးအား ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၂) ရက်၊ စနေနေ့တွင် MICT Park, Conference Hall ၌ ကျင်းပမည်ဖြစ်ပါသည်။ ထိုပြိုင်ပွဲကြီးသည် ပြည်နယ်နှင့်တိုင်းများရှိ ကွန်ပျူတာတက္ကသိုလ်များတွင် ပညာသင်ကြားနေကြသည့် ကျောင်းသား/ သူများ IT ပညာရပ်များကို စိတ်ဝင်စားမှု ပိုမိုရရှိလာပြီး၊ အရည်အသွေးပြည့်ဝလာစေရန်၊ IT ဆိုင်ရာ ပညာဗဟုသုတများ တိုးပွားလာစေရန်၊ ကျောင်းတွင် သင်ယူနေကြသည့် IT နည်းပညာရပ်များနှင့် လက်တွေ့လုပ်ငန်း ဆက်စပ်နိုင်စေရန်၊ အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် Team Work ရရှိစေရန်၊ နိုင်ငံတကာ အသိအမှတ်ပြု IT စာမေးပွဲများ ဖြေဆိုရာတွင် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်၍ MCPA Quiz ပြိုင်ပွဲများကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တို့တွင် သက်ဆိုင်ရာ ကွန်ပျူတာတက္ကသိုလ်များနှင့် ပူးပေါင်းကျင်းပခဲ့ပါသည်။ ထိုသက်ဆိုင်ရာ ပြည်နယ်တိုင်းအသီးသီးမှ ပထမဆုရရှိသော အဖွဲ့များကို ပြန်၍ ဗဟိုအဆင့်ပြိုင်ပွဲပြုလုပ်ခြင်းကို ၂-၈-၂၀၁၄ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၊ အဆောင် (၄)၊ အခန်း (၄)၊ ဖုန်း-၆၅၂၂၇၆၊  ဝ၉-၇၃၀၈၈၃၀ဝ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *