Mobile, News

DELL ရဲ့ပထမဆုံး Chrome OS သုံး Chromebook 11

ယခုဆိုရင် DELL ရဲ့ Chromebook 11 ဟာ DELL Company ရဲ့ ပထမဆုံး Chrome OS သုံး notebook အဖြစ် တရား၀င်ထွက်ရှိလာပြီ ဖြစ်ပါတယ် ။ Chromebook 11 ကို ကျောင်းများ နဲ့ ကျောင်းသားကျောင်းသူများ ၊ ဆရာများ အတွက် သင်ထောက်ကူ ပစ္စည်းအဖြစ် အဓိက ထားပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ် ။ Chromebook 11 ရဲ့ မျက်နှာပြင် အကျယ်ဟာ 11.6 လက်မရှိပြီး ၊ Resolution ကတော့ 1366×768 Pixel ဖြစ်ပါတယ် ။

သူရဲ့ Processor ကတော့ Intel Celeron 2955U ဖြစ်ပြီး Internal Storage ကတော့ 16 GB ဖြစ်ပါတယ် ။ RAM ကတော့ 4 GB နဲ့ 2 GB ဆိုပြီး နှစ်မျိုးနှစ်စား ရရှိနိုင်ပါတယ် ။ 4 GB DDR3 RAM ကို အသုံးပြုထားတဲ့ Chromebook တွေကိုတော့ ၂၀၁၄ ဇန်နဝါရီ မှာ UK နဲ့ US တို့မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ အောက်လို့တော့ ခန့်မှန်း သိရှိရပါတယ် ။ 2 GB RAM သုံး Chromebook တွေကိုတော့ ၂၀၁၄ ရဲ့ ပထမ လေးလ အတွင်းမှာ ရောင်းချသွားမယ်လို့ သိရှိရပါတယ် ။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၆ လို့တော့ ခန့်မှန်းသိရှိရပါတယ် ။

chorme2-730x448

Chromebook 11 ရဲ့ အပြင်ဘက် ပုံသဏ္ဍာန် ကိုကြည့်လိုက်တာနဲ့ ကျစ်ကျစ်လစ်လစ် နဲ့ တောက်ပြောင်နေတဲ့ ပုံစံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ သူကို အဓိကအားဖြင့် အနက်ရောင် ပလတ်စတစ် Cover နဲ့ တည်ဆောက်ထားပြီးတော့ ၊ သူရဲ့ အရှေ့ဘက် နဲ့ ဘေးဘက် တွေမှာ ငွေရောင် အနားသတ် မျဉ်းတွေနဲ့ သေသေသပ်သပ် တည်ဆောက်ထားတာဖြစ်ပါတယ် ။ Chromebook 11 မှာ USB 3.0 Port ၊ HDMI Port တို့ ပါရှိပြီး Bluetooth 4.0 ကို အသုံးပြုထားတာ ဖြစ်ပါတယ် ။ သူရဲ့ Webcam ကတော့ 720 Pixel ဖြစ်ပြီးတော့ သူရဲ့ Boot လုပ်တဲ့ ကြာချိန်ဟာ 8.4 စက္ကန့်ထက် မကျော်ဘူးလို့သိရပါတယ် ။ သူရဲ့ Battery ကတော့ ၁၀ နာရီ အသုံးခံပြီး ၊ အလေးချိန်ကတော့ ၂.၉ ပေါင် လေးတယ်လို့ သိရှိရပါတယ် ။

Chromebook 11 ဟာ Automatic Update ပြုလုပ်နိုင်ပြီး Data Encryption ၊ Sandboxing စတဲ့ Security နဲ့ ဆိုင်တဲ့ Features တွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ DELL ရဲ့ Chromebook 11 ဟာ လာမဲ့ ဇန်နဝါရီ လ ထဲမှာ Chrome Web Store ကနေ ရရှိနိုင်မဲ့ Wyse PocketCloud application နဲ့ တွဲဖက်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ် ။ ဒါကြောင့် ကျောင်းသူ ကျောင်းသား များနဲ့ ဆရာ ဆရာမများ အချင်းချင်း သူတို့ရဲ့ Smartphone တွေ ၊ Tablet တွေ ၊ PC နဲ့ Chromebook တွေကနေ Document တွေကို အလွယ်တကူ Access လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *