Education, News

MCPA Certified Network Associate (NA) Exam Preparation ( Intensive Course ) သင်တန်းဖွင့််လှစ်မည်

MCPA Certified Network Associate (NA) Exam Preparation ( Intensive Course )

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု စာမေးပွဲကို ၂ဝ၁၄ ခုနှစ်၊ ဇွန်လ (၂၂) ရက်တွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါစာမေးပွဲသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ ရောက်မည်ဖြစ်သည်။

အဆိုပါ သင်တန်းသည် MCPA Certified Network Associate (NA) စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများ တိုးတက်လာစေရန်နှင့် Networking ဆိုင်ရာ အခြေခံဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ခြင်းဖြစ်ပါသည်။

သင်တန်းဖွင့်လှစ်မည့် အစီအစဉ်…..

သင်တန်းအမည်                        –     MCPA Certified Network Associate (NA) Exam Preparation

(Intensive Course)

သင်ကြားမည့်ဘာသာရပ်များ   –     Desktop PC Hardware, Networking Fundamental, Desktop OS, WLAN, NOS and Network Environment, Security, Network Management, (Networking သင်ခန်းစာတစ်ချို့အား ICT Lab တွင်လက်တွေ့သင်ကြားပေးပါမည်။)

သင်တန်းဖွင့်မည့်ရက်                –     ၂ဝ၁၄ ခုနှစ်၊ ဇွန်လ (၁၃ မှ ၁၅) ရက်နေ့ထိ (သောကြာ၊ စနေ၊ တနင်္ဂနွေ)

သင်တန်းအချိန်                         –     နံနက်  ၉း၃၀ မှ ညနေ ၅း၀၀

သင်တန်းကြေး                          –     (၁၀,၀၀၀) ကျပ်

စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူများသာ တက်ရောက်နိုင်ပါသည်။

သင်တန်းဖွင့်လှစ်မည့်နေရာ           –     MCF e-Learning Center၊ အဆောင် ( ၁ )၊ MICT Park၊ လှိုင်မြို့နယ်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၆၅၂၂၇၆/၇၃၀၈၈၃၀၀သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

(၁၁-၆-၂၀၁၄နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။)

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *